သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းနယ္စပ္ လူေမွာင္ခိုစြန္႔ပစ္ခဲ့တဲ့ ျမန္မာလုပ္သားတခ်ိဳ႕ အဖမ္းဆီးခံ


တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္၀င္လာတဲ့ ျမန္မာႏုိင္ငံသား တခ်ဳိ႕။

[Zawgyi/Unicode]

မေလးရွားႏိုင္ငံက တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္၀င္လာတဲ့ ျမန္မာႏုိင္ငံသား တခ်ဳိ႕ကုိ ထုိင္းႏုိင္ငံနယ္စပ္မွာ လူေမွာင္ခုိေတြက စြန္႔ပစ္တာခံခဲ့ရၿပီးေနာက္ ထုိင္းရဲတပ္ဖဲြ႔ထံ အဖမ္းခံခဲ့တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

မေလးရွားႏုိင္ငံနဲ႔နယ္စပ္ ထုိင္းႏုိင္ငံ ဟတ္ရိုင္ျမိဳ႕ ထံုးလံုနယ္ေျမ ရာဘာျခံထဲမွာ လူေမွာင္ခုိေတြက စြန္႔ပစ္သြားခဲ့ၿပီးေနာက္ အစာေရစာ ျပတ္လပ္လာရာက ျမန္မာႏုိင္ငံသား ၁၁ ေယာက္ ရဲတပ္ဖဲြ႔ထံ ဒီတပတ္ထဲမွာပဲ အဖမ္းခံခဲ့ၾကတာ ျဖစ္ပါတယ္။ လူေမွာင္ခုိေတြ စြန္႔ပစ္သြားခဲ့တာေၾကာင့္ အခက္အခဲႀကံဳေနရခ်ိန္မွာပဲ အလုပ္သမားေရးလႈပ္ရွားသူေတြထံ အကူအညီရဖုိ႔ ဆက္သြယ္ခဲ့ေၾကာင္းလည္း ထုိင္းႏုိင္ငံအေျခစုိက္ ေရႊ႕ေျပာင္းအလုပ္သမား အခြင့္အေရးကြန္ယက္ရဲ႕ ဟတ္ရိုင္ျမိဳ႕ တာ၀န္ခံ ဦးဘရီက ေျပာပါတယ္။

“ေတာထဲက မေလးရွားက ျပန္လာတဲ့ အလုပ္သမား ၁၁ ေယာက္ ဒုကၡေရာက္ေနတာေပါ့။ပဲြစားက ဖုန္းဆက္တာ လာမၾကည့္ဘူး။ ထမင္းငတ္တာ ၄ ရက္ေလာက္ရွိျပီး က်ေနာ္က သူတို႔ဆီကို ဆက္သြယ္ျပီး ဖုန္းဆက္တဲ့အခါမွာ သံရံုးကုိ သူတုိ႔ဆက္တယ္။ အဲဒီလိုငတ္မြတ္ျပီး ဒုကၡေရာက္ေနရင္ေတာ့ ရဲဆီမွာ အဖမ္းခံလိုက္လို႔ ေျပာျပတယ္တဲ့ ရာဘာျခံထဲမွာ ေတာထဲမွာ ငတ္မြတ္ေနေတာ့ အေသေတာ့မခံဘူး။ ရဲကုိ အဖမ္းခံလိုက္တယ္လို႔ ေျပာတယ္။ ဒါေပမဲ့ ရဲကို က်ေနာ္တုိ႔ သြားေမးေတာ့ လိုက္စီစစ္ေတာ့ သူတုိ႔ကို ဘယ္အခ်ဳပ္ခန္းမွာ ထားတယ္ဆိုတာေတာ့ ရဲေတြက အတိအက် မေျပာျပဘူး။”

ကပ္ေရာဂါကာလ ကန္႔သတ္ထိန္းခ်ဳပ္မႈေတြေၾကာင့္ မေလးရွားႏုိင္ငံမွာ စား၀တ္ေနေရး အခက္အခဲ ႀကံဳေနရခ်ိန္ ျမန္မာႏုိင္ငံသား အလုပ္သမားေတြ တရား၀င္ေရာ၊ တရားမ၀င္ လမ္းေၾကာင္းေတြကပါ ေနရပ္ျပန္ဖုိ႔ ႀကိဳးစားတာ၊ ထုိင္းႏုိင္ငံမွာ အလုပ္အကုိင္အခြင့္အလမ္း ရွာေဖြဖုိ႔ ႀကိဳးစားတာေတြ ရွိေနၿပီး မၾကာခဏ ဖမ္းဆီးခံရတာေတြလည္း ရွိေနပါတယ္။

အခုဆိုရင္ မေလးရွားႏုိင္ငံနဲ႔နယ္စပ္ ထုိင္းႏုိင္ငံက ရာဘာေတာေတြ၊ ေတာအုပ္ေတြထဲမွာ လူေမွာင္ခုိေတြ စြန္႔ပစ္ခံရလုိ႔ အခက္ႀကံဳေနရသူ ၂၀ ထက္မနည္း ရွိေနတယ္လုိ႔လည္း အလုပ္သမားေရး လႈပ္ရွားသူ ဦးဘရီကေျပာပါတယ္။

“ကုိဗစ္ကပ္ေရာဂါ ေၾကာက္လန္႔ၿပီး မေလးရွားက လာတဲ့ ကိုယ့္ျမန္မာႏိုင္ငံသားေတြကို အနားကို မကပ္ရဲၾကတဲ့ ျမန္မာႏိုင္ငံသားေတြက အမ်ားၾကီး က်ေနာ္တို႔ အနီးအနားပတ္ဝန္းက်င္မွာ။ သူတို႔က ေၾကာက္တယ္... မေလးရွားက လာတယ္ဆိုရင္ ဘယသူမွ လက္မခံရဲဘူး။”

ထိုင္းႏိုင္ငံမွာ တရားမ၀င္ ေရာက္ရွိေနတဲ့ ႏုိင္ငံျခားသား အလုပ္သမားေတြကို အေထာက္အထား လက္မွတ္လုပ္ေပးတဲ့ ကာလျဖစ္တဲ့အတြက္ ဖမ္းဆီးတာေတြ မလုပ္ဖို႔ ထုိင္းအာဏာပုိင္ေတြက ညႊန္ၾကားထားေပမဲ့ ကပ္ေရာဂါကာလ အသြားအလာေတြ ကန္႔သတ္ထားတာေၾကာင့္ တရားမ၀င္ သြားလာရင္ေတာ့ ဖမ္းဆီးခံရေလ့ရွိပါတယ္။

အေမရိကန္ႏုိင္ငံျခားေရး ၀န္ႀကီးဌာနက ျပီးခဲ့တဲ့ႏွစ္ ဇြန္လထဲမွာ ထုတ္ျပန္ခဲ့တဲ့ ကမာၻတ၀န္းက လူကုန္ကူးမႈဆုိင္ရာ အစီရင္ခံစာမွာေတာ့ ျမန္မာႏိုင္ငံဟာ လူကုန္ကူးမႈ တိုက္ဖ်က္ေရးအတြက္ ထိထိေရာက္ေရာက္ ေဆာင္ရြက္မႈမရွိတဲ့ အနိမ့္ဆုံးအဆင့္ ႏုိင္ငံစာရင္းမွာ ထည့္သြင္းေဖာ္ျပခဲ့တာပါ။ ျမန္မာႏုိင္ငံသားေတြနဲ႔ ဆက္စပ္တဲ့ လူေမွာင္ခုိမႈေတြ ရွိေနတဲ့ ထုိင္းႏိုင္ငံကေတာ့ tire 2 ေစာင့္ၾကည့္အဆင့္မွာ ထည့္သြင္းထားဆဲ ျဖစ္ပါတယ္္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ထိုင်းနယ်စပ် လူမှောင်ခိုစွန့်ပစ်ခဲ့တဲ့ မြန်မာလုပ်သားတချို့ အဖမ်းဆီးခံ

မလေးရှားနိုင်ငံက တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာတဲ့ မြန်မာနိုင်ငံသား တချို့ကို ထိုင်းနိုင်ငံနယ်စပ်မှာ လူမှောင်ခိုတွေက စွန့်ပစ်တာခံခဲ့ရပြီးနောက် ထိုင်းရဲတပ်ဖွဲ့ထံ အဖမ်းခံခဲ့တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံနဲ့နယ်စပ် ထိုင်းနိုင်ငံ ဟတ်ရိုင်မြို့ ထုံးလုံနယ်မြေ ရာဘာခြံထဲမှာ လူမှောင်ခိုတွေက စွန့်ပစ်သွားခဲ့ပြီးနောက် အစာရေစာ ပြတ်လပ်လာရာက မြန်မာနိုင်ငံသား ၁၁ ယောက် ရဲတပ်ဖွဲ့ထံ ဒီတပတ်ထဲမှာပဲ အဖမ်းခံခဲ့ကြတာ ဖြစ်ပါတယ်။ လူမှောင်ခိုတွေ စွန့်ပစ်သွားခဲ့တာကြောင့် အခက်အခဲကြုံနေရချိန်မှာပဲ အလုပ်သမားရေးလှုပ်ရှားသူတွေထံ အကူအညီရဖို့ ဆက်သွယ်ခဲ့ကြောင်းလည်း ထိုင်းနိုင်ငံအခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ယက်ရဲ့ ဟတ်ရိုင်မြို့ တာဝန်ခံ ဦးဘရီက ပြောပါတယ်။

