သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူကုန္ကူးမႈနဲ႔ပတ္သက္တဲ့ ထိုင္းတာဝန္ရွိသူေတြ အေရးယူခံရေတာ့မယ္


ကုိဗစ္ကာလအတြင္း ကမ္းခ်နဘူရီခရိုင္မွာ လူကုန္ကူးသူေတြ ေခၚလာတဲ့ ျမန္မာႏိုင္ငံသားေတြကုိ ဖမ္းမိတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - ထိုင္းနယ္ျခားေစာင့္တပ္ - ဇန္နဝါရီ ၁၄၊ ၂၀၂၁)

[Zawgyi/Unicode]

ထုိင္း-ျမန္မာနယ္စပ္မွာ မၾကာေသးခင္တုန္းက လူေမွာင္ခုိမႈေတြနဲ႔ ဆက္ႏြယ္ၿပီး နယ္ေျမခံရဲတပ္ဖဲြ႔၀င္ေတြ အပါအ၀င္ အာဏာပုိင္ ၃၃ ေယာက္ကုိ အေရးယူသြားမယ့္အေၾကာင္း ထုိင္းရဲတပ္ဖဲြ႔က ေျပာဆုိလုိက္တဲ့သတင္းကုိ တင္ျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက ထိုင္း ျမန္မာနယ္စပ္ကေန သတင္းေပးပို႔ထားပါတယ္။

ျမန္မာႏုိင္ငံနဲ႔နယ္စပ္ ထုိင္းႏုိင္ငံ တာ့ခ္ခရိုင္နဲ႔ ကမ္ခ်ဘူရီခရိုင္ လူေမွာင္ခိုမႈေတြမွာ ထိုင္းအာဏာပိုင္ေတြ ပါ၀င္ပတ္သက္ေနေၾကာင္း စစ္ေဆးေတြ႔ရွိခဲ့ၿပီးေနာက္ အေရးယူမယ့္အေၾကာင္း ေျပာဆုိလုိက္တာပါ။ လူေမွာင္ခုိမႈေတြနဲ႔ ဆက္ႏြယ္ၿပီး ရဲတပ္ဖဲြ႔၀င္ ၂၀ အပါအ၀င္ ထုိင္းအာဏာပုိင္ ၃၃ ေယာက္ကုိ အေရးယူမွာ ျဖစ္ေၾကာင္းလည္း ထုိင္းရဲတပ္ဖဲြ႔ ဒုတိယရဲခ်ဳပ္ နယံုစပ္ ကစ္တီစဖတ္ က ေျပာပါတယ္။

ကုိဗစ္ကာလအတြင္း ကမ္းခ်နဘူရီခရိုင္မွာ လူကုန္ကူးသူေတြ ေခၚလာတဲ့ ျမန္မာႏိုင္ငံသားေတြကုိ ဖမ္းမိတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - ထိုင္းနယ္ျခားေစာင့္တပ္ - ဇန္နဝါရီ ၁၄၊ ၂၀၂၁)
ကုိဗစ္ကာလအတြင္း ကမ္းခ်နဘူရီခရိုင္မွာ လူကုန္ကူးသူေတြ ေခၚလာတဲ့ ျမန္မာႏိုင္ငံသားေတြကုိ ဖမ္းမိတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - ထိုင္းနယ္ျခားေစာင့္တပ္ - ဇန္နဝါရီ ၁၄၊ ၂၀၂၁)

"ကနဦး စုံစမ္းစစ္ေဆးခ်က္ေတြအရ လူကုန္ကူးေနတဲ့ ကြန္ယက္မွာ ထုိင္းအာဏာပုိင္ေတြရဲ႕ ပါ၀င္ပတ္သက္မႈေတြကုိ ေတြ႔ရွိခဲ့ရတာေၾကာင့္ အေရးယူဖုိ႔ စီစဥ္ေနေၾကာင္းနဲ႔ အမႈနဲ႔ ပတ္သက္တဲ့ အေသးစိတ္ အခ်က္အလက္ေတြကုိလည္း ထုိင္း၀န္ႀကီးခ်ဳပ္ထံ အစီရင္ခံ တင္ျပထားေၾကာင္း" မေန႔တုန္းက ဘန္ေကာက္ၿမိဳ႕ေတာ္က လူေမွာင္ခုိမႈဆုိင္ရာ သတင္းစာရွင္းလင္းပဲြမွာ ဒုတိယရဲခ်ဳပ္က ထုိင္းဘာသာနဲ႔ ေျပာဆုိသြားတာ ျဖစ္ပါတယ္။

ျမန္မာႏုိင္ငံနဲ႔နယ္စပ္ ကန္ခ်နဘူရီခ႐ုိင္မွာ လူေမွာင္ခုိမႈနဲ႔ ဆက္ႏြယ္ၿပီး စုံစမ္းေဖာ္ထုတ္ရာက အာဏာပုိင္ေတြနဲ႔ ပတ္သက္မႈေတြကုိ ေတြ႔ရွိခဲ့တာ ျဖစ္တယ္လုိ႔လည္း ေျပာပါတယ္။ မၾကာေသးခင္တုန္းကပဲ ဘန္ေကာက္ၿမိဳ႕ေတာ္မွာ ကုိဗစ္ေရာဂါပုိး ကူးစက္ေနသူတခ်ဳိ႕ အပါအ၀င္ တရားမ၀င္ေရာက္ရွိေနတဲ့ ႐ုိဟင္ဂ်ာ ၂၀ ကုိ စစ္ေဆးေတြ႔ရွိခဲ့ရာက လူေမွာင္ခုိမႈေတြကုိ ထုိင္းအာဏာပုိင္ေတြ ဆက္လက္ ရွာေဖြေဖာ္ထုတ္ေနတာလည္း ျဖစ္ပါတယ္။ ႐ုိဟင္ဂ်ာေတြကုိ လူေမွာင္ခုိမႈနဲ႔ ဆက္ႏြယ္ၿပီး ဘန္ေကာက္ၿမိဳ႕မွာေရာ နယ္စပ္ေဒသမွာပါ ေနာက္ဆက္တဲြ ျမန္မာႏုိင္ငံသား ၁၀ ဦးထက္ မနည္းကုိ ဖမ္း၀ရမ္းထုတ္ထားေၾကာင္းလည္း ထုိင္းဒုရဲခ်ဳပ္ကေျပာပါတယ္။

ထိုင္းေတာင္ပုိင္း အေျခစုိက္ပညာေရးနဲ႔ ဖြံျဖိဳးေရးေဖာင္ေဒးရွင္းက အလုပ္သမားေရး လႈပ္ရွားသူဦးမင္းဦးကလည္း အခုလိုေျပာျပပါတယ္။

"အထူးစံုစမ္းေရးအဖဲြ႔က စစ္ေနတာေပါ့... ၃၃ ေယာက္လုိ႔ ေျပာတယ္။ လူေမွာင္ခိုမႈနဲ႔ ဆက္စပ္ေနတဲ့အုပ္စုေပါ့ေနာ္။ တျခား သက္ဆုိင္ရာအာဏာပုိင္ေတြ... ျမိဳ႕နယ္အာဏာပိုင္ေတြ ပါတယ္။ အဲဒီ အေယာက္ ၃၀ ေက်ာ္ထဲမွာ အဓိက က်ဴးလြန္သူေတြက ဘယ္ႏွစ္ေယာက္လဲ။ ဒါမ်ိဳးေတြ အဓိကစံုစမ္းေနတယ္။ တရားမ၀င္လူေမွာင္ခိုသြင္းတဲ့သူေတြ အကူညီေပးတဲ့သူေတြ လူေမွာင္ခိုမႈမွာ ဆက္စပ္ေနတဲ့သူေတြကို စစ္တာ ဟိုတေလာကပဲ ဘန္ေကာက္ကို ရိုဟင္ဂ်ာ ၂ သုတ္ ေရာက္လာေသးတယ္။ ဒီကိစၥေတြက သူတုိ႔မပါဘဲ ဘယ္လို႔မွ မျဖစ္ႏိုင္တာေလ။"

အေမရိကန္ႏုိင္ငံျခားေရး ၀န္ႀကီးဌာနက ျပီးခဲ့တဲ့ႏွစ္ ဇြန္လထဲမွာ ထုတ္ျပန္ခဲ့တဲ့ ကမာၻတ၀န္းက လူကုန္ကူးမႈဆုိင္ရာ အစီရင္ခံစာမွာေတာ့ ျမန္မာႏိုင္ငံဟာ လူကုန္ကူးမႈ တိုက္ဖ်က္ေရးအတြက္ ထိထိေရာက္ေရာက္ ေဆာင္ရြက္မႈမရွိတဲ့ အနိမ့္ဆုံးအဆင့္ ႏုိင္ငံစာရင္းမွာ ထည့္သြင္းေဖာ္ျပခဲ့တာပါ။ ျမန္မာႏုိင္ငံသားေတြနဲ႔ ဆက္စပ္တဲ့ လူေမွာင္ခုိမႈေတြ ရွိေနတဲ့ ထုိင္းႏိုင္ငံကေတာ့ tire 2 ေစာင့္ႀကည့္အဆင့္မွာ ထည့္သြင္းထားဆဲ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

လူကုန်ကူးမှုနဲ့ပတ်သက်တဲ့ ထိုင်းတာဝန်ရှိသူတွေ အရေးယူခံရတော့မယ်

ထိုင်း-မြန်မာနယ်စပ်မှာ မကြာသေးခင်တုန်းက လူမှောင်ခိုမှုတွေနဲ့ ဆက်နွယ်ပြီး နယ်မြေခံရဲတပ်ဖွဲ့ဝင်တွေ အပါအဝင် အာဏာပိုင် ၃၃ ယောက်ကို အရေးယူသွားမယ့်အကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောဆိုလိုက်တဲ့သတင်းကို တင်ပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက ထိုင်း မြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံနဲ့နယ်စပ် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်နဲ့ ကမ်ချဘူရီခရိုင် လူမှောင်ခိုမှုတွေမှာ ထိုင်းအာဏာပိုင်တွေ ပါဝင်ပတ်သက်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် အရေးယူမယ့်အကြောင်း ပြောဆိုလိုက်တာပါ။ လူမှောင်ခိုမှုတွေနဲ့ ဆက်နွယ်ပြီး ရဲတပ်ဖွဲ့ဝင် ၂၀ အပါအဝင် ထိုင်းအာဏာပိုင် ၃၃ ယောက်ကို အရေးယူမှာ ဖြစ်ကြောင်းလည်း ထိုင်းရဲတပ်ဖွဲ့ ဒုတိယရဲချုပ် နယုံစပ် ကစ်တီစဖတ် က ပြောပါတယ်။

"ကနဦး စုံစမ်းစစ်ဆေးချက်တွေအရ လူကုန်ကူးနေတဲ့ ကွန်ယက်မှာ ထိုင်းအာဏာပိုင်တွေရဲ့ ပါဝင်ပတ်သက်မှုတွေကို တွေ့ရှိခဲ့ရတာကြောင့် အရေးယူဖို့ စီစဉ်နေကြောင်းနဲ့ အမှုနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုလည်း ထိုင်းဝန်ကြီးချုပ်ထံ အစီရင်ခံ တင်ပြထားကြောင်း" မနေ့တုန်းက ဘန်ကောက်မြို့တော်က လူမှောင်ခိုမှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲမှာ ဒုတိယရဲချုပ်က ထိုင်းဘာသာနဲ့ ပြောဆိုသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့နယ်စပ် ကန်ချနဘူရီခရိုင်မှာ လူမှောင်ခိုမှုနဲ့ ဆက်နွယ်ပြီး စုံစမ်းဖော်ထုတ်ရာက အာဏာပိုင်တွေနဲ့ ပတ်သက်မှုတွေကို တွေ့ရှိခဲ့တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ မကြာသေးခင်တုန်းကပဲ ဘန်ကောက်မြို့တော်မှာ ကိုဗစ်ရောဂါပိုး ကူးစက်နေသူတချို့ အပါအဝင် တရားမဝင်ရောက်ရှိနေတဲ့ ရိုဟင်ဂျာ ၂၀ ကို စစ်ဆေးတွေ့ရှိခဲ့ရာက လူမှောင်ခိုမှုတွေကို ထိုင်းအာဏာပိုင်တွေ ဆက်လက် ရှာဖွေဖော်ထုတ်နေတာလည်း ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေကို လူမှောင်ခိုမှုနဲ့ ဆက်နွယ်ပြီး ဘန်ကောက်မြို့မှာရော နယ်စပ်ဒေသမှာပါ နောက်ဆက်တွဲ မြန်မာနိုင်ငံသား ၁၀ ဦးထက် မနည်းကို ဖမ်းဝရမ်းထုတ်ထားကြောင်းလည်း ထိုင်းဒုရဲချုပ်ကပြောပါတယ်။

ထိုင်းတောင်ပိုင်း အခြေစိုက်ပညာရေးနဲ့ ဖွံဖြိုးရေးဖောင်ဒေးရှင်းက အလုပ်သမားရေး လှုပ်ရှားသူဦးမင်းဦးကလည်း အခုလိုပြောပြပါတယ်။

"အထူးစုံစမ်းရေးအဖွဲ့က စစ်နေတာပေါ့... ၃၃ ယောက်လို့ ပြောတယ်။ လူမှောင်ခိုမှုနဲ့ ဆက်စပ်နေတဲ့အုပ်စုပေါ့နော်။ တခြား သက်ဆိုင်ရာအာဏာပိုင်တွေ... မြို့နယ်အာဏာပိုင်တွေ ပါတယ်။ အဲဒီ အယောက် ၃၀ ကျော်ထဲမှာ အဓိက ကျူးလွန်သူတွေက ဘယ်နှစ်ယောက်လဲ။ ဒါမျိုးတွေ အဓိကစုံစမ်းနေတယ်။ တရားမဝင်လူမှောင်ခိုသွင်းတဲ့သူတွေ အကူညီပေးတဲ့သူတွေ လူမှောင်ခိုမှုမှာ ဆက်စပ်နေတဲ့သူတွေကို စစ်တာ ဟိုတလောကပဲ ဘန်ကောက်ကို ရိုဟင်ဂျာ ၂ သုတ် ရောက်လာသေးတယ်။ ဒီကိစ္စတွေက သူတို့မပါဘဲ ဘယ်လို့မှ မဖြစ်နိုင်တာလေ။"

အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြီးခဲ့တဲ့နှစ် ဇွန်လထဲမှာ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာတဝန်းက လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာမှာတော့ မြန်မာနိုင်ငံဟာ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် ထိထိရောက်ရောက် ဆောင်ရွက်မှုမရှိတဲ့ အနိမ့်ဆုံးအဆင့် နိုင်ငံစာရင်းမှာ ထည့်သွင်းဖော်ပြခဲ့တာပါ။ မြန်မာနိုင်ငံသားတွေနဲ့ ဆက်စပ်တဲ့ လူမှောင်ခိုမှုတွေ ရှိနေတဲ့ ထိုင်းနိုင်ငံကတော့ tire 2 စောင့်ကြည့်အဆင့်မှာ ထည့်သွင်းထားဆဲ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG