သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာေရြ႕ေျပာင္းကေလးငယ္ေတြတက္ေနတဲ့ စာသင္ေက်ာင္း (၃) ေက်ာင္း ထုိင္းပိတ္


Ban Kui Yae စာသင္ေက်ာင္းမွ ကေလးငယ္မ်ား အပူခ်ိန္တိုင္းေနစဥ္ (Photo: the school's Facebook account)

(Zawgyi/Unicode)

အိမ္နီးခ်င္း ျမန္မာႏိုင္ငံမွာ ကုိဗစ္ကပ္ေရာဂါပုိးရွိသူေတြ တုိးလာေနတာေၾကာင့္ ေရႊေျပာင္း ျမန္မာကေလးေတြရွိတဲ့ ထိုင္း-ျမန္မာနယ္စပ္ စာသင္ေက်ာင္း ၃ေက်ာင္း အေရးေပၚပိတ္ခဲ့တဲ့ အေၾကာင္း ေျပာျပပါမယ္။ VOA ျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာ ထုိင္း- ျမန္မာနယ္စပ္ကေန သတင္းေပးပုိ႔ထားပါတယ္။

ထိုင္းအာဏာပိုင္ေတြက အေရးေပၚပိ္တ္လိုက္ၿပီး ပိုးသတ္ေဆးေတြျဖန္း ကာကြယ္မႈေတြ ျပဳလုပ္ခဲ့ရတဲ့ ေက်ာင္းကေတာ့ ကမ္ခ်န ဘူရီ ခရိုင္ ေထာင္ပါပြန္း ၿမိဳ ့နယ္ အတြင္း မွာရွိတဲ့ Ban Kui Yae စာသင္ေက်ာင္းျဖစ္ပါတယ္။

ထိုင္းနဲ ့ျမန္မာ ေက်ာင္းသားေပါင္း ၈၅၇ (၈၀၀ေက်ာ္) စာသင္ၾကားေနတဲ့ ေက်ာင္းျဖစ္ပါတယ္။

အခုလို အေရးေပၚပိတ္ခဲ့ရတာအေျခအေနနဲ႔ ပတ္သက္လို့ထုိင္းေတာင္ပုိင္း အေျခစုိက္ပညာေရးနဲ႕ ဖြံ႕ၿဖိဳးေရးေဖာင္ေဒးရွင္းရဲ႕ အလုပ္သမားေရးရာနဲ႕ မွတ္တမ္းေရးရာတာ၀န္ခံ ဦးမင္းဦးကေျပာျပပါတယ္။

“ကမ္ခ်နဘူရီနဲ႔ ပကၽြတ္ကရိန္ကန္ ခရိုင္၂ခုရဲ ႔ နယ္စပ္ေတြမွာ ျဖစ္တာ ေက်ာင္းက သုံးေက်ာင္းေပါ့။ ယာယီပိတ္ထားရတယ္ ထုိင္းေက်ာင္းေတြျပႆနာျဖစ္တာကေတာ့ ထုိင္းေက်ာင္းမွာ တက္ေနတဲ့ ေက်ာင္းသားေတြရဲ႕ မိသားစု၀င္ေတြရဲ႕ အိမ္မွာ တရားမ၀င္ ျမန္မာႏိုင္ငံကေန ခုိး၀င္လာသူေတြက တည္းတယ္ အဲဒါကုိ သံသယျဖစ္လို႔ေပါ့ေနာ္။ ဒီဟာေတြသိၿပီးေတာ့ ေက်ာင္းအုပ္ေတြ ေက်ာင္းေတြက ယာယီ ပိတ္လိုက္ရတာေပါ့။ ကမ္ခ်နဘူရီက ၃ရက္ ခဏေစာင့္ႀကည့္မယ္။ ပကၽြတ္ကရိန္ကန္ဘက္က ေက်ာင္းေတြကေတာ့ ေက်ာင္း၂ေက်ာင္းက်ေတာ့ တပတ္ေစာင့္ၾကည့္မယ္။ ေက်ာင္းေတြပိတ္လိုက္တာေပါ့ ေက်ာင္းအတြက္ ပိုးသတ္ေဆးျဖန္းတာတုိ႔ ဆက္စပ္ေနတဲ့ မိသားစုေတြ အျပင္မထြက္ဖုိ႔ လိုအပ္တဲ့ ေစာင့္ၾကည့္ေရး စင္တာေတြကုိ ၀င္ဖုိ႔ေတြ ဒါေတြစီစစ္ေနတာေပါ့ေနာ္။”

ေက်ာင္းေတြ ပိတ္လိုက္ရတဲ့ အေျခအေနကေတာ့ တရားမ၀င္ ၀င္ေရာက္တဲ့ ျမန္မာသားေတြေၾကာင့္ ျဖစ္တယ္လို႔ ဦးမင္းဦးက ဆက္ေျပာျပပါတယ္။

“တရားမ၀င္ခိုး၀င္လာတဲ့ ျမန္မာသံုးေယာက္က ၾသဂုတ္လ ၂၃ရက္မွာ ၀င္လာတယ္ သူတုိ႔ကုိ ၃၁ရက္ေန႔မွာ ေနမေကာင္းလို႔ စစ္လိုက္တာ ကုိယ္ပူခ်ိန္စစ္လုိက္တဲ့ အခါမွာ အပူခ်ိန္ ၃၉ ေတြ ၄၀ေတြျဖစ္ေနတယ္။ အဲဒါေတြကုိသံသယျဖစ္တာေပါ့ေနာ္။”

ကမ္ခ်န ဘူရီ ခရိုင္ ေထာင္ပါပြန္းၿမိဳ ့နယ္အတြင္း မွာရွိတဲ့ Ban Kui Yae စာသင္ေက်ာင္းမွာေက်ာင္းသား ၈၀၀ေက်ာ္ရွိျပီး တုို္င္းရင္းသားကေလးေတြ အမ်ားအျပားေက်ာင္းတက္ေနသလို ့ ပက်ြတ္ကရိန္ကန္ ခရိုင္ ေဟြဟင္ ျမိဳ ့နယ္အတြင္းက Anan နဲ ့ Ban Huay Khrai ေက်ာင္းနွစ္ေက်ာင္း မွာေတာ့ေက်ာင္းသားဦးေရ ၅၀၀ေက်ာ္ရွိျပီး ကရင္နဲ ့ ျမန္မာ တိုင္းရင္းသား ကေလး ၃၀၀ ၀န္းက်င္ရွိတာပါ။ ဘန္ ့ေဟြခရိုင္ ေက်ာင္းမွာေက်ာင္းသား ၃၁၀မွာ ျမန္မာနိုင္ငံ သားကေလး ၄၅ ဦးရွိေနတယ္လို့ လည္း ပညာေရး၀န္ထမ္းေတြကို ကုိးကားျပီး ထုိင္းသတင္းေတြမွာ ေဖာ္ျပပါတယ္။

ျမိဳ ့နယ္အာဏာပိုင္ေတြက ေက်ာင္းနွစ္ေက်ာင္းကုိအေရးေပၚပိတ္ဖို ့ ဆံုးျဖတ္ရတာကေတာ့ အခုရက္ပိုင္းမွာ ေက်င္းသားေတြ ေနမေကာင္း ျဖစ္လာေနလို ့ ေက်ာင္းေကာင္စီက သက္ဆိုင္ရာ အေၾကာင္းၾကားျပီး ေက်ာင္းကိုယာယီပိ္တ္ထားဖို့ ေတာင္းဆိုခဲ့တာေႀကာင့္လုိ့ဆုိပါတယ္။

အလာတူ ထိုင္း-ျမန္မာနယ္စပ္ ျမ၀တီေသာင္ရင္းျမစ္ကို ကူးျပီးတရားမ၀င္ ၀င္လာသူေတြထဲက တဦးကလည္း ကုိယ္ပူခ်ိန္ျမင့္ျပီး ေဆးရံု တက္ေနရတယ္လို႔ ဆုိပါတယ္။ ဒီအတြက္ ထုိင္းႏိုင္ငံက စိုးရိမ္မူေတြ ပုိတိုးလာျပီး နယ္စပ္ေတြ တင္းတင္းၾကပ္ၾကပ္ပိတ္ဆုိ႔ စစ္ေဆးမူေတြ ဒီရက္ပုိ္င္းအတြင္း ဆက္တိုက္လုပ္လာတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

(Unicode)

အိမ်နီးချင်း မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါပိုးရှိသူတွေ တိုးလာနေတာကြောင့် ရွှေပြောင်း မြန်မာကလေးတွေရှိတဲ့ ထိုင်း-မြန်မာနယ်စပ်ကစာသင်ကျောင်း ၃ကျောင်း အရေးပေါ်ပိတ်ခဲ့တဲ့ အကြောင်း ပြောပြပါမယ်။ VOA မြန်မာပိုင်းသတင်းထောက် မအေးအေးမာ ထိုင်း- မြန်မာနယ်စပ်ကနေ သတင်းပေးပို့ထားပါတယ်။

ထိုင်းအာဏာပိုင်တွေက အရေးပေါ်ပိတ်လိုက်ပြီး ပိုးသတ်ဆေးတွေဖြန်း ကာကွယ်မှုတွေ ပြုလုပ်ခဲ့ရတဲ့ ကျောင်းကတော့ ကမ်ချန ဘူရီ ခရိုင် ထောင်ပါပွန်း မြို့နယ် အတွင်း မှာရှိတဲ့ Ban Kui Yae စာသင်ကျောင်းဖြစ်ပါတယ်။

ထိုင်းနဲ့မြန်မာ ကျောင်းသားပေါင်း ၈၅၇ (၈၀၀ကျော်) စာသင်ကြားနေတဲ့ ကျောင်းဖြစ်ပါတယ်။

အခုလို အရေးပေါ်ပိတ်ခဲ့ရတာအခြေအနေနဲ့ ပတ်သက်လို့ထိုင်းတောင်ပိုင်း အခြေစိုက်ပညာရေးနဲ့ ဖွံ့ဖြိုးရေးဖောင်ဒေးရှင်းရဲ့ အလုပ်သမားရေးရာနဲ့ မှတ်တမ်းရေးရာတာဝန်ခံ ဦးမင်းဦးကပြောပြပါတယ်။

“ကမ်ချနဘူရီနဲ့ ပကျွတ်ကရိန်ကန် ခရိုင်၂ခုရဲ့ နယ်စပ်တွေမှာ ဖြစ်တာ ကျောင်းက သုံးကျောင်းပေါ့။ ယာယီပိတ်ထားရတယ် ထိုင်းကျောင်းတွေပြဿနာဖြစ်တာကတော့ ထိုင်းကျောင်းမှာ တက်နေတဲ့ ကျောင်းသားတွေရဲ့ မိသားစုဝင်တွေရဲ့ အိမ်မှာ တရားမဝင် မြန်မာနိုင်ငံကနေ ခိုးဝင်လာသူတွေက တည်းတယ် အဲဒါကို သံသယဖြစ်လို့ပေါ့နော်။ ဒီဟာတွေသိပြီးတော့ ကျောင်းအုပ်တွေ ကျောင်းတွေက ယာယီ ပိတ်လိုက်ရတာပေါ့။ ကမ်ချနဘူရီက ၃ရက် ခဏစောင့်ကြည့်မယ်။ ပကျွတ်ကရိန်ကန်ဘက်က ကျောင်းတွေကတော့ ကျောင်း၂ကျောင်းကျတော့ တပတ်စောင့်ကြည့်မယ်။ ကျောင်းတွေပိတ်လိုက်တာပေါ့ ကျောင်းအတွက် ပိုးသတ်ဆေးဖြန်းတာတို့ ဆက်စပ်နေတဲ့ မိသားစုတွေ အပြင်မထွက်ဖို့ လိုအပ်တဲ့ စောင့်ကြည့်ရေး စင်တာတွေကို ဝင်ဖို့တွေ ဒါတွေစီစစ်နေတာပေါ့နော်။”

ကျောင်းတွေ ပိတ်လိုက်ရတဲ့ အခြေအနေကတော့ တရားမဝင် ဝင်ရောက်တဲ့ မြန်မာသားတွေကြောင့် ဖြစ်တယ်လို့ ဦးမင်းဦးက ဆက်ပြောပြပါတယ်။

“တရားမဝင်ခိုးဝင်လာတဲ့ မြန်မာသုံးယောက်က သြဂုတ်လ ၂၃ရက်မှာ ဝင်လာတယ် သူတို့ကို ၃၁ရက်နေ့မှာ နေမကောင်းလို့ စစ်လိုက်တာ ကိုယ်ပူချိန်စစ်လိုက်တဲ့ အခါမှာ အပူချိန် ၃၉ တွေ ၄၀တွေဖြစ်နေတယ်။ အဲဒါတွေကိုသံသယဖြစ်တာပေါ့နော်။”

ကမ်ချန ဘူရီ ခရိုင် ထောင်ပါပွန်းမြို့နယ်အတွင်း မှာရှိတဲ့ Ban Kui Yae စာသင်ကျောင်းမှာကျောင်းသား ၈၀၀ကျော်ရှိပြီး တိုင်းရင်းသားကလေးတွေ အများအပြားကျောင်းတက်နေသလို့ ပကျွတ်ကရိန်ကန် ခရိုင် ဟွေဟင် မြို့နယ်အတွင်းက Anan နဲ့ Ban Huay Khrai ကျောင်းနှစ်ကျောင်း မှာတော့ကျောင်းသားဦးရေ ၅၀၀ကျော်ရှိပြီး ကရင်နဲ့ မြန်မာ တိုင်းရင်းသား ကလေး ၃၀၀ ဝန်းကျင်ရှိတာပါ။ ဘန့်ဟွေခရိုင် ကျောင်းမှာကျောင်းသား ၃၁၀မှာ မြန်မာနိုင်ငံ သားကလေး ၄၅ ဦးရှိနေတယ်လို့ လည်း ပညာရေးဝန်ထမ်းတွေကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

မြို့နယ်အာဏာပိုင်တွေက ကျောင်းနှစ်ကျောင်းကိုအရေးပေါ်ပိတ်ဖို့ ဆုံးဖြတ်ရတာကတော့ အခုရက်ပိုင်းမှာ ကျေင်းသားတွေ နေမကောင်း ဖြစ်လာနေလို့ ကျောင်းကောင်စီက သက်ဆိုင်ရာ အကြောင်းကြားပြီး ကျောင်းကိုယာယီပိတ်ထားဖို့ တောင်းဆိုခဲ့တာကြောင့်လို့ဆိုပါတယ်။

အလာတူ ထိုင်း-မြန်မာနယ်စပ် မြဝတီသောင်ရင်းမြစ်ကို ကူးပြီးတရားမဝင် ဝင်လာသူတွေထဲက တဦးကလည်း ကိုယ်ပူချိန်မြင့်ပြီး ဆေးရုံ တက်နေရတယ်လို့ ဆိုပါတယ်။ ဒီအတွက် ထိုင်းနိုင်ငံက စိုးရိမ်မူတွေ ပိုတိုးလာပြီး နယ်စပ်တွေ တင်းတင်းကြပ်ကြပ်ပိတ်ဆို့ စစ်ဆေးမူတွေ ဒီရက်ပိုင်းအတွင်း ဆက်တိုက်လုပ်လာတာဖြစ်ပါတယ်။

XS
SM
MD
LG