“တောထဲက မလေးရှားက ပြန်လာတဲ့ အလုပ်သမား ၁၁ ယောက် ဒုက္ခရောက်နေတာပေါ့။ပွဲစားက ဖုန်းဆက်တာ လာမကြည့်ဘူး။ ထမင်းငတ်တာ ၄ ရက်လောက်ရှိပြီး ကျနော်က သူတို့ဆီကို ဆက်သွယ်ပြီး ဖုန်းဆက်တဲ့အခါမှာ သံရုံးကို သူတို့ဆက်တယ်။ အဲဒီလိုငတ်မွတ်ပြီး ဒုက္ခရောက်နေရင်တော့ ရဲဆီမှာအဖမ်းခံလိုက်လို့ ပြောပြတယ်တဲ့ ရာဘာခြံထဲမှာ တောထဲမှာ ငတ်မွတ်နေတော့ အသေတော့မခံဘူး။ ရဲကို အဖမ်းခံလိုက်တယ်လို့ ပြောတယ်။ ဒါပေမဲ့ ရဲကို ကျနော်တို့ သွားမေးတော့ လိုက်စီစစ်တော့ သူတို့ကို ဘယ်အချုပ်ခန်းမှာ ထားတယ်ဆိုတာတော့ ရဲတွေက အတိအကျ မပြောပြဘူး။”

ကပ်ရောဂါကာလ ကန့်သတ်ထိန်းချုပ်မှုတွေကြောင့် မလေးရှားနိုင်ငံမှာ စားဝတ်နေရေး အခက်အခဲ ကြုံနေရချိန် မြန်မာနိုင်ငံသား အလုပ်သမားတွေ တရားဝင်ရော၊ တရားမဝင် လမ်းကြောင်းတွေကပါ နေရပ်ပြန်ဖို့ ကြိုးစားတာ၊ ထိုင်းနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်း ရှာဖွေဖို့ ကြိုးစားတာတွေ ရှိနေပြီး မကြာခဏ ဖမ်းဆီးခံရတာတွေလည်း ရှိနေပါတယ်။

အခုဆိုရင် မလေးရှားနိုင်ငံနဲ့နယ်စပ် ထိုင်းနိုင်ငံက ရာဘာတောတွေ၊ တောအုပ်တွေထဲမှာ လူမှောင်ခိုတွေ စွန့်ပစ်ခံရလို့ အခက်ကြုံနေရသူ ၂၀ ထက်မနည်း ရှိနေတယ်လို့လည်း အလုပ်သမားရေး လှုပ်ရှားသူ ဦးဘရီကပြောပါတယ်။

“ကိုဗစ်ကပ်ရောဂါ ကြောက်လန့်ပြီး မလေးရှားက လာတဲ့ ကိုယ့်မြန်မာနိုင်ငံသားတွေကို အနားကို မကပ်ရဲကြတဲ့ မြန်မာနိုင်ငံသားတွေက အများကြီး ကျနော်တို့ အနီးအနားပတ်ဝန်းကျင်မှာ။ သူတို့က ကြောက်တယ်... မလေးရှားက လာတယ်ဆိုရင် ဘယသူမှ လက်မခံရဲဘူး။”

ထိုင်းနိုင်ငံမှာ တရားမဝင် ရောက်ရှိနေတဲ့ နိုင်ငံခြားသား အလုပ်သမားတွေကို အထောက်အထား လက်မှတ်လုပ်ပေးတဲ့ ကာလဖြစ်တဲ့အတွက် ဖမ်းဆီးတာတွေ မလုပ်ဖို့ ထိုင်းအာဏာပိုင်တွေက ညွှန်ကြားထားပေမဲ့ ကပ်ရောဂါကာလ အသွားအလာတွေ ကန့်သတ်ထားတာကြောင့် တရားမဝင် သွားလာရင်တော့ ဖမ်းဆီးခံရလေ့ရှိပါတယ်။

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြီးခဲ့တဲ့နှစ် ဇွန်လထဲမှာ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာတဝန်းက လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်မှုမရှိတဲ့ အနိမ့်ဆုံးအဆင့် နိုင်ငံစာရင်းမှာ ထည့်သွင်းဖော်ပြခဲ့တာပါ။ မြန်မာနိုင်ငံသားတွေနဲ့ ဆက်စပ်တဲ့ လူမှောင်ခိုမှုတွေ ရှိနေတဲ့ ထိုင်းနိုင်ငံကတော့ tire 2 စောင့်ကြည့်အဆင့်မှာ ထည့်သွင်းထားဆဲ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG