သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သွေးထိုးလှုံ့ဆော်မှုတွေကို ထိထိရောက်ရောက်ဟန့်တားဖို့ စစ်ကောင်စီ ဥက္ကဌ ပြောကြား 


ဓါတ်ပုံ- တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့
ဓါတ်ပုံ- တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့

(Zawgyi/Unicode)

မြန်မာအာဏာသိမ်းစစ်ကောင်စီ၊ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော်အခြေအနေနဲ့ပတ်သက်လို့ ဖေဖော်ဝါရီ (၁၁) ရက်နေ့က မိန့်ခွန်းတရပ် ပြောကြားရာမှာ "အခုအခါ နိုင်ငံ့ဝန်ထမ်းအချို့ဟာ မသမာသူအချို့ရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကြောင့် မိမိတို့ရဲ့လုပ်ငန်းခွင်တာဝန်များမှာ ပျက်ကွက်နေကြတယ်။ အခက်အခဲများကြားက တာဝန်ထမ်း ဆောင် နေကြတဲ့သူတွေကိုလည်း နည်းအမျိုးမျိုး အသုံးပြုပြီး နှောင့်ယှက်တားဆီးနေကြတယ်။ ဒီလုပ်ရပ်တွေကို ထိထိရောက်ရောက်ဟန့်တားဖို့ ဆက်လက် ဆောင် ရွက်သွားမယ်" လို့ ပြောသွားပါတယ်။

ကျန်းမာရေးနဲ့ ပတ်သက်လို့ COVID-19 ကာကွယ်ဆေး ထိုးနှံရေး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်၊ ကျန်းမာရေးဝန်ထမ်းအားလုံးနီးပါးနဲ့ စေတနာ့ ဝန်ထမ်းများ၊ ဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးနှင့်အထက် နိုင်ငံ့ ဝန်ထမ်းအချို့ကို ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး အသက်(၆၅)နှစ်အထက်ရှိ သူတွေ ကို စတင်ထိုးနှံ ပေးနေတယ်လို့လဲဆိုပါတယ်။ အိန္ဒိယနိုင်ငံက COVID-19 ကာကွယ်ဆေး COVISHIELD injection ဆေး (၂ သန်း) ဒုတိယအသုတ် ရောက်ရှိလာမှာဖြစ်ပြီး ရုရှားနိုင်ငံထုတ် Sputnik V vaccine ဆေး၊ တရုတ် နိုင်ငံထုတ် SARS COVI Vaccine ဆေးနဲ့ အိန္ဒိယနိုင်ငံထုတ် COVAXIN Vaccine ဆေးတို့ကို လည်း ခွင့်ပြုသွားမှာ ဖြစ်တယ် လို့ပြောသွားပါတယ်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ကျရောက်မယ့် (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့ အခါသမယမှာ ပြည်ထောင်စုမြန်မာနိုင်ငံတစ်ဝှမ်းလုံး အေးချမ်းသာယာပါစေကြောင်းလဲ ဆုတောင်းထားပါတယ်။

...............

သှေးထိုးလှုံ့ဆောျမှုတှကေို ထိထိရောကျရောကျဟန့ျတားဖို့ စဈကောငျစီ ဥက်ကဌ ပွောကွား

(Unicode)




XS
SM
MD
LG