{{Zawgyi/Unicode}}
ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းလုိက္တာေၾကာင့္ မေလးရွားႏုိင္ငံကေန ကယ္ဆယ္ေရးေလယာဥ္နဲ႔ ေနရပ္ျပန္ဖုိ႔ ၾကန္႔ၾကာမႈေတြ ႀကံဳခဲ့ရတဲ့ ျမန္မာႏုိင္ငံသား ၁၀၀ ေက်ာ္ ဒီေန႔ပဲ ေနရပ္ျပန္ခြင့္ရခဲ့တဲ့အေၾကာင္း ေျပာျပပါမယ္။ က်မ မေအးေအးမာပါ။
မေလးရွားႏိုင္ငံ ထိမ္းသိမ္းေရးစခန္းက အက်ဥ္းသား ၆၀ေက်ာ္ေလာက္ အပါအ၀င္ ကပ္ေရာဂါကာလ ပိတ္မိေနတဲ့ျမန္မာႏိုင္ငံသား ၁၀၀ ေက်ာ္ဟာ ဒီေန့ပဲ ျပန္ခြင့္ရပါတယ္ ။ ကုိဗစ္ကပ္ေရာဂါကာလ ပိတ္မိေနတဲ့ မေလးရွားထိမ္းသိမ္းေရးစခန္းက အက်ဥ္းသားေတြနဲ့ တရားမ၀င္ေနထုိင္သူေတြကုိ တပတ္ ၃ႀကိမ္ ကယ္ဆယ္ေရး ေလယာဥ္နဲ့ ေနရပ္ျပန္ဖုိ့စီစဥ္ရာမွာ ဒီကေန့နဲ့မေန့က ေတာ့ ထိမ္းသိမ္းေရးစခန္းကလူေတြအပါအ၀င္ လူေပါင္း ၃၀၀ေက်ာ္ ျပန္ခြင့္ရခဲ့တာလုိ႔လည္း မေလးရွားႏုိင္ငံအေျခစိုက္ ျမန္မာလူမူကူညီေရးအသင္းဥကၠဌဦးစန္း၀င္းက ေျပာပါတယ္။
"ဒီေန့ျပန္သြားတဲ့အႀကိမ္ ၅၀ေျမာက္ ကယ္ဆယ္ေရးေလယာဥ္မွာ အေႀကာင္းအမ်ိုးမ်ိဳးေႀကာင့္ မေလးရွားထိမ္းသိမ္းေရးစခန္းေတြမွာ ဖမ္းဆီးခံထားတဲ့ရတဲ့လသားကေလး၂ဦးအပါအ၀င္၆၂ဦး လည္းပါတယ္ မေန့ကျပန္သြားတာ ၄၀ ေလာက္ကလည္းအက်ဥ္းသားေတြပဲ ထိမ္းသိမ္းေရးစခန္းေတြကလူေတြပါ ၂ရက္အတြင္းဆုိ လူ ၁၀၀ေက်ာ္ျပန္သြားပါတယ္ ဒီလထဲမွာ ၅ႀကိမ္ရွိသြားျပီ ၆ ႀကိမ္ပို့ရမွာ ဒီလ ၁ရက္ေန့ကပ်က္သြားတယ္ အခု ၅ႀကိမ္ပဲျဖစ္သြားတယ္
ေနရပ္ျပန္ျမန္မာေတြကိုေတာ့ မေလးရွားအေျခစုိက္ျမန္မာလူမူ့ကူညီေ၇းအသင္း နဲ့ပရဟိတအဖဲြ့ ေတြက အစားအေသာက္နဲ့အ၀တ္အထည္ေတြ ကူညီေပးခဲ့ႀကပါတယ္ ။ တရား၀င္ေရာတရားမ၀င္ပါ ျမန္မာႏိုင္ငံသား၅သိန္းခဲြေလာက္ရွိေနတဲ့မေလးရွားႏိုင္ငံမွာကုိဗစ္ကာလအတြင္းမွာေနရပ္ျပန္ဖို့အတြက္ ျမန္မာသံရံုးကုိ စာရင္းေပးသြင္းထားတဲ့ျမန္မာေတြ ေသာင္းဂဏန္းနဲ့ွရိွေနတာပါ ။ ကုိဗစ္ကပ္ေဘးကာလမွာ မေလးရွားေရာက္ ျမန္မာ၂၀ထက္မနည္းဟာမိမိကုိယ္မိမိအဆံုးစီရင္မူေတြလည္း ခပ္စိတ္စိတ္ျဖစ္လာေတြရယ္ လူပဲြစားေတြကုိေငြေပးျပီး တရားမ၀င္နည္းလမ္းေတြနဲ့ေနရပ္ျပန္ဖို့ႀကိဳးစားေနတာေတြေႀကာင့္ ျမန္မာအစိုးရက တရားမ၀င္ေနထုိင္သူေတြေနရပ္ျပန္ႏိုင္ေရးကိုမေလးရွားအစိုးရနဲ့ညိွႏွိုင္းေဆာင္ရြက္ခဲ့တာျဖစ္ပါတယ္ ။
..............................................
{{Unicode}}
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် မလေးရှားနိုင်ငံကနေ ကယ်ဆယ်ရေးလေယာဉ်နဲ့ နေရပ်ပြန်ဖို့ ကြန့်ကြာမှုတွေ ကြုံခဲ့ရတဲ့ မြန်မာနိုင်ငံသား ၁၀၀ ကျော် ဒီနေ့ပဲ နေရပ်ပြန်ခွင့်ရခဲ့တဲ့အကြောင်း ပြောပြပါမယ်။ ကျမ မအေးအေးမာပါ။
မလေးရှားနိုင်ငံ ထိမ်းသိမ်းရေးစခန်းက အကျဉ်းသား ၆၀ကျော်လောက် အပါအဝင် ကပ်ရောဂါကာလ ပိတ်မိနေတဲ့မြန်မာနိုင်ငံသား ၁၀၀ ကျော်ဟာ ဒီနေ့ပဲ ပြန်ခွင့်ရပါတယ် ။ ကိုဗစ်ကပ်ရောဂါကာလ ပိတ်မိနေတဲ့ မလေးရှားထိမ်းသိမ်းရေးစခန်းက အကျဉ်းသားတွေနဲ့ တရားမဝင်နေထိုင်သူတွေကို တပတ် ၃ကြိမ် ကယ်ဆယ်ရေး လေယာဉ်နဲ့ နေရပ်ပြန်ဖို့စီစဉ်ရာမှာ ဒီကနေ့နဲ့မနေ့က တော့ ထိမ်းသိမ်းရေးစခန်းကလူတွေအပါအဝင် လူပေါင်း ၃၀၀ကျော် ပြန်ခွင့်ရခဲ့တာလို့လည်း မလေးရှားနိုင်ငံအခြေစိုက် မြန်မာလူမူကူညီရေးအသင်းဥက္ကဌဦးစန်းဝင်းက ပြောပါတယ်။
"ဒီနေ့ပြန်သွားတဲ့အကြိမ် ၅၀မြောက် ကယ်ဆယ်ရေးလေယာဉ်မှာ အကြောင်းအမျိုးမျိုးကြောင့် မလေးရှားထိမ်းသိမ်းရေးစခန်းတွေမှာ ဖမ်းဆီးခံထားတဲ့ရတဲ့လသားကလေး၂ဦးအပါအဝင်၆၂ဦး လည်းပါတယ် မနေ့ကပြန်သွားတာ ၄၀ လောက်ကလည်းအကျဉ်းသားတွေပဲ ထိမ်းသိမ်းရေးစခန်းတွေကလူတွေပါ ၂ရက်အတွင်းဆို လူ ၁၀၀ကျော်ပြန်သွားပါတယ် ဒီလထဲမှာ ၅ကြိမ်ရှိသွားပြီ ၆ ကြိမ်ပို့ရမှာ ဒီလ ၁ရက်နေ့ကပျက်သွားတယ် အခု ၅ကြိမ်ပဲဖြစ်သွားတယ်
နေရပ်ပြန်မြန်မာတွေကိုတော့ မလေးရှားအခြေစိုက်မြန်မာလူမူ့ကူညီရေးအသင်း နဲ့ပရဟိတအဖွဲ့ တွေက အစားအသောက်နဲ့အဝတ်အထည်တွေ ကူညီပေးခဲ့ကြပါတယ် ။ တရားဝင်ရောတရားမဝင်ပါ မြန်မာနိုင်ငံသား၅သိန်းခွဲလောက်ရှိနေတဲ့မလေးရှားနိုင်ငံမှာကိုဗစ်ကာလအတွင်းမှာနေရပ်ပြန်ဖို့အတွက် မြန်မာသံရုံးကို စာရင်းပေးသွင်းထားတဲ့မြန်မာတွေ သောင်းဂဏန်းနဲ့ှရှိနေတာပါ ။ ကိုဗစ်ကပ်ဘေးကာလမှာ မလေးရှားရောက် မြန်မာ၂၀ထက်မနည်းဟာမိမိကိုယ်မိမိအဆုံးစီရင်မူတွေလည်း ခပ်စိတ်စိတ်ဖြစ်လာတွေရယ် လူပွဲစားတွေကိုငွေပေးပြီး တရားမဝင်နည်းလမ်းတွေနဲ့နေရပ်ပြန်ဖို့ကြိုးစားနေတာတွေကြောင့် မြန်မာအစိုးရက တရားမဝင်နေထိုင်သူတွေနေရပ်ပြန်နိုင်ရေးကိုမလေးရှားအစိုးရနဲ့ညှိနှိုင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ် ။