သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထုိင္းႏုိင္ငံထဲ ျမန္မာဘက္ကမူးယစ္ေဆးေတြ အခုႏွစ္ထဲအမ်ားအျပား ၀င္ေရာက္ခဲ့


၂၀၂၀ ဇူလိုင္ ၃ ရက္ေန႔တုန္းက ထိုင္းႏိုင္ငံမွာ ICE Methamphetamine စိတ္ႂကြမူးယစ္ေဆးအမ်ားအျပားဖမ္းဆီး ရမိခဲ့စဥ္

(Zawgyi/Unicode)

ျမန္မာနိုင္ငံထဲမွာ မူးယစ္ေဆးဝါး ႏွိမ္နင္းမႈေတြကို တိုးျမႇင့္ ျပဳလုပ္လာၿပီးတဲ့ေနာက္ ထိုင္းနိုင္ငံထဲကို မူးယစ္ေဆးေတြ အေျမာက္အျမား ဝင္ေရာက္လာတာေၾကာင့္ဒီႏွစ္ထဲ ICE Methamphetamine စိတ္ႂကြမူးယစ္ေဆးအမ်ားအျပားဖမ္းဆီး ရမိခဲ့တယ္လို႔ ထိုင္းနိုင္ငံ မူးယစ္ေဆးဝါး ထိန္းခ်ဳပ္ေရးဘုတ္အဖြဲ႕႐ုံး ONCB အတြင္းေရးမႉးခ်ဳပ္ Niyom Termsrisuk က ေျပာပါတယ္။

ၿပီးခဲ့တဲ့ စေနေန႔က Surat Thani နယ္ေျမထဲက စစ္ေဆးေရးဂိတ္တစ္ခုမွာ ေျခာက္ဘီးတပ္ ထရပ္ကားတစ္စီးကို ရွာေဖြစစ္ေဆးတဲ့ အခါ crystal meth ေဆးျပားေတြကို ရွာေဖြ ေတြ႕မိခဲ့တာက အခုေနာက္ဆုံး ရွာေဖြေတြ႕ရွိခဲ့မႈေတြထဲက တစ္ခု ျဖစ္တယ္လို႔ ညႊန္ၾကား ေရးမႉးခ်ဳပ္ Niyom က ေျပာပါတယ္။ အဲဒီ ထရပ္ကား ေပၚတင္လာတဲ့ ႏြားေခ်းအိတ္ေတြေအာက္မွာ CRYSTAL METH စိတ္ႂကြေဆး စုစုေပါင္း ကီလို ဂရမ္ ၁၂၀၀ ရွိတဲ့ အိတ္ ၄၀ ကို ရွာေဖြေတြ႕ရွိခဲ့တာပါ။

Crystal meth ေဆးျပားေတြကို ပမာဏ အမ်ားအျပားနဲ႔ အႀကိမ္ေရ ပိုမ်ားမ်ား ဖမ္းဆီးမိတာဟာ ထုတ္လုပ္ရာေနရာေတြမွာ သိမ္းဆည္းသိုေလွာင္ထားတဲ့ပမာဏမ်ားလာတာေၾကာင့္လို႔လည္း ထိုင္း ONCB ဘုတ္အဖြဲ႕ အတြင္းေရးမႉးခ်ဳပ္ Niyom ကေျပာပါတယ္။

ဒီႏွစ္ အေစာပိုင္းကစၿပီး ျမန္မာနိုင္ငံထဲ ႏွိမ္နင္းမႈေတြ တိုးျမႇင့္ျပဳလုပ္လာတာနဲ႔ COVID-19 ေရာဂါပ်ံ႕ႏွံ႔တာကို တားဆီးဖို႔ အသြားအလာ ပိတ္ပင္တားျမစ္ခ်က္ေတြ ခ်ထားခဲ့တာေၾကာင့္ မူးယစ္ေဆးဝါး သိုေလွာင္မႈ ပမာဏ ပိုၿပီး မ်ားျပားလာခဲ့တာလည္း ျဖစ္ပါတယ္။ အခုေတာ့ တားျမစ္ခ်က္ေတြ ေလၽွာ့ခ်ေပးလာတာနဲ႔အမၽွ မူးယစ္ေဆး ေရာင္းဝယ္ေဖါက္ကားသူေတြ ျဖန္႔ျဖဴးေရးလုပ္ငန္းေတြကို ျပန္လည္ စတင္ လုပ္ကိုင္လာေနတာလည္း ျဖစ္ပါတယ္။

ထိုင္း ေထာက္လွမ္းေရး စီမံခ်က္ေတြအရ ၂၀၂၀ ျပည့္ႏွစ္ ဘ႑ာေရးႏွစ္ အစမွာ crystal meth စိတ္ႂကြေဆး ၁၁ တန္ ပမာဏရွိတဲ့ သယ္ယူပို႔ေဆာင္မႈ ၁၇ ႀကိမ္ ရွိခဲ့တယ္လို႔ Bangkok Post သတင္းစာက ေျပာပါတယ္။ မူးယစ္ေဆးဝါး အမ်ားစုကို ထိုင္းနိုင္ငံ ေတာင္ပိုင္းကို ပို႔ေဆာင္တာ ျဖစ္ၿပီး အဲဒီကမွ မေလးရွား၊ အင္ဒိုနီးရွား၊ ဖိလစ္ပိုင္၊ ဂ်ပန္နဲ႔ ဩစေၾတးလ်နိုင္ငံေတြဆီကို ဆက္လက္ေပးပို႔ တာလည္း ျဖစ္ပါတယ္။ အခုအခါ မူးယစ္ေဆးဝါးထုတ္လုပ္သူေတြဟာ ဓါတုမူးယစ္ေဆး synthetic drug ေတြကို ထုတ္လုပ္လာနိုင္ တာေၾကာင့္ အေရွ႕ေတာင္အာရွနိုင္ငံေတြ အေနနဲ႔ စိန္ေခၚမႈ အသစ္ေတြနဲ႔ ရင္ဆိုင္ေနရတယ္လို႔ လည္း ကုလသမဂၢ ရဲ့ ရာဇဝတ္မႈခင္းနဲ႔ မူးယစ္ေဆးဝါးဆိုင္ရာ႐ုံးအဖြဲ႕ UNDOC က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္


............

ထိုင်းနိုင်ငံထဲ မြန်မာဘက်ကမူးယစ်ဆေးတွေ အခုနှစ်ထဲအများအပြားဝင်ရောက်ခဲ့

(Unicode)

မြန်မာနိုင်ငံထဲမှာ မူးယစ်ဆေးဝါး နှိမ်နင်းမှုတွေကို တိုးမြှင့် ပြုလုပ်လာပြီးတဲ့နောက် ထိုင်းနိုင်ငံထဲကို မူးယစ်ဆေးတွေ အမြောက်အမြား ဝင်ရောက်လာတာကြောင့်ဒီနှစ်ထဲ ICE Methamphetamine စိတ်ကြွမူးယစ်ဆေးအများအပြားဖမ်းဆီး ရမိခဲ့တယ်လို့ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး ထိန်းချုပ်ရေးဘုတ်အဖွဲ့ရုံး ONCB အတွင်းရေးမှူးချုပ် Niyom Termsrisuk က ပြောပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က Surat Thani နယ်မြေထဲက စစ်ဆေးရေးဂိတ်တစ်ခုမှာ ခြောက်ဘီးတပ် ထရပ်ကားတစ်စီးကို ရှာဖွေစစ်ဆေးတဲ့ အခါ crystal meth ဆေးပြားတွေကို ရှာဖွေ တွေ့မိခဲ့တာက အခုနောက်ဆုံး ရှာဖွေတွေ့ရှိခဲ့မှုတွေထဲက တစ်ခု ဖြစ်တယ်လို့ ညွှန်ကြား ရေးမှူးချုပ် Niyom က ပြောပါတယ်။ အဲဒီ ထရပ်ကား ပေါ်တင်လာတဲ့ နွားချေးအိတ်တွေအောက်မှာ CRYSTAL METH စိတ်ကြွဆေး စုစုပေါင်း ကီလို ဂရမ် ၁၂၀၀ ရှိတဲ့ အိတ် ၄၀ ကို ရှာဖွေတွေ့ရှိခဲ့တာပါ။

Crystal meth ဆေးပြားတွေကို ပမာဏ အများအပြားနဲ့ အကြိမ်ရေ ပိုများများ ဖမ်းဆီးမိတာဟာ ထုတ်လုပ်ရာနေရာတွေမှာ သိမ်းဆည်းသိုလှောင်ထားတဲ့ပမာဏများလာတာကြောင့်လို့လည်း ထိုင်း ONCB ဘုတ်အဖွဲ့ အတွင်းရေးမှူးချုပ် Niyom ကပြောပါတယ်။

ဒီနှစ် အစောပိုင်းကစပြီး မြန်မာနိုင်ငံထဲ နှိမ်နင်းမှုတွေ တိုးမြှင့်ပြုလုပ်လာတာနဲ့ COVID-19 ရောဂါပျံ့နှံ့တာကို တားဆီးဖို့ အသွားအလာ ပိတ်ပင်တားမြစ်ချက်တွေ ချထားခဲ့တာကြောင့် မူးယစ်ဆေးဝါး သိုလှောင်မှု ပမာဏ ပိုပြီး များပြားလာခဲ့တာလည်း ဖြစ်ပါတယ်။ အခုတော့ တားမြစ်ချက်တွေ လျှော့ချပေးလာတာနဲ့အမျှ မူးယစ်ဆေး ရောင်းဝယ်ဖေါက်ကားသူတွေ ဖြန့်ဖြူးရေးလုပ်ငန်းတွေကို ပြန်လည် စတင် လုပ်ကိုင်လာနေတာလည်း ဖြစ်ပါတယ်။

ထိုင်း ထောက်လှမ်းရေး စီမံချက်တွေအရ ၂၀၂၀ ပြည့်နှစ် ဘဏ္ဍာရေးနှစ် အစမှာ crystal meth စိတ်ကြွဆေး ၁၁ တန် ပမာဏရှိတဲ့ သယ်ယူပို့ဆောင်မှု ၁၇ ကြိမ် ရှိခဲ့တယ်လို့ Bangkok Post သတင်းစာက ပြောပါတယ်။ မူးယစ်ဆေးဝါး အများစုကို ထိုင်းနိုင်ငံ တောင်ပိုင်းကို ပို့ဆောင်တာ ဖြစ်ပြီး အဲဒီကမှ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဂျပန်နဲ့ ဩစတြေးလျနိုင်ငံတွေဆီကို ဆက်လက်ပေးပို့ တာလည်း ဖြစ်ပါတယ်။ အခုအခါ မူးယစ်ဆေးဝါးထုတ်လုပ်သူတွေဟာ ဓါတုမူးယစ်ဆေး synthetic drug တွေကို ထုတ်လုပ်လာနိုင် တာကြောင့် အရှေ့တောင်အာရှနိုင်ငံတွေ အနေနဲ့ စိန်ခေါ်မှု အသစ်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ လည်း ကုလသမဂ္ဂ ရဲ့ ရာဇဝတ်မှုခင်းနဲ့ မူးယစ်ဆေးဝါးဆိုင်ရာရုံးအဖွဲ့ UNDOC က ပြောပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG