သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေကာင္စီ ဥကၠဌမိန္႔ခြန္းအေပၚ သံုးသပ္မႈတခ်ိဳ႕ 


စစ္ေကာင္စီ ဥကၠဌ ဗုိလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ လက္ရွိျဖစ္ေပၚေနတဲ့ CDM ေခၚ အာဏာဖီဆန္ေရးလႈပ္ရွားမႈမွာ ပါဝင္ၿပီး ဝန္ထမ္းေတြ ႐ုံးမတက္ပဲေနတဲ့ လုပ္ရပ္က အာဏာသိမ္း စစ္ေကာင္စီရဲ႕ အစိုးရယႏၱရားလည္ပတ္မႈကို အတုိင္းအတာ တခုထိ ထိခိုက္လာေနတာ ေပၚလြင္ေၾကာင္း ျမန္မာႏိုင္ငံေရး သုံးသပ္သူတခ်ဳိ႕က ျမင္ပါတယ္။ စစ္ေကာင္စီ ဥကၠဌ ဗုိလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ရဲ႕ ေဖေဖၚဝါရီ(၁၁)ရက္ေန႔က ထုတ္လႊင့္တဲ့ ျပည္ေထာင္စုေန႔မိန္႔ခြန္းေပၚ အေျခခံၿပီး ေျပာဆိုလိုက္ၾကတဲ့ အေၾကာင္း ကိုဉာဏ္ဝင္းေအာင္က တင္ျပထားပါတယ္။

ေဖေဖာ္ဝါရီလ ၁၂ ရက္ေန႔မွာ က်ေရာက္မယ့္ (၇၄)ႏွစ္ေျမာက္ ျပည္ေထာင္စုေန႔နဲ႔ ပတ္သက္ၿပီး ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ေျပာသ ြားတဲ့ မိန္႔ခြန္းထဲမွာ - ကုိဗစ္ကာကြယ္ေဆး ထုိးႏွံေပးေရး ကိစၥေတြအျပင္ ၊ က်န္းမာေရးဝန္ထမ္းေတြ အျမန္ဆုံး အလုပ္ျပန္ဆင္းဖို႔ ၊ အျခား အစိုးရဝန္ထမ္းေတြဟာလည္း မသမာသူေတြရဲ႕ ေသြးထုိးေပးမႈေၾကာင့္ လုပ္ငန္းတာဝန္ ပ်က္ကြက္ေနရတဲ့ အေၾကာင္းနဲ႔ ၂၀၂၀ ေရြးေကာက္ပဲြ ေကာ္မရွင္မွာ အားနည္းခ်က္ ရွိတဲ့သေဘာေတြ ေထာက္ျပေျပာဆိုသြားပါတယ္။

ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ရဲ႕ မိန္႔ခြန္းကိုၿခဳံၾကည့္ရင္ ဝန္ထမ္းေတြရဲ႕ CDM လႈပ္ရွားမႈဟာ အတုိင္းအတာ တခုထိ ထိေရာက္ေနတယ္ဆိုတာ ေပၚလြင္ေၾကာင္း ၈၈ ဒီမုိကေရစီေရးလႈပ္ရွားမႈ ေခါင္းေဆာင္တဦးျဖစ္ခဲ့တဲ့ နယူးေယာက္ၿမဳိ့မွာေနသူ ဦးေမာင္ေမာင္ေက်ာ္က သုံးသပ္ပါတယ္။

“အခု ဝန္ထမ္းေတြ လုပ္ေနတဲ့ CDM ကို ၊ တကယ့္ကို အေထြေထြ သပိတ္ႀကီးအဆင့္ထိ ဆက္ၿပီး ေပါက္ကဲြသြားမွာကို သူစုိးရိမ္တဲ့သေဘာ ရွိတယ္လို႔ က်ေနာ္ထင္ပါတယ္။ ဒါက သူတို႔ကို ေတာ္ေတာ္ အထိနာေစတဲ့သေဘာရွိတယ္။ အဲဒီအပိုင္းမွာ သူက ေလသံ ခပ္ေပ်ာ့ေပ်ာ့နဲ႔ပဲ ရိုးရိုးသားသား အလုပ္ဆင္းခ်င္တဲ့ ဝန္ထမ္းေတြကို မသမာသူေတြကပဲ ေႏွာက္ယွက္ေနတဲ့ပုံစံမ်ဳိးျဖစ္ေအာင္ သူက ေျပာေနပါတယ္။ ေနာက္တဆက္ထဲမွာပဲ က်ေနာ္တို႔ ေတြ႔ေနရတာက - CDM မွာပါတဲ့ ဝန္ထမ္းေတြကို တိတ္တဆိတ္လုိက္ဖမ္းေနတယ္ဆိုေတာ .. ဒါ သူက အခ်ဳိသပ္ၿပီး ပရိယာယ္နဲ႔ ခ်ည္းကပ္ေနတယ္လို႔ က်ေနာ္ထင္ပါတယ္။ ဒီဟာကို ရေအာင္ၿဖဳိခြင္းၿပီး သူက ေနာက္တဆင့္ သြားမွာဆိုေတာ့ ဒီဝန္ထမ္းေတြ လုပ္ငန္းခြင္ ျပန္ဝင္ေရးကို နည္းအမ်ဳိးမ်ဳိးနဲ႔ သူႀကဳိးစားမွာပဲ။ အခု လူငယ္ေတြ လုပ္ေနတဲ့ လႈပ္ရွားမႈက အရွိန္အဟုန္ႀကီး ပိုႀကီးလာဖို႔ကို အားေပးတယ္ေပါ့ ။ အဲဒီေတာ့ ဒီထဲမွာပဲ အေမွ်ာ္အျမင္ရွိၿပီး လုပ္ပိုင္ခြင့္ရွိတဲ့ ႏိုင္ငံေရးသမားေတြက .. ဒီတိုင္းပဲ အရွိန္အဟုန္ေတာ့ ျမင့္တယ္ ၊ ဘာမွ အစီအစဥ္ မရွိဘူးဆိုရင္ေတာ့ က်ေနာ္တုိ႔က တျဖည္းျဖည္းနဲ႔ ထိခိုက္လာႏိုင္စရာ အေၾကာင္းရွိပါတယ္။”

အေမရိကန္ျပည္ေထာင္စု ဝါရွင္တန္ဒီစီမွာရွိတဲ့ ကခ်င္မဟာမိတ္အဖဲြ႕ရဲ႕ ဥကၠဌ ကိုဂြမ္ဆမ္ကေတာ့ စစ္ေကာင္စီအေနနဲ႔ မိမိအာဏာ တည္ေဆာက္ေရးမွာ ကုိယ့္ကုိယ္ကို ယုံၾကည္မႈအားနည္းေနတာ ေတြ႔ရၿပီး စစ္ေကာင္စီဥကၠဌရဲ႕ မိန္႔ခြန္းအေပၚ သုံးသပ္ပါတယ္။

“ ဒီႏိုင္ငံအစိုးရဝန္ထမ္းေတြ ျပန္ေခၚတာတို႔ .. ဒီ CDM မွာ မပါဝင္ဖို႔ လူထုလႈပ္ရွားမႈမွာ မပါဝင္ဖုိ႔ သူ အင္တိုက္အားတိုက္ ႀကဳိးစားေနပုံ ေပါက္တယ္။ ဘာျဖစ္လုိ႔လဲဆိုေတာ့ သူ႔အေနနဲ႔လည္း ကိုယ့္ကုိယ္ကို ယုံၾကည္မႈ အားနည္းေနတဲ့ ပုံစံမ်ဳိး က်ေနာ္တို႔ ေတြ႔ရတယ္ ။ ဘာလို႔လဲဆိုေတာ့ ... တိုင္းရင္းသားတေယာက္ ႏွစ္ေယာက္ကို ေခါင္းေခါက္ၿပီးေတာ့ ထည့္ထားတယ္။ တျခားပါတီေတြကလူေတြေရာ ေခါင္းေခါက္ၿပီးေတာ့ ထည့္ထားတယ္။ ထည့္ထားတယ္ဆိုတာ တိုင္းရင္းသားေတြကို ေခ်ာ့ေပါင္းတဲ့ ပံုစံေပါ့။ ဒါေတြက ဘာပံုေဖာ္ေနသလဲဆိုေတာ့ သူ႔တပ္တြင္းမွာေတာင္မွ ျပႆနာရွိမယ့္ပံုစံပဲ။ ဘာျဖစ္လို႔လဲဆိုေတာ့ သူယံုၾကည္မႈ အျပည့္အ၀ စစ္တပ္ကေန ေထာက္ခံမႈရွိရင္ သူ ဒီလူေတြကို ေခၚစရာမလိုဘူး ။ ဒါေတြအကုန္လံုးက ရုပ္ေသးေတြပဲေပါ့ေနာ္။ ဒီလို အာဏာရွင္ေတြနဲ႔ ဒြန္တြဲေနထိုင္တဲ့ႏိုင္ငံမွာ တိုင္းရင္းသားေတြလည္း ၿငိမ္းခ်မ္းဖို႔ အေၾကာင္းအရင္းမရွိဘူး။ အဲဒီလို ျမင္ပါတယ္ခင္ဗ်။”

ျပည္ေထာင္စုေန႔အတြက္ ရည္စူး ေျပာဆိုတဲ့ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ရဲ႕ မိန္႔ခြန္းေၾကာင့္ တိုင္းရင္းသား စည္းလုံးညီညြတ္ေရး ပိုရေစမွာ မဟုတ္ဘူးလို႔ ေျပာသူက ေမရီလန္းျပည္နယ္ ခ်င္းတုိင္းသားမ်ားအဖြဲ႔ CAM ရဲ႕ တာဝန္ခံ ဦးဇုိသုန္းမႈန္ ျဖစ္ပါတယ္။

“ျပည္ေထာင္စုေန႔ဆိုတာ ဘယ္ကေန ထြက္ေပၚလာသလဲေပါ့။ ဒါ ပင္လုံစာခ်ဳပ္ကေန ထြက္ေပၚလာတဲ့ဟာပါ။ ပင္လုံစာခ်ဳပ္ဆုိတာ ဘာလဲ .. ဒီမုိကေရစီနည္းက်က် အတူတကြေနထိုင္ေရး ၊ ဖယ္ဒရယ္မူအရ ေနထုိင္ေရးပဲ ျဖစ္ပါတယ္။ ဒါေပမယ့္ အခု ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လိႈင္ ေျပာတဲ့ ျပည္ေထာင္စု ဆိုတဲ့ဟာကေတာ့ ဒါက ပင္လံုစာခ်ဳပ္ကို ဆန္႔က်င္ၿပီးေတာ့ ဒီလိုမ်ိဳး စစ္အုပ္ခ်ဳပ္ေရးစနစ္ကေန အုပ္ခ်ဳပ္ေနမယ္ဆိုရင္ တိုင္းရင္းသား စည္းလုံးညီညြတ္ေရးဆိုတာလည္း မျဖစ္ႏိုင္ဘူး။ တကယ့္ျပည္ေထာင္စု စစ္စစ္လည္း မျဖစ္ႏိုင္ဘူး။ ျပည္ေထာင္စု စစ္စစ္ဆိုတာကေတာ့ ပင္လံုစာခ်ဳပ္အေပၚမွာပဲ အေျခခံပါတယ္။ ေရြးေကာက္ပြဲ ေကာ္မရွင္ေတြက သူတို႔ မဲေရတုန္းက တျခား NLDပါတီပဲ မဟုတ္ဘူး။ တျခားပါတီေတြလည္း ပါတယ္ မဲေရတုန္းက၊ ေလ့လာသူေတြလည္း ပါတယ္။ သူတို႔ ေကာင္းေကာင္းလုပ္ပါတယ္ ဆိုေတာ့ အခု ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ ေျပာတာကေတာ့ UEC လူႀကီးေတြကို အျပစ္တင္ၿပီးေတာ့ ဖမ္းတာကလည္း ဒီလိုနည္းလမ္းနဲ႔ ျပည္ေထာင္စုကို ဆက္လက္ၿပီးေတာ ့အုပ္ခ်ဳပ္မယ္ဆိုတာကေတာ့ လံုး၀ မျဖစ္ႏိုင္ဘူး။”

အာဏာသိမ္း စစ္ေကာင္စီရဲ႕ ဗဟိုနဲ႔ တိုင္းနဲ႔ျပည္နယ္ဆုိင္ရာ စီမံအုပ္ခ်ဳပ္မႈ ဦးေဆာင္အဖြဲ႔ေတြထဲမွာေတာ့ တိုင္းရင္းသားေတြကို တတ္ႏိုင္သမွ် စည္း႐ုံး ထည့္သြင္းထားတာ ေတြ႔ရသလို ၊ NLD နဲ႔ သေဘာထားကဲြလဲြၿပီး ေရြးေကာက္ပဲြမွာ အႏိုင္မရတဲ့ ပါတီတခ်ဳိ႕က ေခါင္းေဆာင္ေတြကုိလည္း ထည့္သြင္းထားတာ ေတြ႔ရပါတယ္။

ဒါေပမဲ့ စစ္ေကာင္စီအဖဲြ႔ထဲမွာ ပါဝင္လုပ္ေဆာင္ဖို႔ ကမ္းလွမ္းခ်က္ကို တခ်ဳိ႕ပါတီေတြနဲ႔ တုိင္းရင္းသား ေခါင္းေဆာင္ေတြက ျငင္းပယ္ခဲ့တာလည္း ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

စစ်ကောင်စီ ဥက္ကဌမိန့်ခွန်းအပေါ် သုံးသပ်မှုတချို့

(Unicode)

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ CDM ခေါ် အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်ပြီး ဝန်ထမ်းတွေ ရုံးမတက်ပဲနေတဲ့ လုပ်ရပ်က အာဏာသိမ်း စစ်ကောင်စီရဲ့ အစိုးရယန္တရားလည်ပတ်မှုကို အတိုင်းအတာ တခုထိ ထိခိုက်လာနေတာ ပေါ်လွင်ကြောင်း မြန်မာနိုင်ငံရေး သုံးသပ်သူတချို့က မြင်ပါတယ်။ စစ်ကောင်စီ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဖေဖေါ်ဝါရီ(၁၁)ရက်နေ့က ထုတ်လွှင့်တဲ့ ပြည်ထောင်စုနေ့မိန့်ခွန်းပေါ် အခြေခံပြီး ပြောဆိုလိုက်ကြတဲ့ အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်မယ့် (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့နဲ့ ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောသ ွားတဲ့ မိန့်ခွန်းထဲမှာ - ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးရေး ကိစ္စတွေအပြင် ၊ ကျန်းမာရေးဝန်ထမ်းတွေ အမြန်ဆုံး အလုပ်ပြန်ဆင်းဖို့ ၊ အခြား အစိုးရဝန်ထမ်းတွေဟာလည်း မသမာသူတွေရဲ့ သွေးထိုးပေးမှုကြောင့် လုပ်ငန်းတာဝန် ပျက်ကွက်နေရတဲ့ အကြောင်းနဲ့ ၂၀၂၀ ရွေးကောက်ပွဲ ကော်မရှင်မှာ အားနည်းချက် ရှိတဲ့သဘောတွေ ထောက်ပြပြောဆိုသွားပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းကိုခြုံကြည့်ရင် ဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှုဟာ အတိုင်းအတာ တခုထိ ထိရောက်နေတယ်ဆိုတာ ပေါ်လွင်ကြောင်း ၈၈ ဒီမိုကရေစီရေးလှုပ်ရှားမှု ခေါင်းဆောင်တဦးဖြစ်ခဲ့တဲ့ နယူးယောက်မြို့မှာနေသူ ဦးမောင်မောင်ကျော်က သုံးသပ်ပါတယ်။

“အခု ဝန်ထမ်းတွေ လုပ်နေတဲ့ CDM ကို ၊ တကယ့်ကို အထွေထွေ သပိတ်ကြီးအဆင့်ထိ ဆက်ပြီး ပေါက်ကွဲသွားမှာကို သူစိုးရိမ်တဲ့သဘော ရှိတယ်လို့ ကျနော်ထင်ပါတယ်။ ဒါက သူတို့ကို တော်တော် အထိနာစေတဲ့သဘောရှိတယ်။ အဲဒီအပိုင်းမှာ သူက လေသံ ခပ်ပျော့ပျော့နဲ့ပဲ ရိုးရိုးသားသား အလုပ်ဆင်းချင်တဲ့ ဝန်ထမ်းတွေကို မသမာသူတွေကပဲ နှောက်ယှက်နေတဲ့ပုံစံမျိုးဖြစ်အောင် သူက ပြောနေပါတယ်။ နောက်တဆက်ထဲမှာပဲ ကျနော်တို့ တွေ့နေရတာက - CDM မှာပါတဲ့ ဝန်ထမ်းတွေကို တိတ်တဆိတ်လိုက်ဖမ်းနေတယ်ဆိုတော .. ဒါ သူက အချိုသပ်ပြီး ပရိယာယ်နဲ့ ချည်းကပ်နေတယ်လို့ ကျနော်ထင်ပါတယ်။ ဒီဟာကို ရအောင်ဖြိုခွင်းပြီး သူက နောက်တဆင့် သွားမှာဆိုတော့ ဒီဝန်ထမ်းတွေ လုပ်ငန်းခွင် ပြန်ဝင်ရေးကို နည်းအမျိုးမျိုးနဲ့ သူကြိုးစားမှာပဲ။ အခု လူငယ်တွေ လုပ်နေတဲ့ လှုပ်ရှားမှုက အရှိန်အဟုန်ကြီး ပိုကြီးလာဖို့ကို အားပေးတယ်ပေါ့ ။ အဲဒီတော့ ဒီထဲမှာပဲ အမျှော်အမြင်ရှိပြီး လုပ်ပိုင်ခွင့်ရှိတဲ့ နိုင်ငံရေးသမားတွေက .. ဒီတိုင်းပဲ အရှိန်အဟုန်တော့ မြင့်တယ် ၊ ဘာမှ အစီအစဉ် မရှိဘူးဆိုရင်တော့ ကျနော်တို့က တဖြည်းဖြည်းနဲ့ ထိခိုက်လာနိုင်စရာ အကြောင်းရှိပါတယ်။”

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာရှိတဲ့ ကချင်မဟာမိတ်အဖွဲ့ရဲ့ ဥက္ကဌ ကိုဂွမ်ဆမ်ကတော့ စစ်ကောင်စီအနေနဲ့ မိမိအာဏာ တည်ဆောက်ရေးမှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအားနည်းနေတာ တွေ့ရပြီး စစ်ကောင်စီဥက္ကဌရဲ့ မိန့်ခွန်းအပေါ် သုံးသပ်ပါတယ်။

“ ဒီနိုင်ငံအစိုးရဝန်ထမ်းတွေ ပြန်ခေါ်တာတို့ .. ဒီ CDM မှာ မပါဝင်ဖို့ လူထုလှုပ်ရှားမှုမှာ မပါဝင်ဖို့ သူ အင်တိုက်အားတိုက် ကြိုးစားနေပုံ ပေါက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့အနေနဲ့လည်း ကိုယ့်ကိုယ်ကို ယုံကြည်မှု အားနည်းနေတဲ့ ပုံစံမျိုး ကျနော်တို့ တွေ့ရတယ် ။ ဘာလို့လဲဆိုတော့ ... တိုင်းရင်းသားတယောက် နှစ်ယောက်ကို ခေါင်းခေါက်ပြီးတော့ ထည့်ထားတယ်။ တခြားပါတီတွေကလူတွေရော ခေါင်းခေါက်ပြီးတော့ ထည့်ထားတယ်။ ထည့်ထားတယ်ဆိုတာ တိုင်းရင်းသားတွေကို ချော့ပေါင်းတဲ့ ပုံစံပေါ့။ ဒါတွေက ဘာပုံဖော်နေသလဲဆိုတော့ သူ့တပ်တွင်းမှာတောင်မှ ပြဿနာရှိမယ့်ပုံစံပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူယုံကြည်မှု အပြည့်အ၀ စစ်တပ်ကနေ ထောက်ခံမှုရှိရင် သူ ဒီလူတွေကို ခေါ်စရာမလိုဘူး ။ ဒါတွေအကုန်လုံးက ရုပ်သေးတွေပဲပေါ့နော်။ ဒီလို အာဏာရှင်တွေနဲ့ ဒွန်တွဲနေထိုင်တဲ့နိုင်ငံမှာ တိုင်းရင်းသားတွေလည်း ငြိမ်းချမ်းဖို့ အကြောင်းအရင်းမရှိဘူး။ အဲဒီလို မြင်ပါတယ်ခင်ဗျ။”

ပြည်ထောင်စုနေ့အတွက် ရည်စူး ပြောဆိုတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းကြောင့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပိုရစေမှာ မဟုတ်ဘူးလို့ ပြောသူက မေရီလန်းပြည်နယ် ချင်းတိုင်းသားများအဖွဲ့ CAM ရဲ့ တာဝန်ခံ ဦးဇိုသုန်းမှုန် ဖြစ်ပါတယ်။

“ပြည်ထောင်စုနေ့ဆိုတာ ဘယ်ကနေ ထွက်ပေါ်လာသလဲပေါ့။ ဒါ ပင်လုံစာချုပ်ကနေ ထွက်ပေါ်လာတဲ့ဟာပါ။ ပင်လုံစာချုပ်ဆိုတာ ဘာလဲ .. ဒီမိုကရေစီနည်းကျကျ အတူတကွနေထိုင်ရေး ၊ ဖယ်ဒရယ်မူအရ နေထိုင်ရေးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အခု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောတဲ့ ပြည်ထောင်စု ဆိုတဲ့ဟာကတော့ ဒါက ပင်လုံစာချုပ်ကို ဆန့်ကျင်ပြီးတော့ ဒီလိုမျိုး စစ်အုပ်ချုပ်ရေးစနစ်ကနေ အုပ်ချုပ်နေမယ်ဆိုရင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးဆိုတာလည်း မဖြစ်နိုင်ဘူး။ တကယ့်ပြည်ထောင်စု စစ်စစ်လည်း မဖြစ်နိုင်ဘူး။ ပြည်ထောင်စု စစ်စစ်ဆိုတာကတော့ ပင်လုံစာချုပ်အပေါ်မှာပဲ အခြေခံပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်တွေက သူတို့ မဲရေတုန်းက တခြား NLDပါတီပဲ မဟုတ်ဘူး။ တခြားပါတီတွေလည်း ပါတယ် မဲရေတုန်းက၊ လေ့လာသူတွေလည်း ပါတယ်။ သူတို့ ကောင်းကောင်းလုပ်ပါတယ် ဆိုတော့ အခု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောတာကတော့ UEC လူကြီးတွေကို အပြစ်တင်ပြီးတော့ ဖမ်းတာကလည်း ဒီလိုနည်းလမ်းနဲ့ ပြည်ထောင်စုကို ဆက်လက်ပြီးတော့အုပ်ချုပ်မယ်ဆိုတာကတော့ လုံး၀ မဖြစ်နိုင်ဘူး။”

အာဏာသိမ်း စစ်ကောင်စီရဲ့ ဗဟိုနဲ့ တိုင်းနဲ့ပြည်နယ်ဆိုင်ရာ စီမံအုပ်ချုပ်မှု ဦးဆောင်အဖွဲ့တွေထဲမှာတော့ တိုင်းရင်းသားတွေကို တတ်နိုင်သမျှ စည်းရုံး ထည့်သွင်းထားတာ တွေ့ရသလို ၊ NLD နဲ့ သဘောထားကွဲလွဲပြီး ရွေးကောက်ပွဲမှာ အနိုင်မရတဲ့ ပါတီတချို့က ခေါင်းဆောင်တွေကိုလည်း ထည့်သွင်းထားတာ တွေ့ရပါတယ်။

ဒါပေမဲ့ စစ်ကောင်စီအဖွဲ့ထဲမှာ ပါဝင်လုပ်ဆောင်ဖို့ ကမ်းလှမ်းချက်ကို တချို့ပါတီတွေနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေက ငြင်းပယ်ခဲ့တာလည်း ရှိပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG