သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်ကဝင်လာတဲ့ မူးယစ်ဆေးတွေ ထိုင်းမှာ ဖမ်းမိ


၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလက ထိုင်းနိုင်ငံတွင် ဖမ်းမိသည့် စိတ်ကြွဆေးထုတ်များ။
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလက ထိုင်းနိုင်ငံတွင် ဖမ်းမိသည့် စိတ်ကြွဆေးထုတ်များ။

(Zawgyi/Unicode)

မြင်းခေါင်းတံဆိပ်သစ် စိတ်ကြွဆေးပြား လေးသန်းကျော်ကို ထိုင်းစစ်တပ်က ဖမ်းမိလိုက်ပါတယ်။ ဒီမူးယစ်ဆေး ဝါး တွေဟာ မြန်မာနိုင်ငံ၊ ဝဒေသကထုတ်တာလို့ ထိုင်းအာဏပိုင်တွေက စွပ်စွဲပေမယ့် UWSA တာဝန်ရှိသူတဦးတော့ ဒါကို ငြင်းပါ တယ်။

ထိုင်းအာဏာပိုင်တွေကတော့ ထိုင်းနိုင်ငံဟာ မူးယစ်ဆေးဝါးသစ်တွေရဲ့ ခြိမ်းခြောက်တာကိုပါ ရင်ဆိုင်နေရပြီလို့ ဆိုပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ေဖေါ်ဝါရီလ ၁၇ရက်နေ့ က ထိုင်း နိုင်ငံ နကော်ဖနုံခရိုင် အမှတ် (၄) စစ် ဒေသ အထူးတပ်ဖွဲ့ဝင် တွေက ဖမ်းဆီးနိုင်ခဲ့တဲ့ ဘတ်ငွေ သန်းပေါင်း ၅၀၀ ကျော် တန်ဖိုးရှိ တဲ့စိတ်ကြွဆေးပြား ၄သန်းကျော် ဟာ ၂၀၂၀ နှစ်စပိုင်းမှာ ပထဆုံး ဖမ်းဆီးနိုင်ခဲ့တဲ့ ၉၉၉ မြင်းဦးခေါင်း သင်္ကေတ တံဆိပ်သစ် အမျိုးအစားတွေ ဖြစ်ကြောင်း ထိုင်းအာဏာပိုင်တွေကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြနေတာပါ။

ဖမ်းမိတဲ့ မူးယစ်တရားခံတွေထဲမှာ ဆယ်ကျော်သက် လူငယ်တွေ ပါဝင်နေတာကို စိတ်မကောင်းစရာ တွေ့နေရသလို ဖမ်းမိတဲ့ မူးယစ် ဆေးဝါးတွေဟာလည်း အမျိုးအစား အသစ်ဖြစ်ပြီး ခြိမ်းခြောက်မှု အန္တရာယ် အသစ်နဲ့ ကြုံနေရတယ်လို့ အမှတ် (၄) နယ်မြေမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထိုင်း စစ်တပ် ဗိုလ်ချုပ် စဝါရပ် စန်ဖုန်း (Sawarat Saengphon ) က ထိုင်းဘာသာနဲ့ ရှင်းလင်းပြောကြားခဲ့ပါတယ်။

“အခုလို မူးယစ်တရားခံ အသက် ၁၉ နဲ့ ၁၆နှစ်အရွယ် လူငယ်တွေအပါဝင် မူးယစ်ဂိုဏ်းဝင် ငါးဦးကို ဖမ်းမိနိုင်ခဲ့ ပါတယ်။ ဒေသခံ ကျေးရွာသားတွေ သတင်းပေး ခဲ့တာကြောင့် ကျနော်တို့ တပ်ဖွဲ့ဝင် တွေက စိတ်ကြွဆေးပြားတွေ တင်ဆောင်လာတဲ့ ကားနှစ်စီးကို လမ်းပေါ်မှာပဲ ပိတ်ဆို့ ဖမ်းဆီး နိုင်ခဲ့တာ ဖြစ်ပါတယ်။ အခု အမျိုးအစားအသစ်တွေနဲ့ ထုတ်လုပ်လာတဲ့ မူးယစ်ဆေးဝါး တွေရဲ့ခြိမ်းခြောက်မှု အသစ်တွေကို ထိုင်းနိုင်ငံက ရင်ဆိုင်နေရပြီ" လို့ရှင်းလင်းပြောဆိုသွားတာပါ။

လိုင်စင် နံပတ်ပြား တပ်မထားတဲ့ ကားနှစ်စီးပေါ်မှာ ဆာလာအိပ် (၁၉) ထုတ်နဲ့ ထည့်လာတဲ့ မြင်းခေါင်း တံဆိပ်သစ်နဲ့ မူးယစ်ဆေးပြား တွေကို ဖမ်းဆီး ရမိခဲ့တာ ဖြစ်ပါတယ်။ ဒီမူးယစ်ဆေးပြား တွေဟာ အရည် အသွေး ပိုမို ကောင်းမွန် ကြောင်းနဲ့ ပန်းအနံ့ပါ ထည့်ထားတဲ့ ဒီမူးယစ်ဆေးတွေဟာ အနံ့ခံခွေးတွေ မသိနိုင်အောင် အထူးထုတ်လုပ် ထားတာ ဖြစ်တယ် လို့လည်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ် ။

ဝဒေသကလာတယ်လို့ ထိုင်းဘက်ကစွပ်စွဲပေမဲ့ UWSA လားရှိုးမြို့ ဆက်ဆံရုံးတာဝန်ခံ ဦးညီရမ်းကတော့အခုလိုပြောသွားပါတယ်။

“ကျနော်တို့ ဝပြည်နယ်တာင်ပိုင်းက ယိုးဒယားနယ်စပ်နဲ ကီလို မီတာ သုံးလေးရာ လောက်ရှိတော့ ၁၀၀ရာခိုင်နှုန်း ပိုက်စိတ်တိုက်လုံး၀ ဖမ်းဆီးနိုင်တာလည်းမဖြစ်နိုင်ဘူးလေ။ ကျနော်တို့က ခြံစည်းရိုးလိုလည်း ဖြစ်တော့ အသေးစိတ် ဖမ်းဆီးပစ်သတ်တာက အစ ကျနော်တို့ဖော်ပြနေတာပဲ ကျနော်တို့ ဘက်ကလာတယ်ဆိုပေမဲ့ကျနော်တို့ လုပ်တာမှ မဟုတ်ဘူး မြင်းပျံတံဆိပ်တွေ နဲ့ ကျနော်တို့ ဝတပ်ဖွဲ့ က ထုတ်လုပ်တယ်လို့ ယတိပြတ်ရေးလို့ရတာဘယ်လို သက်သေတွေနဲ့ ဖော်ပြသလဲဆိုတာ ကျနော်တို့မှာ မေးစရာမေးခွန်းတွေရှိတယ်။ဒီကိစ္စက ယိုးဒယားက ဘာမှအခြေအမြစ်မရှိပဲ ဘာမှ သက်သေမရှိပဲ ဒီလိုပဲစွတ်စွဲနေကြပဲ ရေးသားတာ ဒီတခါတည်းမဟုတ်တော့ဘူး။”

ထိုင်း-မြန်မာ ၂ နိုင်ငံ မူးယစ်ဆေးဝါး အခြေအနေတွေကို စောင့်ကြည့်လေ့လာနေသူ တဦးဖြစ်တဲ့ ရှမ်းသတင်းစဉ်ရဲ့ အယ်ဒီတာ ဦးစိုင်းမိန်းကတော့

“ ကျနော်တို့ အနေနဲ့ လေ့လာတွေ့ရှိ ရသလောက်ကတော့ ၊ တော်လှန်ရေး လုပ်တယ်ဆိုကတည်းက အနည်းအကျဉ်း ကတော့ ဒီဟာတွေနဲ့ မကင်းဘူးလို့ကျနော်တို့က မြင်မိပါတယ်။ ဝတောင် ဝမြောက်က တော့ တဖွဲ့တည်းပါပဲ ထိုင်းတောင်ပိုင်းမှာနေလို့ တောင်ပိုင်း ဝလို့သာ ခွဲတယ်လေ။ ဗဟိုဌာနချုပ်ကတော့ ပန်ဆန်းမှာပဲ။ ထိုင်းနယ်စပ်မှာကတော့ လက်နက်ကိုင်အုပ်စု များတယ်။ ပြည်သူစစ်အုပ်စု နယ်ခြားစောင့်အုပ်စု တွေလည်းရှိပါတယ်။”

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်- ချင်းမိုင်ဒေသတွေမှာ မူးယစ်ဆေးဝါး တွေကို အရှိန်မြှင့် ပြီး ပိတ်ဆို့ ရှာဖွေ ဖမ်းဆီး နေတာကြောင့် မူးယစ်မှောင်ခိုဂိုဏ်း တွေဟာ ရွှေတြိဂံဒေသ မဲခေါင်းမြစ်ကြောင်း အတိုင်း လာအိုနိုင်ငံ အတွင်း ကို ရေကြောင်းကနေ လှေ တွေနဲ့ သယ်ဆောင်ပြီး ထိုင်းဘက်ကို ပို့ဆောင်နေ ကြတာဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြော ပါတယ် ။

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ခရိုင်ကို ထိုင်းဘက်က မူယစ်ဆေးဝါး စစ်ဆင်ရေးဇုံအဖြစ် သတ်မှတ်ပြီး ဖမ်းဆီးမူတွေ ဆက်တိုက်လုပ် နေတာ ဖြစ်ပြီး မြန်မာဘက်ကလာတဲ့ မူးယစ်မှောင်ခိုသမားတွေနဲ့ လည်း တိုက်ပွဲတွေ မကြာခဏဖြစ်ပွား နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်




.........................


(Unicode)












ဆက်စပ်သတင်းများ ...

XS
SM
MD
LG