သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာတွေအတွက် ထိုင်းဗီဇာအတုလုပ်သူ ထိုင်းအမျိုးသမီး အဖမ်းခံရ


အဖမ်းခံရတဲ့ ထိုင်းပွဲစားအမျိုးသမီးကို ဖန်သားပြင်ပေါ်မှာ ပြသနေတဲ့ မြင်ကွင်း။ (သြဂုတ် ၂၇၊ ၂၀၂၀)
အဖမ်းခံရတဲ့ ထိုင်းပွဲစားအမျိုးသမီးကို ဖန်သားပြင်ပေါ်မှာ ပြသနေတဲ့ မြင်ကွင်း။ (သြဂုတ် ၂၇၊ ၂၀၂၀)

[Zawgyi/Unicode]

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအတွက် ပြည်ဝင်ခွင့်ဗီဇာ ဝန်ဆောင်မှုပေးနေသူ အမျိုးသမီးတဦးဟာ ဗီဇာတံဆိပ်တုံး အတုလပ်မှုနဲ့ ဖမ်းဆီးခံလိုက်ရတဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံသားတွေအတွက် ပြည်ဝင်ခွင့်ဗီဇာ ဝန်ဆောင်မှုပေးရာမှာ တံဆိပ်တုံးအတု သုံးပြီး ဗီဇာသက်တမ်း တိုးပေးနေကြောင်း တွေ့ရှိခဲ့ပြီးနောက် ထိုင်းပွဲစားအမျိုးသမီးကို ဖမ်းဆီးအရေးယူခဲ့တာပါ။ အသက် ၃၃ နှစ်အရွယ် ထိုင်းအမျိုးသမီး ဆူကမ်ယာ ဆိုသူကို ဘန်ကောက်မြို့မှာ ဖမ်းဆီးအရေးယူခဲ့တဲ့ အကြောင်းကိုလည်း ထိုင်းလူဝင်မှု ကြီးကြပ်ရေးဌာန အကြီးအကဲ ပတီနီတန်နွန်တဆက်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံ သူတယောက်က ပြည်ဝင်ခွင့်ဗီဇာတံဆိပ်တုံးတွေ မှန်-မမှန် စစ်ဆေးပေးဖို့ လူဝင်မှုကြီးကြပ်ရေးရုံးမှာ လာရောက် အကူအညီတောင်းရာက အတုတွေ ဖြစ်နေတာတွေ့ရကြောင်း လူဝင်မှုကြီးကြပ်ရေးဌာန အကြီးအကဲက ပြောဆိုသွားတာာပါ။

အရေးယူခံထားရတဲ့ ထိုင်းအမျိုးသမီးဟာ မြန်မာနိုင်ငံသားတွေ ထိုင်းဗီဇာ သက်တမ်းတိုးရာမှာ လူကိုယ်တိုင် သွားစရာမလိုဘဲ အမြန်ရနိုင်အောင် ဝန်ဆောင်မှုပေးနေသူ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း သူ့ကို ဘတ်ငွေ ၁၃,၀၀၀ ပေးပြီး ဗီဇာသက်တမ်းတိုးခဲ့တဲ့ မြန်မာနိုင်ငံသူ အမျိုးသမီး တဦးက နိုင်ငံကူးပတ်စ်ပို့စာအုပ်ထဲက ဗီဇာတံဆိပ်တုံးတွေကို သံသယရှိတာကြောင့် ပြီးခဲ့တဲ့ လကုန်မှာပဲ ဘန်ကောက်မြို့က လူဝင်မှုကြီးကြပ်ရေးဌာနမှာ ပြသစစ်ဆေးခဲ့တာပါ။ ထိုင်းလူဝင်မှုကြီးကြပ်ရေးရုံးက စစ်ဆေးရာမှာတော့ ဗီဇာသက်တမ်းတိုးရာမှာ အသုံးပြုတဲ့ တံဆိပ်တုံးတွေဟာ အတုဖြစ်နေတာကို အတည်ပြုနိုင်ခဲ့ပါတယ်။

ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနရဲ့ မနေ့တုန်းက သတင်းစာရှင်းလင်းပွဲမှာတော့ တရားဝင်နိုင်ငံကူး စာအုပ်တွေနဲ့ ထိုင်းနိုင်ငံတွင်း နေထိုင်နေသူ မြန်မာနိုင်ငံသားတွေ အနေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကတဆင့် ဗီဇာသက်တမ်း တိုးထားတယ်ဆိုရင် မှန်-မမှန် လာရောက်စစ်ဆေးနိုင်ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ မြန်မာအလုပ်သမားတွေပဲဖြစ်ဖြစ်၊ အလုပ်ရှင်ကပဲဖြစ်ဖြစ် သက်ဆိုင်ရာနယ်မြေ လဝကရုံးတွေမှာ သတင်းပို့ စစ်ဆေးနိုင်ကြောင်းလည်း သတင်းစာရှင်လင်းပွဲမှာ ထုတ်ဖော်ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]







XS
SM
MD
LG