သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကန္ဒဏ္ခတ္အေရးယူမႈ ထိေရာက္ေရး ႏိုင္ငံတကာပါဝင္ဖို႔လို


ေနျပည္ေတာ္ရွိ လမ္းတခုမွာ လံုျခံဳေရးယူေနတဲ့ ရဲတပ္ဖဲြ႔ဝင္တခ်ိဳ႕။ (ေဖေဖာ္ဝါရီ ၀၈၊ ၂၀၂၁)

[Zawgyi/Unicode]

အာဏာသိမ္း စစ္ေခါင္းေဆာင္ေတြအေပၚ ဒဏ္ခတ္ပိတ္ဆို႔တာေတြ လုပ္မယ္ဆိုၿပီး အေမရိကန္သမၼတ Joe Biden ကေျပာၾကားၿပီး ေနာက္တရက္မွာပဲ ပစ္မွတ္ထားပိတ္ဆို႔ဒဏ္ခတ္လိုက္တဲ့စာရင္းကို ထုတ္ျပန္လိုက္ပါတယ္။ အေရးယူထားၿပီးသား စစ္အာဏာပိုင္ေတြအေပၚ ေနာက္ထပ္ ျပစ္ဒဏ္တိုးခတ္လိုက္တာဟာ ဘယ္ေလာက္ ထိေရာက္မႈရွိပါမလဲ။ ဒီဒဏ္ခတ္မႈအေပၚ ႏိုင္ငံတကာက ပူးေပါင္းေဆာင္ရြက္ဖို႔ဟာ ဘယ္ေလာက္အေရးႀကီးလဲဆိုတာကို ကိုေအာင္ေအာင္က စုစည္း တင္ျပေပးထားပါတယ္။

ျမန္မာႏုိင္ငံက စစ္အာဏာသိမ္းေခါင္းေဆာင္ေတြန႔ဲ သူတို႔ရဲ႕ မိသားစုေတြ ပိုင္ဆိုင္မႈ ၅၀ ရာခိုင္ႏႈန္းနဲ႔အထက္ကို တိုက္ရိုက္ပဲျဖစ္ေစ၊ သြယ္၀ိုက္ၿပီးျဖစ္ေစ အေမရိကန္ျပည္ေထာင္စုက ထိန္းခ်ဳပ္လိုက္တာပါ။ ေဖေဖၚ၀ါရီလ ၁၁ ရက္ေန႔ အေမရိကန္ အစိုးရက ထုတ္ျပန္တဲ့ ပိတ္ဆို႔ဒဏ္ခတ္မႈ စာရင္းထဲမွာေတာ့ အာဏာသိမ္း ျမန္မာစစ္တပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ထိပ္ဆံုးက ပါ၀င္ပါတယ္။ လူပုဂၢိဳလ္ ၁၀ ဦးနဲ႔ လုပ္ငန္း ၃ ခုအေပၚ ဒဏ္ခတ္ပိတ္ဆို႔လိုက္တာပါ။ ဒီလို ဒဏ္ခတ္ပိတ္ဆို႔မႈဟာ ဘယ္ေလာက္ ထိေရာက္မႈရွိႏိုင္မလဲဆိုတာကိုေတာ့ ႏိုင္ငံေရး အကဲခတ္ေတြက အခုလို သံုးသပ္ပါတယ္။ CSIS ႏိုင္ငံတကာနဲ႔ မဟာဗ်ဴဟာေလ့လာေရးဌနက Greg Poling က အခုလို ေျပာပါတယ္။

"သူက (ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္က) အရင္ကလည္း ကမာၻတ၀ွမ္း Magnitsky ဥပေဒအရ တျခား ဗိုလ္ခ်ဳပ္ေတြနဲ႔ အတူ ၂၀၁၉ ခုႏွစ္က ႐ိုဟင္ဂ်ာေတြကို လူမ်ဳိးစုအလိုက္ ရွင္းလင္းတဲ့ လုပ္ရပ္ က်ဳးလြန္ခဲ့တယ္ဆိုၿပီး အေရးယူ ဒဏ္ခတ္ခံထားရတဲ့သူပါ။ ဒီေတာ့ အေမရိကားမွာ ပစၥည္း ပိုင္ဆိုင္ခြင့္ ပိတ္ပင္ခံထားရတဲ့ လူတေယာက္ကို ဘယ္လိုလုပ္ၿပီး အေရးယူ ပိတ္ဆို႔မလဲ၊ အေမရိကန္ျပည္ေထာင္စုကို လာေရာက္ခြင့္နဲ႔ အေမရိကားနဲ႔ စီးပြားေရး လုပ္ကိုင္ခြင့္ ပိတ္ပင္မလဲ ေမးရပါလိမ့္မယ္။"

အရင္ စစ္အစိုးရေခတ္ အာဏာထိန္းခ်ဳပ္ထားတဲ့ကာလအတြင္း အလားတူ ပိတ္ဆို႔ဒဏ္ခတ္မႈေတြကို ခ်မွတ္ခဲ့ဖူးပါတယ္။ ဒါေပမဲ့လည္း ဒီလို ပိတ္ဆို႔ဒဏ္ခတ္မႈေတြဟာ ျပစ္မႈက်ဴးလြန္သူ စစ္အာဏာသိမ္းေခါင္းေဆာင္ေတြအေပၚထက္ ျမန္မာလူထုအေပၚသာ သက္ေရာက္မႈရွိတယ္ဆိုၿပီး ဒီပိတ္ဆို႔မႈေတြကို ျပန္ဖြင့္ေပးဖို႔ ျမန္မာအာဏာပိုင္ေတြဘက္က ေတာင္းဆိုခဲ့ဘူးပါတယ္။ ဒါေၾကာင့္ ေနာက္ပိုင္းမွာေတာ့ အာဏာသိမ္း စစ္ေခါင္းေဆာင္ေတြအေပၚသာ ပစ္မွတ္ထား ပိတ္ဆို႔ဒဏ္ခတ္တဲ့ စနစ္ကို က်င့္သံုးလာခဲ့တာပါ။ ဒါေပမဲ့လည္း အေမရိကန္အျပင္ ျမန္မာနဲ႔ ဆက္စပ္ေနတဲ့ တျခားႏိုင္ငံရဲ႕ အခန္းက႑ကေရာ ဘယ္ေလာက္ အေရးပါပါသလဲ။ ႏိုင္ငံျခားဆက္ဆံေရး ေကာင္စီက ႏုိင္ငံေရး ေလ့လာသူ JoshuaKurlantzick က အခုလို ေျပာပါတယ္။

"ဒါေၾကာင့္ အေမရိကန္ျပည္ေထာင္စုအေနနဲ႔ တျခား ဒီမိုကေရစီ ႏိုင္ငံေတြ၊ ဥေရာပ၊ ကေနဒါ၊ ဂ်ပန္ စတဲ့ ႏိုင္ငံေတြနဲ႔ လက္တြဲ လုပ္ဖို႔ လိုလားပါလိမ့္မယ္။ တျခား အေရွ႕ေတာင္အာရွ ႏိုင္ငံေတြျဖစ္တဲ့ စကာၤပူ၊ အင္ဒိုနီးရွား၊ အိႏၵိယ စတဲ့ ႏိုင္ငံေတြနဲ႔လည္း လက္တြဲေကာင္းလက္တြဲပါလိမ့္မယ္။ ဒါေၾကာင့္ ေသခ်ာတာက ဒီေနရာမွာ ႏိုင္ငံတကာပူးေပါင္းေဆာင္ရြက္မႈ လိုအပ္ပါတယ္။ အေမရိကန္ ျပည္ေထာင္စု တႏိုင္ငံထဲနဲ႔ ျမန္မာႏိုင္ငံရဲ႕ မူဝါဒ ေျပာင္းလဲလာေအာင္ လုပ္ဖို႔ဆိုတာက သိပ္ၿပီး မျဖစ္ႏိုင္လို႔ပါ။"

အေမရိကန္တႏိုင္ငံတည္းရဲ႕ ပိတ္ဆို႔ဒဏ္ခတ္မႈဟာ သိပ္အလုပ္မျဖစ္ႏုိင္ဘူးလို႔ ဆိုေပမဲ့လည္း အာဏာသိမ္းစစ္ေခါင္းေဆာင္ေတြအေပၚ အေမရိကန္က ဦးေဆာင္ၿပီး ဒဏ္ခတ္လိုက္တာေၾကာင့္ ဒီမိုကေရစီေရး အေလးထားတဲ့ ႏိုင္ငံေတြက အေမရိကန္နဲ႔အတူ ပူးေပါင္းေဆာင္ရြက္ဖို႔ ေမွ်ာ္လင့္ႏိုင္တာပါ။ ဒါေပမဲ့လည္း ကမာၻ႔ စီးပြါးေရးအင္အားၾကီး ႏိုင္ငံတႏုိင္ငံျဖစ္တဲ့ အိမ္နီးခ်င္း တရုတ္လိုႏို္င္ငံကေတာ့ ျမန္မာႏိုင္ငံမွာ ဘယ္အစိုးရတက္တက္ သူတို႔ အက်ဳိးစီးပြားကိုသာ အေလးထားေဆာင္ရြက္တဲ့ အေလ့အထ ရွိတာေၾကာင့္ ျမန္မာ့ဒီမိုကေရစီေရး အေျပာင္းအလဲမွာ တရုတ္ႏုိင္ငံရဲ႕ အခန္းက႑နဲ႔ပတ္သတ္လို႔ သိပ္ေမွ်ာ္လင့္လို႔မရဘူးလို႔လည္း အကဲခတ္ေတြက ေထာက္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကန်ဒဏ်ခတ်အရေးယူမှု ထိရောက်ရေး နိုင်ငံတကာပါဝင်ဖို့လို

အာဏာသိမ်း စစ်ခေါင်းဆောင်တွေအပေါ် ဒဏ်ခတ်ပိတ်ဆို့တာတွေ လုပ်မယ်ဆိုပြီး အမေရိကန်သမ္မတ Joe Biden ကပြောကြားပြီး နောက်တရက်မှာပဲ ပစ်မှတ်ထားပိတ်ဆို့ဒဏ်ခတ်လိုက်တဲ့စာရင်းကို ထုတ်ပြန်လိုက်ပါတယ်။ အရေးယူထားပြီးသား စစ်အာဏာပိုင်တွေအပေါ် နောက်ထပ် ပြစ်ဒဏ်တိုးခတ်လိုက်တာဟာ ဘယ်လောက် ထိရောက်မှုရှိပါမလဲ။ ဒီဒဏ်ခတ်မှုအပေါ် နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ဖို့ဟာ ဘယ်လောက်အရေးကြီးလဲဆိုတာကို ကိုအောင်အောင်က စုစည်း တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံက စစ်အာဏာသိမ်းခေါင်းဆောင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေ ပိုင်ဆိုင်မှု ၅၀ ရာခိုင်နှုန်းနဲ့အထက်ကို တိုက်ရိုက်ပဲဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ အမေရိကန်ပြည်ထောင်စုက ထိန်းချုပ်လိုက်တာပါ။ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့ အမေရိကန် အစိုးရက ထုတ်ပြန်တဲ့ ပိတ်ဆို့ဒဏ်ခတ်မှု စာရင်းထဲမှာတော့ အာဏာသိမ်း မြန်မာစစ်တပ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိပ်ဆုံးက ပါဝင်ပါတယ်။ လူပုဂ္ဂိုလ် ၁၀ ဦးနဲ့ လုပ်ငန်း ၃ ခုအပေါ် ဒဏ်ခတ်ပိတ်ဆို့လိုက်တာပါ။ ဒီလို ဒဏ်ခတ်ပိတ်ဆို့မှုဟာ ဘယ်လောက် ထိရောက်မှုရှိနိုင်မလဲဆိုတာကိုတော့ နိုင်ငံရေး အကဲခတ်တွေက အခုလို သုံးသပ်ပါတယ်။ CSIS နိုင်ငံတကာနဲ့ မဟာဗျူဟာလေ့လာရေးဌနက Greg Poling က အခုလို ပြောပါတယ်။

"သူက (ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က) အရင်ကလည်း ကမ္ဘာတဝှမ်း Magnitsky ဥပဒေအရ တခြား ဗိုလ်ချုပ်တွေနဲ့ အတူ ၂၀၁၉ ခုနှစ်က ရိုဟင်ဂျာတွေကို လူမျိုးစုအလိုက် ရှင်းလင်းတဲ့ လုပ်ရပ် ကျုးလွန်ခဲ့တယ်ဆိုပြီး အရေးယူ ဒဏ်ခတ်ခံထားရတဲ့သူပါ။ ဒီတော့ အမေရိကားမှာ ပစ္စည်း ပိုင်ဆိုင်ခွင့် ပိတ်ပင်ခံထားရတဲ့ လူတယောက်ကို ဘယ်လိုလုပ်ပြီး အရေးယူ ပိတ်ဆို့မလဲ၊ အမေရိကန်ပြည်ထောင်စုကို လာရောက်ခွင့်နဲ့ အမေရိကားနဲ့ စီးပွားရေး လုပ်ကိုင်ခွင့် ပိတ်ပင်မလဲ မေးရပါလိမ့်မယ်။"

အရင် စစ်အစိုးရခေတ် အာဏာထိန်းချုပ်ထားတဲ့ကာလအတွင်း အလားတူ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ချမှတ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့လည်း ဒီလို ပိတ်ဆို့ဒဏ်ခတ်မှုတွေဟာ ပြစ်မှုကျူးလွန်သူ စစ်အာဏာသိမ်းခေါင်းဆောင်တွေအပေါ်ထက် မြန်မာလူထုအပေါ်သာ သက်ရောက်မှုရှိတယ်ဆိုပြီး ဒီပိတ်ဆို့မှုတွေကို ပြန်ဖွင့်ပေးဖို့ မြန်မာအာဏာပိုင်တွေဘက်က တောင်းဆိုခဲ့ဘူးပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာတော့ အာဏာသိမ်း စစ်ခေါင်းဆောင်တွေအပေါ်သာ ပစ်မှတ်ထား ပိတ်ဆို့ဒဏ်ခတ်တဲ့ စနစ်ကို ကျင့်သုံးလာခဲ့တာပါ။ ဒါပေမဲ့လည်း အမေရိကန်အပြင် မြန်မာနဲ့ ဆက်စပ်နေတဲ့ တခြားနိုင်ငံရဲ့ အခန်းကဏ္ဍကရော ဘယ်လောက် အရေးပါပါသလဲ။ နိုင်ငံခြားဆက်ဆံရေး ကောင်စီက နိုင်ငံရေး လေ့လာသူ JoshuaKurlantzick က အခုလို ပြောပါတယ်။

"ဒါကြောင့် အမေရိကန်ပြည်ထောင်စုအနေနဲ့ တခြား ဒီမိုကရေစီ နိုင်ငံတွေ၊ ဥရောပ၊ ကနေဒါ၊ ဂျပန် စတဲ့ နိုင်ငံတွေနဲ့ လက်တွဲ လုပ်ဖို့ လိုလားပါလိမ့်မယ်။ တခြား အရှေ့တောင်အာရှ နိုင်ငံတွေဖြစ်တဲ့ စကာၤပူ၊ အင်ဒိုနီးရှား၊ အိန္ဒိယ စတဲ့ နိုင်ငံတွေနဲ့လည်း လက်တွဲကောင်းလက်တွဲပါလိမ့်မယ်။ ဒါကြောင့် သေချာတာက ဒီနေရာမှာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါတယ်။ အမေရိကန် ပြည်ထောင်စု တနိုင်ငံထဲနဲ့ မြန်မာနိုင်ငံရဲ့ မူဝါဒ ပြောင်းလဲလာအောင် လုပ်ဖို့ဆိုတာက သိပ်ပြီး မဖြစ်နိုင်လို့ပါ။"

အမေရိကန်တနိုင်ငံတည်းရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုဟာ သိပ်အလုပ်မဖြစ်နိုင်ဘူးလို့ ဆိုပေမဲ့လည်း အာဏာသိမ်းစစ်ခေါင်းဆောင်တွေအပေါ် အမေရိကန်က ဦးဆောင်ပြီး ဒဏ်ခတ်လိုက်တာကြောင့် ဒီမိုကရေစီရေး အလေးထားတဲ့ နိုင်ငံတွေက အမေရိကန်နဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်နိုင်တာပါ။ ဒါပေမဲ့လည်း ကမ္ဘာ့ စီးပွါးရေးအင်အားကြီး နိုင်ငံတနိုင်ငံဖြစ်တဲ့ အိမ်နီးချင်း တရုတ်လိုနိုင်ငံကတော့ မြန်မာနိုင်ငံမှာ ဘယ်အစိုးရတက်တက် သူတို့ အကျိုးစီးပွားကိုသာ အလေးထားဆောင်ရွက်တဲ့ အလေ့အထ ရှိတာကြောင့် မြန်မာ့ဒီမိုကရေစီရေး အပြောင်းအလဲမှာ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍနဲ့ပတ်သတ်လို့ သိပ်မျှော်လင့်လို့မရဘူးလို့လည်း အကဲခတ်တွေက ထောက်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG