သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းတဲ့အေပၚ တ႐ုတ္ရဲ႕တုံ႔ျပန္မႈကို မေက်နပ္သူေတြ ရန္ကုန္ တ႐ုတ္သံ႐ုံးေရွ႕ ဆႏၵျပ


ရန္ကုန္ တ႐ုတ္သံ႐ုံးေရွ႕ ဆႏၵျပေနသူမ်ား

(Zawgyi/Unicode)

ျမန္မာနိုင္ငံမွာ စစ္တပ္အာဏာသိမ္းတာနဲ႔ ပတ္သက္လို႔ တ႐ုတ္နိုင္ငံက တစုံတရာ ျပစ္တင္ရႈတ္ခ်ျခင္းမရွိတာကို ကန္႔ကြက္တဲ့ ဆႏၵျပ သူေတြက မေန႔တုန္းက ရန္ကုန္ၿမိဳ႕ တ႐ုတ္သံ႐ုံးေရွ႕မွာ စုေဝးဆႏၵျပခဲ့ၾကပါတယ္္။

တကၠသိုလ္ေက်ာင္းသားေတြနဲ႔ ျပည္တြင္းမွာရွိတဲ့နိုင္ငံျခားေက်ာင္းေတြက ေက်ာင္းသားေတြနဲ႔ ပါဝင္တဲ့ ဆႏၵျပသူအေတာ္မ်ားမ်ားက အာဏာရွင္စနစ္အလိုမရွိ၊ျမန္မာနိုင္ငံကို ကယ္တင္ပါ၊ အာဏာသိမ္းတာကို အကူအညီေပးေနတာေတြကို ရပ္ပါ။ ကၽြန္ေတာ္တို႔ ေခါင္းေဆာင္ကို ျပန္လႊတ္ေပးပါစတဲ့ စာတန္းေတြ၊ ဆိုင္းဘုတ္ေတြ ကိုင္ေဆာင္ၿပီး ဆႏၵေဖာ္ထုတ္ခဲ့ၾကတာပါ။

ဒါ့အျပင္၊ ကုလသမဂၢ အပါအဝင္ နိုင္ငံတကာစင္ျမင့္မွာ ျမန္မာနိုင္ငံအေရး ေဆြးေႏြးမႈေတြအထဲ တ႐ုတ္တို႔က အာဏာသိမ္း စစ္တပ္ ဖက္က ရပ္တည္ၿပီး အကာအကြယ္မေပးဖို႔ကိုလည္း ဆႏၵျပသူေတြက ေတာင္းဆိုခဲ့ပါတယ္။

ဒီဆႏၵျပေက်ာင္းသားေတြနဲအတူ နာမည္ေက်ာ္ ႐ုပ္ရွင္ သ႐ုပ္ေဆာင္ မင္းသား၊ မင္းသမီးေတြလည္း လာေရာက္ပူးေပါင္းခဲ့ပါတယ္။

မၾကာေသးခင္တုန္းကပဲ အာဏာ သိမ္းစစ္တပ္အတြက္ နည္းပညာနဲ႔ ပစၥည္းကရိယာ အကူအညီေတြပါ ေပးပို႔ေနတယ္ဆိုတဲ့ သတင္း ေတြ အင္တာနက္ လူမႈကြန္ရက္ စာမ်က္ႏွာေတြမွာ ပ်ံ႕ႏွံ႕ခဲ့တာေၾကာင့္လည္း တ႐ုတ္နိုင္ငံအေပၚ ဆႏၵျပသူေတြက ပိုၿပီး အာ႐ုံစိုက္ လာ ၾကပါတယ္။

အလားတူပဲ အာဏာသိမ္း ေခါင္းေဆာင္ေတြ အေပၚ နိုင္ငံရပ္ျခား တိုင္းျပည္ေတြက ပိုၿပီး ဖိအားေပး လာေရးအတြက္ ဆႏၵျပသူေတြက မေန႔တုန္းက တ႐ုတ္သံ႐ုံးအျပင္ ရန္ကုန္ၿမိဳ႕က ကုလသမဂၢ႐ုံးနဲ႔ တျခား သံ႐ုံးေတြ ေရွ႕ မွာပါ ဆႏၵ ျပသူေတြ စုေဝး ဆႏၵျပခဲ့ၾကပါတယ္။

ဆႏၵျပသူေတြကကုလသမဂၢ႐ုံးနဲ႔ အေမရိကန္သံ႐ုံး ၊ ျပင္သစ္၊ တ႐ုတ္၊ ႐ုရွား သံ႐ုံးေတြ အျပင္ အေရွ႕ေတာင္ အာရွနိုင္ငံမ်ားအဖြဲ႕ ASEAN အလွည့္က် ဥကၠဌျဖစ္တဲ့ဘ႐ူနိုင္းနိုင္ငံ သံ႐ုံးေရွ႕မွာပါစုေဝးဆႏၵျပခဲ့ၾကပါတယ္။

ဒီအပတ္ထဲ အာဏာသိမ္း စစ္အစိုးရအေပၚ အေရးယူဒဏ္ခတ္မႈေတြ ေၾကညာလိုက္တဲ့ အေမရိကန္ သံ႐ုံး အပါအဝင္ အေနာက္နိုင္ငံ သံ႐ုံးေတြေရွ႕မွာလည္း အာဏာသိမ္း အုပ္စုအေပၚ ထိေရာက္တဲ့ အေရးယူမႈေတြခ်မွတ္ဖို႔၊ ဖမ္းဆီးခံထားရတဲ့ အရပ္သားအစိုးရ ေခါင္းေဆာင္ေတြ လြတ္ေျမာက္ေရး နိုင္ငံတကာ အတိုင္းအတာနဲ႔ ဝိုင္းဝန္းႀကိဳးပမ္းေပးဖို႔ ဆႏၵျပသူေတြက ေတာင္းဆိုခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

စစ်အာဏာသိမ်းတဲ့အပေါ် တရုတ်ရဲ့တုံ့ပြန်မှုကို မကျေနပ်သူတွေ ရန်ကုန် တရုတ်သံရုံးရှေ့ ဆန္ဒပြ

(Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းတာနဲ့ ပတ်သက်လို့ တရုတ်နိုင်ငံက တစုံတရာ ပြစ်တင်ရှုတ်ချခြင်းမရှိတာကို ကန့်ကွက်တဲ့ ဆန္ဒပြ သူတွေက မနေ့တုန်းက ရန်ကုန်မြို့ တရုတ်သံရုံးရှေ့မှာ စုဝေးဆန္ဒပြခဲ့ကြပါတယ်။

တက္ကသိုလ်ကျောင်းသားတွေနဲ့ ပြည်တွင်းမှာရှိတဲ့နိုင်ငံခြားကျောင်းတွေက ကျောင်းသားတွေနဲ့ ပါဝင်တဲ့ ဆန္ဒပြသူအတော်များများက အာဏာရှင်စနစ်အလိုမရှိ၊မြန်မာနိုင်ငံကို ကယ်တင်ပါ၊ အာဏာသိမ်းတာကို အကူအညီပေးနေတာတွေကို ရပ်ပါ။ ကျွန်တော်တို့ ခေါင်းဆောင်ကို ပြန်လွှတ်ပေးပါစတဲ့ စာတန်းတွေ၊ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ။

ဒါ့အပြင်၊ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာစင်မြင့်မှာ မြန်မာနိုင်ငံအရေး ဆွေးနွေးမှုတွေအထဲ တရုတ်တို့က အာဏာသိမ်း စစ်တပ် ဖက်က ရပ်တည်ပြီး အကာအကွယ်မပေးဖို့ကိုလည်း ဆန္ဒပြသူတွေက တောင်းဆိုခဲ့ပါတယ်။

ဒီဆန္ဒပြကျောင်းသားတွေနဲအတူ နာမည်ကျော် ရုပ်ရှင် သရုပ်ဆောင် မင်းသား၊ မင်းသမီးတွေလည်း လာရောက်ပူးပေါင်းခဲ့ပါတယ်။

မကြာသေးခင်တုန်းကပဲ အာဏာ သိမ်းစစ်တပ်အတွက် နည်းပညာနဲ့ ပစ္စည်းကရိယာ အကူအညီတွေပါ ပေးပို့နေတယ်ဆိုတဲ့ သတင်း တွေ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့တာကြောင့်လည်း တရုတ်နိုင်ငံအပေါ် ဆန္ဒပြသူတွေက ပိုပြီး အာရုံစိုက် လာ ကြပါတယ်။

အလားတူပဲ အာဏာသိမ်း ခေါင်းဆောင်တွေ အပေါ် နိုင်ငံရပ်ခြား တိုင်းပြည်တွေက ပိုပြီး ဖိအားပေး လာရေးအတွက် ဆန္ဒပြသူတွေက မနေ့တုန်းက တရုတ်သံရုံးအပြင် ရန်ကုန်မြို့က ကုလသမဂ္ဂရုံးနဲ့ တခြား သံရုံးတွေ ရှေ့ မှာပါ ဆန္ဒ ပြသူတွေ စုဝေး ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေကကုလသမဂ္ဂရုံးနဲ့ အမေရိကန်သံရုံး ၊ ပြင်သစ်၊ တရုတ်၊ ရုရှား သံရုံးတွေ အပြင် အရှေ့တောင် အာရှနိုင်ငံများအဖွဲ့ ASEAN အလှည့်ကျ ဥက္ကဌဖြစ်တဲ့ဘရူနိုင်းနိုင်ငံ သံရုံးရှေ့မှာပါစုဝေးဆန္ဒပြခဲ့ကြပါတယ်။

ဒီအပတ်ထဲ အာဏာသိမ်း စစ်အစိုးရအပေါ် အရေးယူဒဏ်ခတ်မှုတွေ ကြေညာလိုက်တဲ့ အမေရိကန် သံရုံး အပါအဝင် အနောက်နိုင်ငံ သံရုံးတွေရှေ့မှာလည်း အာဏာသိမ်း အုပ်စုအပေါ် ထိရောက်တဲ့ အရေးယူမှုတွေချမှတ်ဖို့၊ ဖမ်းဆီးခံထားရတဲ့ အရပ်သားအစိုးရ ခေါင်းဆောင်တွေ လွတ်မြောက်ရေး နိုင်ငံတကာ အတိုင်းအတာနဲ့ ဝိုင်းဝန်းကြိုးပမ်းပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG