သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာလုပ္သား အမ်ားစုရွိတ့ဲ ထိုင္းေတာင္ပိုင္းမွာ ကိုဗစ္ကာကြယ္ေရး တင္းက်ပ္


ရေနာင္းဘက္ျခမ္းက ငါးအတင္အခ်လုပ္ေနတဲ့ ဂိုေဒါင္မ်ားနဲ႔ ေလွဆိပ္မ်ား။ (ဓာတ္ပုံ - FED)

(Zawgyi / Unicode)

အိမ္နီးခ်င္း ျမန္မာႏုိင္ငံမွာ ကိုဗစ္ေရာဂါျဖစ္ႏႈန္း မ်ားလာတာကို စိုးရိမ္တာေၾကာင့္ ထုိင္းေတာင္ပုိင္း ဖန္ငခ႐ုိင္မွာ က်န္းမာေရး အစီအမံေတြကို တင္းတင္းက်ပ္က်ပ္ ျပန္ထုတ္လာပါတယ္။ အျပည့္အစုံကို ထုိင္းအေျခစုိက္ ဗြီအိုေအ ျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ထိုင္းႏုိင္ငံမွာ ၃ လတာအတြင္း ျပည္တြင္းကူးစက္မႈ မရွိဘူးဆိုၿပီး ေျပာဆုိထားၿပီး ေျဖေလွ်ာ့မႈေတြ လုပ္ထားရာကေန ပထမဦးဆံုး ျပန္လည္တင္းက်ပ္လာတာကေတာ့ ျမန္မာေရႊ႕ေျပာင္း အလုပ္သမား အမ်ားစု အလုပ္လုပ္ကုိင္ေနတ့ဲ ဖန္ငခ႐ုိင္ ျဖစ္ပါတယ္။ ဒီအေျခအေနကိုေတာ့ ပညာေရးနဲ႔ ဖြံ႔ၿဖိဳးေရး ေဖာင္ေဒးရွင္းက အလုပ္သမားေရး တက္ႂကြလႈပ္ရွားသူ ဦးမင္းဦးက ေျပာျပပါတယ္။

“ဖန္ငခ႐ုိင္ဝန္က ၿမိဳ႕နယ္ဦးစီးမွဴးေတြ အကုန္လုံးကုိ ေခၚၿပီး ျမန္မာႏိုင္ငံက ျဖစ္ေနတဲ့ ကုိဗစ္ကပ္ေရာဂါ အေျခအေန ျဖစ္ေနတာကို စိုးရိမ္တာေပါ့။ ျမန္မာေတြက တရားမဝင္ ျပန္ဝင္ျပန္ထြက္တာေတြ မိသားစုေတြကတဆင့္ နယ္ေျမခံေတြကို ကူးစက္မွာကို စိုးရိမ္တယ္။ Mask ႏွာေခါင္းပိတ္ေတြ မျဖစ္မေန တပ္ရမယ္။ လူစုလူေဝး ေရာဂါကူးစက္ႏုိင္တာမ်ိဳး မလုပ္ဖို႔၊ ေရာဂါျဖစ္ေနတဲ့ ေနရာကို သြားတယ္ဆုိရင္ ျပန္လာရင္ ကုိယ့္အိမ္မွာ ၁၄ ရက္ Home Stay မျဖစ္မေန ေနဖို႔၊ နယ္ေျမခံ အာဏာပုိင္ေတြကို အေၾကာင္းၾကားရမယ္။ မလိုက္နာရင္ တည္ဆဲဥပေဒအရ ကိုဗစ္ကာကြယ္ထိန္းခ်ဳပ္ေရး ဥပေဒအရ အေရးယူမယ္ဆုိၿပီး ျပန္တင္းက်ပ္တယ္။ ဒါက ပထမဦးဆံုးခ႐ုိင္ပဲ ထိုင္းႏုိင္ငံမွာ၊ စည္ကမ္းတင္းက်ပ္တာကို ျပန္ထုတ္တာေလ ၃ လတာကာလအတြင္းမွာေပါ့ေလ။”

ဒီရက္ပုိင္းမွာပဲ ရေနာင္းၿမိဳ႕ေတာ္ဝန္ မစၥတာ က်သူဖုန္ ပီယမ္ဘြတ္က ထိုင္း ကိုဗစ္ကပ္ေရာဂါ ကာကြယ္ေစာင့္ေရွာက္ေရး ေကာ္မတီနဲ႔ ေရလုပ္ငန္းပိုင္ရွင္ ၆၀ ဦး အပါအဝင္ ဌာနဆိုင္ရာ တာဝန္ရွိသူေတြနဲ႔ အထူးအစည္းအေဝး ျပဳလုပ္ခဲ့ရာမွာေတာ့ ျမန္မာဘက္က ဝင္လာတဲ့ ေလွလမ္းေတြက ကုန္ေတြနဲ႔အတူ လူေတြ အဝင္အထြက္ေတြ လုပ္လာမွာကို ေသခ်ာစစ္ေဆးဖို႔ေတြကိုလည္း လုပ္ေဆာင္ခဲ့တယ္လို႔ ဦးမင္းဦးက ေျပာျပပါတယ္။

“အဝင္အထြက္ေတြကို ျပန္စိစစ္ဖို႔၊ နယ္စပ္ပိတ္ထားေပမယ့္ ကုန္ပစၥည္းေတြက အဝင္အထြက္ရွိတယ္။ လူေတြကို ေစာင့္ၾကည့္ဖို႔ ကမ္းမတက္ဖို႔၊ အဲဒီဘက္ကလူေတြလာရင္ သတ္မွတ္ထားတဲ့ ေနရာမွာပဲ ေနဖုိ႔၊ ၇ နာရီအတြင္းကို ျပန္သြားရမယ္၊ ကုန္းလမ္း ေရလမ္းသာမက ေဝဟင္ကပါ ေစာင့္ၾကည့္တာေတြ လုပ္ေနၾကတယ္။ အခုက ပုိၿပီး တင္းက်ပ္တယ္။ ေလွေတြလာရင္ ဘယ္ေနရာမွာ ကမ္းကပ္မလဲ၊ အဲဒီေနရာမွာ ေနရမယ္။ ကုန္ခ်မယ္ စစ္ေဆးမယ္၊ အဲဒီေနရာကေန ဒီဘက္ျခမ္းကုိ ေပးမတက္ဘူး။”

ဒီလို စည္းကမ္းသတ္မွတ္ခ်က္ေတြကို မလိုက္နာရင္ အေရးယူမယ္လို႔ ထုိင္းအာဏာပုိင္ေတြက သတင္းထုတ္ျပန္ခဲ့တာပါ။ ၿပီးခဲ့တဲ့ ရက္ပိုင္းကေတာ့ ျမန္မာေရႊ႕ေျပာင္းအလုပ္သမား ကေလးငယ္ေတြ ဖ်ားနာမႈကစလို႔ တရားမဝင္ လာေရာက္တည္းခို္ေနတဲ့ သူတို႔မိသားစုေတြပါ က်န္းမာေရး စစ္ေဆးခံရၿပီး ထုိင္းေတာင္ပုိင္းမွာ စာသင္ေက်ာင္း ၃ ေက်ာင္း ပိတ္ထားရပါတယ္။

ျမန္မာႏုိင္ငံဘက္ကေန တရားမဝင္ ဝင္ေရာက္လာသူေတြကို ေတြ့တာနဲ႔ သတင္းေပးၾကဖို႔ကုိလည္း ထုိင္းလူထုကို ႏႈိးေဆာ္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

မြန်မာလုပ်သား အများစုရှိတဲ့ ထိုင်းတောင်ပိုင်းမှာ ကိုဗစ်ကာကွယ်ရေး တင်းကျပ်

အိမ်နီးချင်း မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါဖြစ်နှုန်း များလာတာကို စိုးရိမ်တာကြောင့် ထိုင်းတောင်ပိုင်း ဖန်ငခရိုင်မှာ ကျန်းမာရေး အစီအမံတွေကို တင်းတင်းကျပ်ကျပ် ပြန်ထုတ်လာပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

ထိုင်းနိုင်ငံမှာ ၃ လတာအတွင်း ပြည်တွင်းကူးစက်မှု မရှိဘူးဆိုပြီး ပြောဆိုထားပြီး ဖြေလျှော့မှုတွေ လုပ်ထားရာကနေ ပထမဦးဆုံး ပြန်လည်တင်းကျပ်လာတာကတော့ မြန်မာရွှေ့ပြောင်း အလုပ်သမား အများစု အလုပ်လုပ်ကိုင်နေတဲ့ ဖန်ငခရိုင် ဖြစ်ပါတယ်။ ဒီအခြေအနေကိုတော့ ပညာရေးနဲ့ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းက အလုပ်သမားရေး တက်ကြွလှုပ်ရှားသူ ဦးမင်းဦးက ပြောပြပါတယ်။

“ဖန်ငခရိုင်ဝန်က မြို့နယ်ဦးစီးမှူးတွေ အကုန်လုံးကို ခေါ်ပြီး မြန်မာနိုင်ငံက ဖြစ်နေတဲ့ ကိုဗစ်ကပ်ရောဂါ အခြေအနေ ဖြစ်နေတာကို စိုးရိမ်တာပေါ့။ မြန်မာတွေက တရားမဝင် ပြန်ဝင်ပြန်ထွက်တာတွေ မိသားစုတွေကတဆင့် နယ်မြေခံတွေကို ကူးစက်မှာကို စိုးရိမ်တယ်။ Mask နှာခေါင်းပိတ်တွေ မဖြစ်မနေ တပ်ရမယ်။ လူစုလူဝေး ရောဂါကူးစက်နိုင်တာမျိုး မလုပ်ဖို့၊ ရောဂါဖြစ်နေတဲ့ နေရာကို သွားတယ်ဆိုရင် ပြန်လာရင် ကိုယ့်အိမ်မှာ ၁၄ ရက် Home Stay မဖြစ်မနေ နေဖို့၊ နယ်မြေခံ အာဏာပိုင်တွေကို အကြောင်းကြားရမယ်။ မလိုက်နာရင် တည်ဆဲဥပဒေအရ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး ဥပဒေအရ အရေးယူမယ်ဆိုပြီး ပြန်တင်းကျပ်တယ်။ ဒါက ပထမဦးဆုံးခရိုင်ပဲ ထိုင်းနိုင်ငံမှာ၊ စည်ကမ်းတင်းကျပ်တာကို ပြန်ထုတ်တာလေ ၃ လတာကာလအတွင်းမှာပေါ့လေ။”

ဒီရက်ပိုင်းမှာပဲ ရနောင်းမြို့တော်ဝန် မစ္စတာ ကျသူဖုန် ပီယမ်ဘွတ်က ထိုင်း ကိုဗစ်ကပ်ရောဂါ ကာကွယ်စောင့်ရှောက်ရေး ကော်မတီနဲ့ ရေလုပ်ငန်းပိုင်ရှင် ၆၀ ဦး အပါအဝင် ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ အထူးအစည်းအဝေး ပြုလုပ်ခဲ့ရာမှာတော့ မြန်မာဘက်က ဝင်လာတဲ့ လှေလမ်းတွေက ကုန်တွေနဲ့အတူ လူတွေ အဝင်အထွက်တွေ လုပ်လာမှာကို သေချာစစ်ဆေးဖို့တွေကိုလည်း လုပ်ဆောင်ခဲ့တယ်လို့ ဦးမင်းဦးက ပြောပြပါတယ်။

“အဝင်အထွက်တွေကို ပြန်စိစစ်ဖို့၊ နယ်စပ်ပိတ်ထားပေမယ့် ကုန်ပစ္စည်းတွေက အဝင်အထွက်ရှိတယ်။ လူတွေကို စောင့်ကြည့်ဖို့ ကမ်းမတက်ဖို့၊ အဲဒီဘက်ကလူတွေလာရင် သတ်မှတ်ထားတဲ့ နေရာမှာပဲ နေဖို့၊ ၇ နာရီအတွင်းကို ပြန်သွားရမယ်၊ ကုန်းလမ်း ရေလမ်းသာမက ဝေဟင်ကပါ စောင့်ကြည့်တာတွေ လုပ်နေကြတယ်။ အခုက ပိုပြီး တင်းကျပ်တယ်။ လှေတွေလာရင် ဘယ်နေရာမှာ ကမ်းကပ်မလဲ၊ အဲဒီနေရာမှာ နေရမယ်။ ကုန်ချမယ် စစ်ဆေးမယ်၊ အဲဒီနေရာကနေ ဒီဘက်ခြမ်းကို ပေးမတက်ဘူး။”

ဒီလို စည်းကမ်းသတ်မှတ်ချက်တွေကို မလိုက်နာရင် အရေးယူမယ်လို့ ထိုင်းအာဏာပိုင်တွေက သတင်းထုတ်ပြန်ခဲ့တာပါ။ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ မြန်မာရွှေ့ပြောင်းအလုပ်သမား ကလေးငယ်တွေ ဖျားနာမှုကစလို့ တရားမဝင် လာရောက်တည်းခိုနေတဲ့ သူတို့မိသားစုတွေပါ ကျန်းမာရေး စစ်ဆေးခံရပြီး ထိုင်းတောင်ပိုင်းမှာ စာသင်ကျောင်း ၃ ကျောင်း ပိတ်ထားရပါတယ်။

မြန်မာနိုင်ငံဘက်ကနေ တရားမဝင် ဝင်ရောက်လာသူတွေကို တွေ့တာနဲ့ သတင်းပေးကြဖို့ကိုလည်း ထိုင်းလူထုကို နှိုးဆော်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG