သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာဘက္မွာ မူးယစ္ေဆးေတြ မိၿပီးတဲ့ေနာက္ ထိုင္းနယ္စပ္လံုျခံဳေရး ပိုတင္းၾကပ္ထား


ထိုင္း - ျမန္မာနယ္စပ္မွာ လံုျခံဳေရးတင္းၾကပ္ထားတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - Thai Official - ၾသဂုတ္ ၂၁၊ ၂၀၂၀)

[Zawgyi/Unicode]

ထုိင္းႏုိင္ငံဘက္ကုိ တင္ပုိ႔မယ့္ မူးယစ္ေဆး၀ါး အေျမာက္အမ်ားကုိ ျမန္မာႏုိင္ငံဘက္မွာ ဒီတပတ္ထဲ ဖမ္းဆီးမိခဲ့ၿပီးေနာက္ ထုိင္းအာဏာပုိင္ေတြက ဒီေန႔ပဲ နယ္စပ္မွာ လုံၿခံဳေရးေတြ တင္းၾကပ္လိုက္တဲ့အေၾကာင္း ေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ထိုင္းႏုိင္ငံ တာ့ခ္ခရိုင္ မဲေဆာက္ျမိဳ႕ ဖြတ္ဖရျမိဳ႕နယ္ ဘန္႔ေဟြ႔လန္း အမွတ္ ၁၀ ေက်းရြာနဲ ့ မ်က္နွာခ်င္းဆိုင္ မိုးေရးျမစ္ေခၚ ေသာင္ရင္းျမစ္ တဘက္ကမ္းက ျမန္မာနယ္စပ္မွာ Ice မူးယစ္ေဆး၀ါးေတြနဲ႔ ဘိန္းျဖဴ စုစုေပါင္း ကီလို ၁,၈၀၀ ေလာက္ သယ္ေဆာင္လာတဲ့ ကုန္တင္ကားနဲ႔အတူ ျမန္မာႏိုင္ငံသား ၄ ဦးကို ဖမ္းဆီးမိခဲ့ၿပီးေနာက္ ဒီေန႔မွာပဲ ထုိင္းနယ္စပ္မွာ လုံၿခံဳေရးတင္းၾကပ္လိုက္တာပါ။ ျမန္မာႏုိင္ငံဘက္ျခမ္းမွာ မူးယစ္ေဆး၀ါး အေျမာက္အမ်ားကုိ ဖမ္းဆီးမိတဲ့အေၾကာင္းကုိေတာ့ လက္နက္ကုိင္အဖဲြ႔တခုျဖစ္တဲ့ DKBA တပ္ရင္းအမွတ္ ၉၀၉ နဲ ့ ျမန္မာစစ္တပ္ တာ၀န္ရွိသူေတြက ထိုင္းအာဏာပုိင္ေတြကုိ အသိေပးအေၾကာင္းၾကားခဲ့ၿပီးေနာက္ လုံၿခံဳေရး တင္းၾကပ္လိုက္တာလည္း ျဖစ္ပါတယ္။ ဖမ္းဆီးမိတဲ့ မူးယစ္ေဆးေတြဟာ ထုိင္းဘတ္ေငြ သန္းေပါင္း ၁,၂၀၀ ေက်ာ္ တန္ဖိုးရွိမယ္လုိ႔ ခန္႔မွန္းထားၿပီး ထုိင္းႏုိင္ငံကုိ တင္ပုိ႔ဖုိ႔ျဖစ္ေၾကာင္းလည္း တာ၀န္ရွိသူေတြကုိ ကိုးကားျပီး ဒီကေန႔ထုတ္ ထုိ္င္းသတင္းစာေတြမွာ ေဖာ္ျပပါတယ္။

ထုိင္းႏုိင္ငံဘက္ တင္ပုိ႔မယ့္ မူးယစ္ေဆး၀ါး အေျမာက္အမ်ားကုိ ဖမ္းဆီးမိခဲ့ၿပီးေနာက္ ဒီကေန႔မွာပဲ ျမန္မာႏုိင္ငံနဲ႔ နယ္စပ္ခ်င္းထိစပ္ေနတဲ့ ထိုင္းနိုင္ငံ တာ့ခ္ခရိုင္ အာဏာပိုင္ေတြက ဖြတ္ဖရျမိဳ႕နယ္ထဲမွာရွိတဲ့ ၀ါးေလနဲ ့ဘန္႔ေဟြ႔လန္ - Phop Phra စတဲ့ ေက်းရြာေတြက ေလွဂိတ္ ၀င္လမ္း ၁၀ ခုက ကုန္ပစၥည္းတင္စက္ေလွဂိတ္ေတြကိုပါ ပိတ္လိုက္ျပီး လံုျခံဳေရးေတြ တိုးျမွင့္ထားေၾကာင္း ဖြတ္ဖရ ျမိဳ႕နယ္ ရဲမွဴး စူရင္ တရာထစ္က်လန္ က သတင္းေထာက္ေတြကုိ ေျပာပါတယ္။

အခုဆိုရင္တာ့ခရိုင္ထဲက ဖြတ္ဖရ နယ္ေျမဟာ မူးယစ္ေမွာင္ခိုသမားေတြ၊ လူပြဲစားေတြရဲ႕ မူးယစ္ေဆးေတြနဲ႔ လူသယ္ေဆာင္ရာ အဓိက လမ္းေၾကာင္း ျဖစ္လာေနလို႔ ထိုင္းနိုင္ငံအနဲ ့အခ်ိန္မွီ တာဆီးကာကြယ္နိုင္ဖို႔အတြက္ ဒီလမ္းေတြကို ပိတ္ဆို႔လိုက္ရတာျဖစ္ေၾကာင္း မူးယစ္ေဆးေတြ ဖမ္းမိတဲ့ ေနရာနဲ ့ အနီးဆံုး ဆံုးဘက္က နယ္စပ္ ေလွဂိတ္၀င္လမ္းေတြကုိ သြားေရာက္ စစ္ေဆးခဲ့တဲ့ ရဲမွဴး စူရင္ တရာထစ္က်လန္ က ထုိင္းဘာသာနဲ႔ ေျပာဆိုသြားတာပါ။။

DKBA ဒီမိုကေရစီ ကရင္အက်ိဳးျပဳတပ္ရဲ႕ နယ္ေျမအတြင္းမွာ ဖမ္းမိတဲ့ မူးယစ္ေဆး၀ါးေတြနဲ႔ ပတ္သက္လို႔ ဆက္သြယ္ေမးျမန္းတဲ့အခါမွာ ဖမ္းမိတာ မွန္ကန္ေၾကာင္းကိုသာ အတည္ျပဳခဲ့ေပမဲ့ အေသးစိတ္ကုိေတာ့ မေျပာပါဘူး။

ျမန္မာႏိုင္ငံအပါအ၀င္ ေရႊၾတိဂံေဒသႏိုင္ငံေတြမွာ မၾကာေသးခင္က စိတ္ၾကြေဆးေတြ အမ်ားအျပား ဖမ္းဆီးမိေနတာကုိၾကည့္ရင္ ကမာၻတ၀န္းမွာ ကပ္ေရာဂါထိန္းခ်ဳပ္ေရး အာ႐ုံစုိက္ေနခ်ိန္ မူးယစ္ေဆးေမွာင္ခုိဂုိဏ္းေတြက အခြင့္ေကာင္းယူေနတဲ့ လကၡဏာတရပ္ ျဖစ္ေၾကာင္းလည္း ကုလသမဂၢ မူးယစ္ေဆး၀ါးနဲ႔ ရာဇ၀တ္မႈဆုိင္ရာ႐ုံး (UNODC) က မၾကာေသးခင္တုန္းကပဲ သတိေပးထားပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာဘက်မှာ မူးယစ်ဆေးတွေမိပြီးတဲ့နောက် ထိုင်းနယ်စပ်လုံခြုံရေး ပိုတင်းကြပ်ထား

ထိုင်းနိုင်ငံဘက်ကို တင်ပို့မယ့် မူးယစ်ဆေးဝါး အမြောက်အများကို မြန်မာနိုင်ငံဘက်မှာ ဒီတပတ်ထဲ ဖမ်းဆီးမိခဲ့ပြီးနောက် ထိုင်းအာဏာပိုင်တွေက ဒီနေ့ပဲ နယ်စပ်မှာ လုံခြုံရေးတွေ တင်းကြပ်လိုက်တဲ့အကြောင်း ပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့ ဖွတ်ဖရမြို့နယ် ဘန့်ဟွေ့လန်း အမှတ် ၁၀ ကျေးရွာနဲ့ မျက်နှာချင်းဆိုင် မိုးရေးမြစ်ခေါ် သောင်ရင်းမြစ် တဘက်ကမ်းက မြန်မာနယ်စပ်မှာ Ice မူးယစ်ဆေးဝါးတွေနဲ့ ဘိန်းဖြူ စုစုပေါင်း ကီလို ၁,၈၀၀ လောက် သယ်ဆောင်လာတဲ့ ကုန်တင်ကားနဲ့အတူ မြန်မာနိုင်ငံသား ၄ ဦးကို ဖမ်းဆီးမိခဲ့ပြီးနောက် ဒီနေ့မှာပဲ ထိုင်းနယ်စပ်မှာ လုံခြုံရေးတင်းကြပ်လိုက်တာပါ။ မြန်မာနိုင်ငံဘက်ခြမ်းမှာ မူးယစ်ဆေးဝါး အမြောက်အများကို ဖမ်းဆီးမိတဲ့အကြောင်းကိုတော့ လက်နက်ကိုင်အဖွဲ့တခုဖြစ်တဲ့ DKBA တပ်ရင်းအမှတ် ၉၀၉ နဲ့ မြန်မာစစ်တပ် တာဝန်ရှိသူတွေက ထိုင်းအာဏာပိုင်တွေကို အသိပေးအကြောင်းကြားခဲ့ပြီးနောက် လုံခြုံရေး တင်းကြပ်လိုက်တာလည်း ဖြစ်ပါတယ်။ ဖမ်းဆီးမိတဲ့ မူးယစ်ဆေးတွေဟာ ထိုင်းဘတ်ငွေ သန်းပေါင်း ၁,၂၀၀ ကျော် တန်ဖိုးရှိမယ်လို့ ခန့်မှန်းထားပြီး ထိုင်းနိုင်ငံကို တင်ပို့ဖို့ဖြစ်ကြောင်းလည်း တာဝန်ရှိသူတွေကို ကိုးကားပြီး ဒီကနေ့ထုတ် ထိုင်းသတင်းစာတွေမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံဘက် တင်ပို့မယ့် မူးယစ်ဆေးဝါး အမြောက်အများကို ဖမ်းဆီးမိခဲ့ပြီးနောက် ဒီကနေ့မှာပဲ မြန်မာနိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေတဲ့ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် အာဏာပိုင်တွေက ဖွတ်ဖရမြို့နယ်ထဲမှာရှိတဲ့ ဝါးလေနဲ့ဘန့်ဟွေ့လန် - Phop Phra စတဲ့ ကျေးရွာတွေက လှေဂိတ် ဝင်လမ်း ၁၀ ခုက ကုန်ပစ္စည်းတင်စက်လှေဂိတ်တွေကိုပါ ပိတ်လိုက်ပြီး လုံခြုံရေးတွေ တိုးမြှင့်ထားကြောင်း ဖွတ်ဖရ မြို့နယ် ရဲမှူး စူရင် တရာထစ်ကျလန် က သတင်းထောက်တွေကို ပြောပါတယ်။

အခုဆိုရင်တာ့ခရိုင်ထဲက ဖွတ်ဖရ နယ်မြေဟာ မူးယစ်မှောင်ခိုသမားတွေ၊ လူပွဲစားတွေရဲ့ မူးယစ်ဆေးတွေနဲ့ လူသယ်ဆောင်ရာ အဓိက လမ်းကြောင်း ဖြစ်လာနေလို့ ထိုင်းနိုင်ငံအနဲ့အချိန်မှီ တာဆီးကာကွယ်နိုင်ဖို့အတွက် ဒီလမ်းတွေကို ပိတ်ဆို့လိုက်ရတာဖြစ်ကြောင်း မူးယစ်ဆေးတွေ ဖမ်းမိတဲ့ နေရာနဲ့ အနီးဆုံး ဆုံးဘက်က နယ်စပ် လှေဂိတ်ဝင်လမ်းတွေကို သွားရောက် စစ်ဆေးခဲ့တဲ့ ရဲမှူး စူရင် တရာထစ်ကျလန် က ထိုင်းဘာသာနဲ့ ပြောဆိုသွားတာပါ။။

DKBA ဒီမိုကရေစီ ကရင်အကျိုးပြုတပ်ရဲ့ နယ်မြေအတွင်းမှာ ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်လို့ ဆက်သွယ်မေးမြန်းတဲ့အခါမှာ ဖမ်းမိတာ မှန်ကန်ကြောင်းကိုသာ အတည်ပြုခဲ့ပေမဲ့ အသေးစိတ်ကိုတော့ မပြောပါဘူး။

မြန်မာနိုင်ငံအပါအဝင် ရွှေတြိဂံဒေသနိုင်ငံတွေမှာ မကြာသေးခင်က စိတ်ကြွဆေးတွေ အများအပြား ဖမ်းဆီးမိနေတာကိုကြည့်ရင် ကမ္ဘာတဝန်းမှာ ကပ်ရောဂါထိန်းချုပ်ရေး အာရုံစိုက်နေချိန် မူးယစ်ဆေးမှောင်ခိုဂိုဏ်းတွေက အခွင့်ကောင်းယူနေတဲ့ လက္ခဏာတရပ် ဖြစ်ကြောင်းလည်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) က မကြာသေးခင်တုန်းကပဲ သတိပေးထားပါတယ်ရှင်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG