သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မူးယစ္ ဓါတုေဆးရည္ထုတ္လုပ္သူ တရုတ္ႏုိင္ငံသားေတြ ကန္ အမည္မည္းစာရင္းသြင္း


၂၀၁၉ ဇန္န၀ါရီတုန္းက အေမရိကန္ျပည္ေထာင္စုု Arizona ျပည္နယ္မွာ မူးယစ္ဓါတုေဆးရည္ fentanyl ႏွင့္ Meth မ်ားကို ဖမ္းမိစဥ္

(Zawgyi/Unicode)

တ႐ုတ္ကုမၸဏီ တစ္ခုနဲ႔ တ႐ုတ္နိုင္ငံသား ေလးဦးကို မူးယစ္ေဆး ဓါတုေဆးရည္ fentanyl ထုတ္လုပ္ရာမွာ အဓိကပါဝင္သူေတြ အျဖစ္ သတ္မွတ္ၿပီး အေမရိကန္ ဘ႑ာေရးဝန္ႀကီးဌာနက အမည္မည္း စာရင္းသြင္းလိုက္ပါတယ္။ အခုလို တရားဝင္ စာရင္းသြင္းလိုက္တာဟာ စာရင္းသြင္းခံရသူေတြကို တ႐ုတ္နိုင္ငံဘက္က အေရးယူေပးဖို႔ တြန္းအားေပးလိုက္တာလည္း ျဖစ္ပါတယ္။

Songyan Ji၊ Longbao Zhang ၊ Guifeng Cheng နဲ႔ Guangfu Zheng တို႔နဲ႔အတူ Global United Biotechnology Inc. တို႔ အားလုံးဟာ ၂၀၁၈ခုႏွစ္ က အေမရိကန္ အစိုးရက စြဲခ်က္တင္ခဲ့တဲ့ တ႐ုတ္နိုင္ငံသား Fujing Zheng ရဲ့မူးယစ္ေမွာင္ခို အဖြဲ႕ရဲ့ အစိတ္အပိုင္းေတြ ျဖစ္တယ္လို႔ အေမရိကန္ ဘ႑ာေရးဝန္ႀကီးဌာနက ေျပာပါတယ္။

Fujing Zheng ရဲ့ မူးယစ္ေဆး ဂိုဏ္းဝင္ေတြဟာ fentanyl နဲ႔ carfentanil လို ဓါတုမူးယစ္ ေဆးရည္ေတြကို ထုတ္လုပ္ၿပီး အေမရိကန္နိုင္ငံထဲကို တင္ပို႔ေနသူေတြ ျဖစ္တယ္လို႔လည္း အေမရိကန္ ဘ႑ာေရးဝန္ႀကီးဌာနက ေျပာပါတယ္။ fentanyl ေဆးရည္က ဘိန္းျဖဴထက္ အဆ ၃၀ ကေန ၅၀ အထိ ပိုၿပီး အားျပင္းသလို carfentanil က fentanyl ေဆးရည္ထက္ အဆ ၁၀၀ အားျပင္း ပါတယ္။

အေမရိကန္နိုင္ငံအတြင္းမွာ OPIOD လို႔ေခၚတဲ့ မူးယစ္ေဆးစြဲမႈ ျပႆနာျဖစ္ပြားေနရာမွာ Fentanyl က အဓိက အခန္းက႑က ပါဝင္ေနတာ လည္း ျဖစ္ပါတယ္။ တ႐ုတ္နိုင္ငံဟာ အဲဒီေဆးရည္ေတြ အေမရိကန္နိုင္ငံထဲ အဓိက တင္ပို႔ေနတာလို႔ အေမရိကန္နိုင္ငံက စြပ္စြဲထားေပမဲ့ တ႐ုတ္နိုင္ငံကေတာ့ ျငင္းဆိုထားပါတယ္။

အမည္မည္း စာရင္းသြင္းခံရသူ တ႐ုတ္ႏိုင္ငံသား ေလးေယာက္ဟာ Fujing Zheng ရဲ့ အုပ္စုအတြက္ ေငြေပးေငြယူလုပ္ရာမွာ အဓိက က်တဲ့ သူေတြ ျဖစ္တယ္လို႔လည္း အေမရိကန္ ဘ႑ာေရး ဝန္ႀကီးဌာနက ေျပာပါတယ္။

Global United Biotechnology ကုမၸဏီကိုလည္း Zheng ကပဲ ထိန္းခ်ဳပ္ထားတာ ျဖစ္ၿပီး မူးယစ္ေမွာင္ခို အုပ္စုရဲ့ အစေဖ်ာက္ထားတဲ့ သိုေလွာင္႐ုံတစ္ခုလို ျဖစ္ေနတယ္လို႔လည္း ေျပာပါတယ္။ အဲဒီ ကုမၸဏီ ကတဆင့္ တ႐ုတ္နိုင္ငံနဲ႔ ေဟာင္ေကာင္မွာ ရွိတဲ့ ကုမၸဏီေတြဆီကို ေပးပို႔ၿပီး ေငြျဖဴျဖစ္ေအာင္ လုပ္ေနတာလည္း ျဖစ္ပါတယ္။

အမည္မည္း စာရင္းသြင္း ခံရသူေတြကို တ႐ုတ္နိုင္ငံက အေရးယူမယ္၊ မယူဘူးဆိုတာကို မေျပာေပမဲ့ Fujing Zheng ဟာ တ႐ုတ္နိုင္ငံထဲမွာ ရွိေနတယ္ ဆိုတာကိုေတာ့ အေမရိကန္ ဘ႑ာေရးဝန္ႀကီးဌာနရဲ့ ေၾကညာခ်က္မွာ ထည့္သြင္း ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

...................

မူးယစ် ဓါတုဆေးရည်ထုတ်လုပ်သူ တရုတ်နိုင်ငံသားတွေ ကန် အမည်မည်းစာရင်းသွင်း

(Unicode)

တရုတ်ကုမ္ပဏီ တစ်ခုနဲ့ တရုတ်နိုင်ငံသား လေးဦးကို မူးယစ်ဆေး ဓါတုဆေးရည် fentanyl ထုတ်လုပ်ရာမှာ အဓိကပါဝင်သူတွေ အဖြစ် သတ်မှတ်ပြီး အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက အမည်မည်း စာရင်းသွင်းလိုက်ပါတယ်။ အခုလို တရားဝင် စာရင်းသွင်းလိုက်တာဟာ စာရင်းသွင်းခံရသူတွေကို တရုတ်နိုင်ငံဘက်က အရေးယူပေးဖို့ တွန်းအားပေးလိုက်တာလည်း ဖြစ်ပါတယ်။

Songyan Ji၊ Longbao Zhang ၊ Guifeng Cheng နဲ့ Guangfu Zheng တို့နဲ့အတူ Global United Biotechnology Inc. တို့ အားလုံးဟာ ၂၀၁၈ခုနှစ် က အမေရိကန် အစိုးရက စွဲချက်တင်ခဲ့တဲ့ တရုတ်နိုင်ငံသား Fujing Zheng ရဲ့မူးယစ်မှောင်ခို အဖွဲ့ရဲ့ အစိတ်အပိုင်းတွေ ဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။

Fujing Zheng ရဲ့ မူးယစ်ဆေး ဂိုဏ်းဝင်တွေဟာ fentanyl နဲ့ carfentanil လို ဓါတုမူးယစ် ဆေးရည်တွေကို ထုတ်လုပ်ပြီး အမေရိကန်နိုင်ငံထဲကို တင်ပို့နေသူတွေ ဖြစ်တယ်လို့လည်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြောပါတယ်။ fentanyl ဆေးရည်က ဘိန်းဖြူထက် အဆ ၃၀ ကနေ ၅၀ အထိ ပိုပြီး အားပြင်းသလို carfentanil က fentanyl ဆေးရည်ထက် အဆ ၁၀၀ အားပြင်း ပါတယ်။

အမေရိကန်နိုင်ငံအတွင်းမှာ OPIOD လို့ခေါ်တဲ့ မူးယစ်ဆေးစွဲမှု ပြဿနာဖြစ်ပွားနေရာမှာ Fentanyl က အဓိက အခန်းကဏ္ဍက ပါဝင်နေတာ လည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ အဲဒီဆေးရည်တွေ အမေရိကန်နိုင်ငံထဲ အဓိက တင်ပို့နေတာလို့ အမေရိကန်နိုင်ငံက စွပ်စွဲထားပေမဲ့ တရုတ်နိုင်ငံကတော့ ငြင်းဆိုထားပါတယ်။

အမည်မည်း စာရင်းသွင်းခံရသူ တရုတ်နိုင်ငံသား လေးယောက်ဟာ Fujing Zheng ရဲ့ အုပ်စုအတွက် ငွေပေးငွေယူလုပ်ရာမှာ အဓိက ကျတဲ့ သူတွေ ဖြစ်တယ်လို့လည်း အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

Global United Biotechnology ကုမ္ပဏီကိုလည်း Zheng ကပဲ ထိန်းချုပ်ထားတာ ဖြစ်ပြီး မူးယစ်မှောင်ခို အုပ်စုရဲ့ အစဖျောက်ထားတဲ့ သိုလှောင်ရုံတစ်ခုလို ဖြစ်နေတယ်လို့လည်း ပြောပါတယ်။ အဲဒီ ကုမ္ပဏီ ကတဆင့် တရုတ်နိုင်ငံနဲ့ ဟောင်ကောင်မှာ ရှိတဲ့ ကုမ္ပဏီတွေဆီကို ပေးပို့ပြီး ငွေဖြူဖြစ်အောင် လုပ်နေတာလည်း ဖြစ်ပါတယ်။

အမည်မည်း စာရင်းသွင်း ခံရသူတွေကို တရုတ်နိုင်ငံက အရေးယူမယ်၊ မယူဘူးဆိုတာကို မပြောပေမဲ့ Fujing Zheng ဟာ တရုတ်နိုင်ငံထဲမှာ ရှိနေတယ် ဆိုတာကိုတော့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG