သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအမျိုးသမီး ၃ ဦး ဘိန်းစိမ်း သယ်ဆောင်မှုနဲ့ မယ်ဆိုင်မှာထိုင်းရဲဖမ်းဆီး


၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလက ထိုင်းနိုင်ငံတွင် ဖမ်းမိသည့် စိတ်ကြွဆေးထုတ်များ။
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလက ထိုင်းနိုင်ငံတွင် ဖမ်းမိသည့် စိတ်ကြွဆေးထုတ်များ။

ထိုင်း မြန်မာနယ်စပ် မယ်ဆိုင် နယ်ခြား စစ်ဆေးရေးဂိတ်မှာ သြဂုတ်လ ၆ ရက်နေ့က ဘိန်းစိမ်း ၂၅ ကီလို သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသူ အမျိုးသမီး ၃ ဦးကို နယ်စပ် အကောက်ခွန် အရာရှိတွေနဲ့ ထိုင်းရဲတပ်ဖွဲ့တွေက ဖမ်းဆီးလိုက်ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း - မြန်မာ နယ်စပ် မယ်ဆိုင် နယ်ခြား စစ်ဆေးရေးဂိတ်မှာ မြန်မာပြည်ထွက် အစားအသော က်တွေနဲ့ ရောနှောပြီး ဘိန်းစိမ်း ၂၅ ကီလို သယ်ဆော င်လာတဲ့ မြန်မာနိုင်ငံသူ အမျိုးသမီး ၃ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

သြဂုတ်လ ၆ ရက်နေ့က မြန်မာနိုင်ငံ တာချီလိတ်မြို့ကနေ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို ဝင်ရောက်လာတဲ့ အမျိုးသမီး သုံးဦးနဲ့ ဘေးတွဲ ဆိုင်ကယ် တစီးပေါ်မှာ တင်ဆောင်လာတဲ့ ကုန်ပစ္စည်းမျိုးစုံကို အကောက်ခွန် အရာရှိတွေက အသေးစိတ် ရှာဖွေ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး X-ray စက်တွေနဲ့ပါ စစ်ဆေးခဲ့ရာက ဘိန်းစိမ်းထုပ်တွေ သယ်လာတာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ မယ်ဆိုင် အကောက်ခွန် ဌာနက အကြီးတန်း အရာရှိကတော့ မူးယစ်ဆေးတွေ ဖမ်းမိတာနဲ့ ပတ်သက်လို့ အခုလို ပြောပါတယ်။

“ မယ်ဆိုင်မြို့ဟာ နယ်စပ်မြို့ ဖြစ်တဲ့ အတွက် မူးယစ်ဆေးဝါးတွေဟာ နည်းလမ်းပေါင်းစုံနဲ့ ဝင်ရောက်လာနေတာ ဖြစ်တယ်။ မူးယစ်ဆေးဝါးတွေဟာ ပုံစံမျိုးစုံနဲ့ ဝင်လာနေပါတယ်။ ဒါကြောင့် ကျနော်တို့ အနေနဲ့ နယ်စပ် ဂိတ်တွေမှာ ရှာဖွေရေး လုပ်ရာမှာ ခေတ်မီ X-ray စက်တွေသုံးပြီး လုပ်ဆောင်နေပါတယ်။ ” ဆိုပြီး ပြောဆိုသွားတာပါ။

စားသောက်စရာ အထုပ်တွေကြားမှာ ဖွက်ယူလာတဲ့ ဘိန်းစိမ်း အထုပ် ၁၇ ထုပ် သယ်ဆောင်လာတဲ့ မြန်မာနိုင်ငံသူ ၃ ဦးဟာ အသက် (၄၀) နန်းဖစ်၊ အသက် (၃၀) နန်းလူ နဲ့ အသက် (၃၁) နှစ် အရွယ် နန်းအေလတ်တို့ ဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပါတယ်။

အမျိုးသမီးတွေရဲ့ ဝန်ခံချက် အရ ဒီဘိန်းစိမ်းတွေကို တာချီလိတ်မြို့က အာခါ တိုင်းရင်းသား တဦးထံကနေ တထုပ်ကို ဘတ်ငွေ ၁၁,၀၀၀ နဲ့ ဝယ်ခဲ့တာလို့ ထွက်ဆိုကြပါတယ်။

သြဂုတ်လ ၆ ရက်နေ့ကလည်း ထိုင်းနိုင်ငံ စမုဆာခွန် ခရိုင် အတွင်းက မြန်မာ အလုပ်သမား အများဆုံး နေထိုင်ကြတဲ့ အခန်းသုံးခန်းမှာ ထိုင်းနိုင်ငံက မူးယစ်ဆေးဝါး အဖြစ် သတ်မှတ် ပိတ်ပင်ထားတဲ့ မြန်မာ အခေါ် ဘိန်းစာရွက်လို့ ခေါ်တဲ့ ဘိုင်ကထွန့် အရွက်ကို ပြုတ်ပြီး သောက်သုံးနေကြတဲ့ မြန်မာနိုင်ငံသား ၁၅ ဦးနဲ့ ထိုင်း ၆ ဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

ဒီဆေးဝါးကို သုံးစွဲသူတွေ အတွက် ပြစ်ဒဏ် ငွေဒဏ်က သိပ်မများပေမယ့် နိုင်ငံခြားသား ဆိုရင်တော့ ပြည်နှင်ဒဏ် ပေးတာတွေ လုပ်မယ်လို့ ရွှေ့ပြောင်း မြန်မာ အလုပ်သမားအရေး လုပ်ဆောင်နေသူတွေက ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG