သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းလူေမွာင္ခိုဂိုဏ္း ႏွိမ္နင္းၿပီး တရားမဝင္ ျမန္မာႏုိင္ငံသား ၃၀ ဖမ္းဆီးခံရ


ထိုင္းလဝက လူေမွာင္ခုိဂိုဏ္းနဲ႔ ပတ္သက္ၿပီး ျပဳလုပ္တဲ့ သတင္းစာရွင္းလင္းပဲြ။ (စက္တင္ဘာ ၁၀၊ ၂၀၂၀။)

(Zawgyi / Unicode)

ထိုင္း-ျမန္မာနယ္စပ္ ေသာင္ရင္းျမစ္နားက လူေမွာင္ခိုဂိုဏ္းတခုကို ႏွိမ္နင္းၿပီး လူပြဲစားေတြေခၚလာတဲ့ ျမန္မာႏုိင္ငံသား အေယာက္ ၃၀ ကို ထိုင္းအာဏာပိုင္ေတြက ဖမ္းဆီးလိုက္ပါတယ္။ အျပည့္အစုံကို ထုိင္းအေျခစုိက္ ဗြီအိုေအ ျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

အိ္မ္နီးခ်င္း ျမန္မာႏို္င္ငံမွာ ကုိဗစ္ကပ္ေရာဂါ ျဖစ္ပြားမႈႏႈန္း မ်ားျပားလာခ်ိန္မွာ ထိုင္း-ျမန္မာနယ္စပ္ ေသာင္ရင္းျမစ္နေဘးက တရားမဝင္ ျမန္မာနိုင္ငံသား ၃၀ ကို လက္ခံထားတဲ့ ထုိင္းႏုိင္ငံသားနဲ႔ ျမန္မာႏုိ္င္ငံသားေတြပါတဲ့ လူေမွာင္ခိုဂိုဏ္းကုိ ထုိ္င္းအာဏာပုိင္ေတြက ဖမ္းမိခဲ့ပါတယ္။

ျမန္မာနိုင္ငံအတြင္းက COVID-19 ေရာဂါပိုး ကူးဆက္လာေနမႈဟာ နယ္စပ္ေဒသကတဆင့္ ထိုင္းႏုိင္ငံတြင္း ျပန္႔ပြားလာမွာကို စိုးရိမ္လာေနတာေၾကာင့္ ထိုင္းအစိုးရဟာ နယ္စပ္လံုၿခံဳေရးနဲ႔ ေစာင့္ၾကည့္စစ္ေဆးမႈေတြကို တိုးျမႇင့္လုပ္ေဆာင္လာေနခ်ိန္မွာ ခုလို လူကုန္ကူးဂိုဏ္းေတြကို ဆက္တိုက္ဖမ္းဆီးေနတာပါ။

ထိုင္းႏုိင္ငံ တာ့ခ္ခ႐ုိင္ Tha Song Yang ၿမိဳ႕နယ္ Mae Sariang လမ္းမေပၚမွာ ျမန္မာႏုိင္ငံသား ၁၆ ဦးကုိ တင္ေဆာင္ေမာင္းႏွင္လာတဲ့ ပစ္ကပ္ကားတစီးကို နယ္ေျမ လဝကတပ္ဖြဲ႔က ႀကိဳတင္သတင္းရထားလို႔ လမ္းေတြကို ပိတ္ဆို႔ဖမ္းဆီးႏုိင္ခဲ့ရာကေန လူေမွာင္ခိုဂိုဏ္းကို ေျခရာခံမိတာ ျဖစ္ပါတယ္။

ထိုင္းႏုိင္ငံသား ကားေမာင္းသူရဲ႕ ေဖာ္ထုတ္ခ်က္အရ Tha Song Yang ၿမိဳ႕နယ္ ေသာင္ရင္းျမစ္ေခၚ မိုးေရးျမစ္ကမ္းနေဘးမွာရွိတဲ့ ေနအိမ္တလုံးမွာ ေနာက္ထပ္ ျမန္မာႏုိင္ငံသားေတြ ရွိေနေသးတာကို သိရွိခဲ့ရၿပီး ေနအိမ္ကို သြားေရာက္ရွာေဖြခဲ့ၿပီး ေနအိမ္အတြင္းမွာ ပြဲစားကားလာေခၚတာကို ေစာင့္ေနၾကတဲ့ ေနာက္ထပ္ ျမန္မာႏုိင္ငံသား ၁၄ ဦးကို ထပ္မံဖမ္းဆီးႏုိင္ခဲ့ၿပီး လူေမွာင္ခိုပြဲစား ထိုင္းႏုိင္ငံသား တဦးကိုပါ ဖမ္းဆီးႏုိင္ခဲ့ပါတယ္။

ဖမ္းဆီးခံရတဲ့ ျမန္မာႏုိင္ငံသား ၃၀ ဟာ အေထာက္အထား စာရြက္စာတမ္းမရွိ ခိုးဝင္လာသူေတြျဖစ္ၿပီး ထိုင္းႏုိင္ငံမွာ အလုပ္ရဖို႔ အလုပ္ရွာေဖြေရး ေအးဂ်င့္ေတြနဲ႔ ဆက္သြယ္ၿပီး ေရာက္လာခဲ့ၾကတာလို႔ ဆိုပါတယ္။

ဘန္ေကာက္ၿမိဳ႕ လူဝင္မႈႀကီးၾကပ္ေရးဗ်ဴ႐ုိမွာ လဝက ဒုဗိုလ္ခ်ဳပ္ Sompong Chingduang က စက္တင္ဘာလ ၁၀ ရက္ေန႔က လုပ္တဲ့ သတင္းစာရွင္းလင္းပဲြအတြင္း အခုလို ေျပာဆုိသြားပါတယ္။

“ဒီလူေမွာင္ခုိးဂိုဏ္းကို ဖမ္းဆီးႏုိင္တာကေတာ့ တာ့ခ္ခ႐ုိင္ အမွတ္ ၅ နယ္ေျမက လဝကတပ္ဖဲြ႔ဝင္ေတြရဲ႕ ႀကိဳးစားေဖာ္ထုတ္မႈေၾကာင့္ ျဖစ္ပါတယ္။ အခုခ်ိန္က ႏွစ္ႏုိင္ငံ နယ္စပ္ကေန ကိုဗစ္ကပ္ေရာဂါပုိး ကူးစက္လာမယ့္အေရး အႏၱရာယ္ရွိေနတဲ့အခ်ိန္မွာ နယ္စပ္တေလွ်ာက္မွာ ဝင္ေရာက္လာေနတဲ့ ျမန္မာႏုိင္ငံသားေတြကိုေရာ သူတို႔ကုိ လက္ခံေနထုိင္ခြင့္ေပးထားတဲ့ ထုိင္းႏုိင္ငံသားေတြေရာ တည္ဆဲဥပေဒနဲ႔ အေရးယူသြားမွာ ျဖစ္ပါတယ္။ ဒီအတြက္ မသကၤာစရာေတြ ေတြ႔တယ္ဆိုရင္ ထုိင္းလူထုက သတင္းေပးၾကပါ” လို႔ ထုိင္းဘာသာနဲ႔ ေျပာဆုိသြားတာပါ။

ဖမ္းဆီးခံရတဲ့ ျမန္မာႏုိင္ငံသားေတြကုိေတာ့ ကပ္ေရာဂါကာလ ႏုိင္ငံတြင္း တရားမဝင္ ဝင္ေရာက္လာမႈ ကပ္ေရာဂါကာလ နယ္ေျမျဖတ္သန္းမႈ ပုဒ္မ ၁/၂၅၆၃ နဲ႔ ၃/၂၅၆၃ အရ အေရးယူသြားမွာျဖစ္တယ္လို႔ ထုတ္ျပန္သြားပါတယ္။

ကားေမာင္းသူနဲ႔ လူပြဲစား ထိုင္းႏုိင္ငံသား ၂ ဦးကိုေတာ့ လိုအပ္တဲ့ စစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္ေနၿပီး လူကုန္ကူးမႈမွာ ဆက္ႏႊယ္ေနတဲ့သူေတြ အားလံုးကို ဆက္လက္ေဖာ္ထုတ္ အေရးယူသြားမွာျဖစ္တယ္လို႔ ေျပာဆုိသြားပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

ထိုင်းလူမှောင်ခိုဂိုဏ်း နှိမ်နင်းပြီး တရားမဝင် မြန်မာနိုင်ငံသား ၃၀ ဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်နားက လူမှောင်ခိုဂိုဏ်းတခုကို နှိမ်နင်းပြီး လူပွဲစားတွေခေါ်လာတဲ့ မြန်မာနိုင်ငံသား အယောက် ၃၀ ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

အိမ်နီးချင်း မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားမှုနှုန်း များပြားလာချိန်မှာ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်နဘေးက တရားမဝင် မြန်မာနိုင်ငံသား ၃၀ ကို လက်ခံထားတဲ့ ထိုင်းနိုင်ငံသားနဲ့ မြန်မာနိုင်ငံသားတွေပါတဲ့ လူမှောင်ခိုဂိုဏ်းကို ထိုင်းအာဏာပိုင်တွေက ဖမ်းမိခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်းက COVID-19 ရောဂါပိုး ကူးဆက်လာနေမှုဟာ နယ်စပ်ဒေသကတဆင့် ထိုင်းနိုင်ငံတွင်း ပြန့်ပွားလာမှာကို စိုးရိမ်လာနေတာကြောင့် ထိုင်းအစိုးရဟာ နယ်စပ်လုံခြုံရေးနဲ့ စောင့်ကြည့်စစ်ဆေးမှုတွေကို တိုးမြှင့်လုပ်ဆောင်လာနေချိန်မှာ ခုလို လူကုန်ကူးဂိုဏ်းတွေကို ဆက်တိုက်ဖမ်းဆီးနေတာပါ။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် Tha Song Yang မြို့နယ် Mae Sariang လမ်းမပေါ်မှာ မြန်မာနိုင်ငံသား ၁၆ ဦးကို တင်ဆောင်မောင်းနှင်လာတဲ့ ပစ်ကပ်ကားတစီးကို နယ်မြေ လဝကတပ်ဖွဲ့က ကြိုတင်သတင်းရထားလို့ လမ်းတွေကို ပိတ်ဆို့ဖမ်းဆီးနိုင်ခဲ့ရာကနေ လူမှောင်ခိုဂိုဏ်းကို ခြေရာခံမိတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံသား ကားမောင်းသူရဲ့ ဖော်ထုတ်ချက်အရ Tha Song Yang မြို့နယ် သောင်ရင်းမြစ်ခေါ် မိုးရေးမြစ်ကမ်းနဘေးမှာရှိတဲ့ နေအိမ်တလုံးမှာ နောက်ထပ် မြန်မာနိုင်ငံသားတွေ ရှိနေသေးတာကို သိရှိခဲ့ရပြီး နေအိမ်ကို သွားရောက်ရှာဖွေခဲ့ပြီး နေအိမ်အတွင်းမှာ ပွဲစားကားလာခေါ်တာကို စောင့်နေကြတဲ့ နောက်ထပ် မြန်မာနိုင်ငံသား ၁၄ ဦးကို ထပ်မံဖမ်းဆီးနိုင်ခဲ့ပြီး လူမှောင်ခိုပွဲစား ထိုင်းနိုင်ငံသား တဦးကိုပါ ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသား ၃၀ ဟာ အထောက်အထား စာရွက်စာတမ်းမရှိ ခိုးဝင်လာသူတွေဖြစ်ပြီး ထိုင်းနိုင်ငံမှာ အလုပ်ရဖို့ အလုပ်ရှာဖွေရေး အေးဂျင့်တွေနဲ့ ဆက်သွယ်ပြီး ရောက်လာခဲ့ကြတာလို့ ဆိုပါတယ်။

ဘန်ကောက်မြို့ လူဝင်မှုကြီးကြပ်ရေးဗျူရိုမှာ လဝက ဒုဗိုလ်ချုပ် Sompong Chingduang က စက်တင်ဘာလ ၁၀ ရက်နေ့က လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အခုလို ပြောဆိုသွားပါတယ်။

“ဒီလူမှောင်ခိုးဂိုဏ်းကို ဖမ်းဆီးနိုင်တာကတော့ တာ့ခ်ခရိုင် အမှတ် ၅ နယ်မြေက လဝကတပ်ဖွဲ့ဝင်တွေရဲ့ ကြိုးစားဖော်ထုတ်မှုကြောင့် ဖြစ်ပါတယ်။ အခုချိန်က နှစ်နိုင်ငံ နယ်စပ်ကနေ ကိုဗစ်ကပ်ရောဂါပိုး ကူးစက်လာမယ့်အရေး အန္တရာယ်ရှိနေတဲ့အချိန်မှာ နယ်စပ်တလျှောက်မှာ ဝင်ရောက်လာနေတဲ့ မြန်မာနိုင်ငံသားတွေကိုရော သူတို့ကို လက်ခံနေထိုင်ခွင့်ပေးထားတဲ့ ထိုင်းနိုင်ငံသားတွေရော တည်ဆဲဥပဒေနဲ့ အရေးယူသွားမှာ ဖြစ်ပါတယ်။ ဒီအတွက် မသင်္ကာစရာတွေ တွေ့တယ်ဆိုရင် ထိုင်းလူထုက သတင်းပေးကြပါ” လို့ ထိုင်းဘာသာနဲ့ ပြောဆိုသွားတာပါ။

ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေကိုတော့ ကပ်ရောဂါကာလ နိုင်ငံတွင်း တရားမဝင် ဝင်ရောက်လာမှု ကပ်ရောဂါကာလ နယ်မြေဖြတ်သန်းမှု ပုဒ်မ ၁/၂၅၆၃ နဲ့ ၃/၂၅၆၃ အရ အရေးယူသွားမှာဖြစ်တယ်လို့ ထုတ်ပြန်သွားပါတယ်။

ကားမောင်းသူနဲ့ လူပွဲစား ထိုင်းနိုင်ငံသား ၂ ဦးကိုတော့ လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေပြီး လူကုန်ကူးမှုမှာ ဆက်နွှယ်နေတဲ့သူတွေ အားလုံးကို ဆက်လက်ဖော်ထုတ် အရေးယူသွားမှာဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG