သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကူးစက္မႈထိမ္းခ်ဳပ္ေရး ထိုင္းဘက္ျခမ္းနယ္စပ္တင္းၾကပ္မႈ လုပ္လာ


ထိုင္းေျမာက္ပုိင္းမွာ ခိုး၀င္းလာသူေတြကို ျမန္မာ နယ္စပ္ျပန္ပု့ိေနတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - ထိုင္းနယ္ျခားေစာင့္တပ္ - စက္တင္ဘာ ၂၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ကိုဗစ္ကပ္ေရာဂါ ကူးစက္မႈေတြ တုိးလာေနတဲ့အေပၚ စုိးရိမ္မႈေတြေၾကာင့္ အိမ္နီးခ်င္း ထုိင္းႏုိင္ငံက နယ္စပ္ေဒသေတြမွာ ေရာဂါကူးစက္မႈ ထိန္းခ်ဳပ္ကာကြယ္ေရး တုိးျမွင့္ေဆာင္ရြက္ေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ထိုင္းေျမာက္ပုိင္းမွာ ခိုး၀င္းလာသူေတြကို ျမန္မာ နယ္စပ္ျပန္ပု့ိေနတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - ထိုင္းနယ္ျခားေစာင့္တပ္ - စက္တင္ဘာ ၂၊ ၂၀၂၀)
ထိုင္းေျမာက္ပုိင္းမွာ ခိုး၀င္းလာသူေတြကို ျမန္မာ နယ္စပ္ျပန္ပု့ိေနတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - ထိုင္းနယ္ျခားေစာင့္တပ္ - စက္တင္ဘာ ၂၊ ၂၀၂၀)

ျမန္မာႏုိင္ငံနဲ႔ နယ္စပ္ေဒသေတြမွာ ကပ္ေရာဂါကာကြယ္ ထိန္းခ်ဳပ္ေရး အစီအစဥ္ေတြကုိ ထုိင္းႏုိင္ငံက ဆက္လက္ တုိးျမွင့္လာေနရာမွာ အခုေနာက္ဆုံး အဓိကနယ္စပ္ဆက္သြယ္ေရးလမ္းေၾကာင္းျဖစ္တဲ့ တာ့ခ္ခရိုင္မွာ ဆုိရင္လည္း အ၀င္အထြက္ေတြကုိ တင္းၾကပ္လုိက္ပါတယ္။ ျမ၀တီဘက္က ၀င္လာေနတဲ့ ကုန္တင္ကားေတြမွာ ကားေမာင္းသူနဲ ့ ေနာက္လိုက္တစ္ဦးသာခြင္ျပဳျပီး လူပိုတင္ေဆာင္ခြင့္ မျပဳေၾကာင္း တပ္ခရိုင္ အုပ္ခ်ဳပ္ေရးမွဴး ရံုးက ဒီကေန႔ ေၾကညာခ်က္ ထုတ္ျပန္လုိက္ၿပီးေနာက္ နယ္စပ္အ၀င္အထြက္မွာ ႀကံဳရတဲ့ အေျခအေနေတြကုိေတာ့ ျမ၀တီၿမိဳ႕က ကားသမားတဦးက အခုလုိ ေျပာျပပါတယ္။

"ဒီေန႔မွာထုတ္ျပန္တာ မနက္ျဖန္ မရေတာ့ဘူး၊ ဒီေန႔ေတာ့ ရေသးတယ္။ စပါယ္ယာတဦး ရေသးတယ္ မနက္ျဖန္မရေတ့ာဘူး ကုန္သြယ္ေတြကေတာ့ သူကားနဲ႔ သူလာရင္ရေသးတယ္ ေျခာက္ဘီး ကားက်ေတာ့ လူတဦးလိုက္လို႔ ရတယ္။ ေလးဘီးကားက်ေတာ့ တေယာက္ပဲသြားလို႔ရတယ္။ ေျခာက္ဘီးကားက်ေတာ့ လူတေယာက္လိုက္လို႔ ရတယ္။ ပစၥည္းတင္၊ ၀ုိင္းတင္၊ ၀ိုင္းခ် အဲ့ဒီလိုမ်ိဳးေပါ့။"

ထိုင္းျမန္မာနယ္စပ္ တပ္ခရိုင္ဟာ ထိုင္းျမန္မာ ကုန္သြယ္ေရးရဲ႕ အဓိက တံခါးေပါက္ ျဖစ္သလို ျမန္မာနိုင္ငံသားေတြ အမ်ားဆံုး၀င္ထြက္ေနတဲ့ နယ္စပ္လည္းျဖစ္ပါတယ္။

ျမန္မာနိုင္ငံသား အမ်ားအျပားေနထိုင္ေနၾကတဲ့ တာခ္ခရိုင္ မဲေဆာက္ျမိဳ႕မွာ ကပ္ေရာဂါ ျပန့္ပြားမယ့္အႏၱရယ္ကုိ ၾကိဳတင္ျပင္ဆင္ ကာကြယ္ၾကဖို႔လည္း ထိုင္းက်န္းမာေရးဌာနက သတိေပးထားပါတယ္။

ထုိင္းႏုိင္ငံမွာ ေရာဂါကူးစက္မႈေတြ ေလ်ာ့နည္းလာတာေၾကာင့္ ကပ္ေရာဂါကာလ ကန္႔သတ္ထိန္းခ်ဳပ္မႈေတြကုိ ျပန္ေလွ်ာ့ေပးေနခ်ိန္မွာပဲ ျမန္မာႏုိင္ငံနယ္စပ္မွာေတာ့ ျပန္လည္တင္းၾကပ္လာေနတာပါ။ ေရာဂါကူးစက္မယ့္ အႏၱရာယ္ကုိ ထိန္းခ်ဳပ္ဖုိ႔ တရားမ၀င္ ၀င္ေရာက္သူေတြကုိလည္း ထိုင္းအာဏာပုိင္ေတြ ဆက္တုိက္ဆုိသလုိ ရွာေဖြစစ္ေဆး ဖမ္းဆီးေနပါတယ္။ မေန႔ညကလည္း ထိုင္းျမန္မာနယ္စပ္ မဲေဆာက္ျမိဳ႕ ထစိုင္လြတ္ရပ္ကြက္ ခ်စ္ၾကည္ေရး တံတားအနီး ေရလည္ကြ်န္းကိုျဖတ္ျပီး ျမန္မာႏိုင္ငံဘက္ကေန ထိုင္းဘက္ကို ၀င္ေရာက္လာတဲ့ တရုတ္နိုင္ငံသား ေျခာက္ ဦးနဲ ့ ျမန္မာနိုင္ငံသား သံုးဦးကို လံုျခံဳေရးတပ္ဖြဲ ့ကဖမ္းဆီးလိုက္ပါတယ္။

ျမန္မာနိုင္ငံက ကိုဗစ္ ၁၉ ေရာဂါဟာ နယ္စပ္ေဒသကတဆင့္ ထိုင္းဘက္ ျပန္႔ပြားလာမွာ ကာကြယ္တဲ့အေနနဲ ့ မဲေဆာက္ျမိဳ႕နယ္က ျမန္မာနိုင္ငံ နယ္နမိတ္နဲ ့ ထိစပ္ေနတဲ့ မိုေရးျမစ္အနီးက ထိုင္း ရပ္ကြက္ေတြ ထစိုင္လြတ္၊ မဲပ၊ မဲကစန္၊ မဲကို႔၊ မဲေသာင္ရပ္ကြက္ေတြက ျမန္မာနိုင္ငံသားေတြ သြားလာေနထိုင္မွုေတြကို ထိုင္းအာဏာပိုင္အဖြဲ ့ေပါင္းစံုက ေန ့ည မျပတ္ စစ္ေဆးေနပါတယ္။ ထို္င္းေျမာက္ပုိင္းမွာ နယ္စပ္ျဖတ္ေက်ာ္၀င္လာသူ ၁၀ ဦးထက္မနည္းကိုလည္း ထုိင္းအာဏာပုိင္ေတြက ျမန္မာႏိုင္ငံဘက္ ျပန္ေမာင္းထုတ္ခဲ့တယ္လုိ႔လည္း ေဒသခံသတင္းေတြက ေဖာ္ျပထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ကူးစက်မှုထိမ်းချုပ်ရေး ထိုင်းဘက်ခြမ်းနယ်စပ်တင်းကြပ်မှု လုပ်လာ

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေတဲ့အပေါ် စိုးရိမ်မှုတွေကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံက နယ်စပ်ဒေသတွေမှာ ရောဂါကူးစက်မှု ထိန်းချုပ်ကာကွယ်ရေး တိုးမြှင့်ဆောင်ရွက်နေတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံနဲ့ နယ်စပ်ဒေသတွေမှာ ကပ်ရောဂါကာကွယ် ထိန်းချုပ်ရေး အစီအစဉ်တွေကို ထိုင်းနိုင်ငံက ဆက်လက် တိုးမြှင့်လာနေရာမှာ အခုနောက်ဆုံး အဓိကနယ်စပ်ဆက်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ တာ့ခ်ခရိုင်မှာ ဆိုရင်လည်း အဝင်အထွက်တွေကို တင်းကြပ်လိုက်ပါတယ်။ မြဝတီဘက်က ဝင်လာနေတဲ့ ကုန်တင်ကားတွေမှာ ကားမောင်းသူနဲ့ နောက်လိုက်တစ်ဦးသာခွင်ပြုပြီး လူပိုတင်ဆောင်ခွင့် မပြုကြောင်း တပ်ခရိုင် အုပ်ချုပ်ရေးမှူး ရုံးက ဒီကနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပြီးနောက် နယ်စပ်အဝင်အထွက်မှာ ကြုံရတဲ့ အခြေအနေတွေကိုတော့ မြဝတီမြို့က ကားသမားတဦးက အခုလို ပြောပြပါတယ်။

"ဒီနေ့မှာထုတ်ပြန်တာ မနက်ဖြန် မရတော့ဘူး၊ ဒီနေ့တော့ ရသေးတယ်။ စပါယ်ယာတဦး ရသေးတယ် မနက်ဖြန်မရတေ့ာဘူး ကုန်သွယ်တွေကတော့ သူကားနဲ့ သူလာရင်ရသေးတယ် ခြောက်ဘီး ကားကျတော့ လူတဦးလိုက်လို့ ရတယ်။ လေးဘီးကားကျတော့ တယောက်ပဲသွားလို့ရတယ်။ ခြောက်ဘီးကားကျတော့ လူတယောက်လိုက်လို့ ရတယ်။ ပစ္စည်းတင်၊ ဝိုင်းတင်၊ ဝိုင်းချ အဲ့ဒီလိုမျိုးပေါ့။"

ထိုင်းမြန်မာနယ်စပ် တပ်ခရိုင်ဟာ ထိုင်းမြန်မာ ကုန်သွယ်ရေးရဲ့ အဓိက တံခါးပေါက် ဖြစ်သလို မြန်မာနိုင်ငံသားတွေ အများဆုံးဝင်ထွက်နေတဲ့ နယ်စပ်လည်းဖြစ်ပါတယ်။

မြန်မာနိုင်ငံသား အများအပြားနေထိုင်နေကြတဲ့ တာခ်ခရိုင် မဲဆောက်မြို့မှာ ကပ်ရောဂါ ပြန့်ပွားမယ့်အန္တရယ်ကို ကြိုတင်ပြင်ဆင် ကာကွယ်ကြဖို့လည်း ထိုင်းကျန်းမာရေးဌာနက သတိပေးထားပါတယ်။

ထိုင်းနိုင်ငံမှာ ရောဂါကူးစက်မှုတွေ လျော့နည်းလာတာကြောင့် ကပ်ရောဂါကာလ ကန့်သတ်ထိန်းချုပ်မှုတွေကို ပြန်လျှော့ပေးနေချိန်မှာပဲ မြန်မာနိုင်ငံနယ်စပ်မှာတော့ ပြန်လည်တင်းကြပ်လာနေတာပါ။ ရောဂါကူးစက်မယ့် အန္တရာယ်ကို ထိန်းချုပ်ဖို့ တရားမဝင် ဝင်ရောက်သူတွေကိုလည်း ထိုင်းအာဏာပိုင်တွေ ဆက်တိုက်ဆိုသလို ရှာဖွေစစ်ဆေး ဖမ်းဆီးနေပါတယ်။ မနေ့ညကလည်း ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့ ထစိုင်လွတ်ရပ်ကွက် ချစ်ကြည်ရေး တံတားအနီး ရေလည်ကျွန်းကိုဖြတ်ပြီး မြန်မာနိုင်ငံဘက်ကနေ ထိုင်းဘက်ကို ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ခြောက် ဦးနဲ့ မြန်မာနိုင်ငံသား သုံးဦးကို လုံခြုံရေးတပ်ဖွဲ့ကဖမ်းဆီးလိုက်ပါတယ်။

မြန်မာနိုင်ငံက ကိုဗစ် ၁၉ ရောဂါဟာ နယ်စပ်ဒေသကတဆင့် ထိုင်းဘက် ပြန့်ပွားလာမှာ ကာကွယ်တဲ့အနေနဲ့ မဲဆောက်မြို့နယ်က မြန်မာနိုင်ငံ နယ်နမိတ်နဲ့ ထိစပ်နေတဲ့ မိုရေးမြစ်အနီးက ထိုင်း ရပ်ကွက်တွေ ထစိုင်လွတ်၊ မဲပ၊ မဲကစန်၊ မဲကို့၊ မဲသောင်ရပ်ကွက်တွေက မြန်မာနိုင်ငံသားတွေ သွားလာနေထိုင်မှုတွေကို ထိုင်းအာဏာပိုင်အဖွဲ့ပေါင်းစုံက နေ့ည မပြတ် စစ်ဆေးနေပါတယ်။ ထိုင်းမြောက်ပိုင်းမှာ နယ်စပ်ဖြတ်ကျော်ဝင်လာသူ ၁၀ ဦးထက်မနည်းကိုလည်း ထိုင်းအာဏာပိုင်တွေက မြန်မာနိုင်ငံဘက် ပြန်မောင်းထုတ်ခဲ့တယ်လို့လည်း ဒေသခံသတင်းတွေက ဖော်ပြထားကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG