သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံဖက်က စိတ်ကြွဆေး ၇ သန်းနီးပါး ဖမ်းဆီးရမိ


မြန်မာနိုင်ငံဖက်က စိတ်ကြွဆေး ၇ သန်းနီးပါး ဖမ်းဆီးရမိ
(Thai Police)
မြန်မာနိုင်ငံဖက်က စိတ်ကြွဆေး ၇ သန်းနီးပါး ဖမ်းဆီးရမိ (Thai Police)

ထိုင်း- မြန်မာနယ်စပ် ချင်းရိုင်ခရိုင်အတွင်းမှာ နှစ်ရက်အတွင်း စိတ်ကြွဆေး (၇)သန်း
နီးပါ ဖမ်းဆီးနိုင်ခဲ့ကြောင်း ဖေဖေါ်ဝါရီလ ၁၀ရက်နေ့က ထိုင်းရဲချုပ်ထုတ်ပြန်ခဲ့ပြီး
ဒီဆေးတွေ ဟာမြန်မာနိုင်ငံ ဝတောင်ပိုင်းက လာတဲ့ဆေးတွေ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ချင်းရိုင်ခရိုင်မှာ ဖေဖေါ်ဝါရီလ (၁၀)ရက်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ မှာ ထိုင်းမြန်မာနယ်စပ် ချင်ရိုင်ဒေသ ဝင်ပါပေါက် ခရိုင် နဲ့ မဲလောင် နှစ်နေရာမှာ ဖမ်းဆီးနိုင်ခဲ့တဲ့ ၉၉၉ တဆိပ် ရာဘ စိတ်ကြွဆေး ၆,၄၀၆၀၀၀ (ခြောက်သန်းလေးသိန်း ခြောက်ထောင်)ဟာ ဝတောင်ပိုင်း ပြည်နယ်က ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ပြောဆိုသွားတာပါ။

တရားခံထိုင်းနိုင်ငံသား နှစ်ဦး နဲ့ အတူ စိတ်ကြွဆေးသယ်လာတဲ့ ပစ်ကပ်ကားငယ်
နှစ်စင်း ကိုလည်း သိမ်းဆီးနိုင်ခဲ့တာဟာ မူးယစ်ပပျောက်ရေး စီမံချက် ကာလအတွင်း မှာ ချင်းရိုင်ခရိုင်ရဲတပ် ဖွဲ့ဝင်တွေရဲ့ စွမ်းဆောင်ချက် ဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့ ဒုရဲချုပ်
ချလန်ကရက် စီဝါရာခံ က သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုသွားခဲ့ပါတယ်။

"စိတ်ကြွဆေးတွေ အလုံးအရင်း သယ်ဆောင် ဝင်ရောက်လာနေတဲ့ ထိုင်း မြန်မာနယ်စပ်
မဲ့ဖားလွမ် ဒေသမှာ ရဲတပ်ဖွဲ့တွေဟာ အချိန်မလပ်စောင့်ကြည့် စစ်ဆေးနေ တဲ့ကြားက သစ်တောနဲ့တောင်တန်းတွေထူထပ်နေတဲ့ တောလမ်းအတိုင်း စိတ်ကြွဆေးတွေကို ဆာလာကျောပိုးအိပ်တွေနဲ့ သယ်လာပြီးမှ ကားလမ်းမနဲ့ အနီးဆုံးမှာ ကားတွေနဲ့ လာသယ်ခဲ့ကြတာကိုဖမ်းမိခဲ့တာလို့ဆိုပါတယ်။ ဖေဖေါ်ဝါရီလ (၈)ရက်နေ့က ဝင်ပါပေါက်ခရိုင်အတွင်းစိတ်ကြွဆေးသယ်လာခဲ့တဲ့ ကားမောင်းသမားကို ရဲကားတွေနောက်ကလိုက်လာလို့ ကားရပ်ပြီး တောထဲဝင်ပြေးလွတ်မြောက်သွားခဲ့ပေမယ့် သူ့ရဲ့ ဘဏ်စာအုပ်ဟာ
ကားပေါ်မှာ ကျန်ရစ်ခဲ့တာကြောင့်သူရဲ့နေရပ်ကော နာမည်ပါသိသွားခဲ့ပါတယ်။

ဖေဖေါ်ဝါရီလ (၉)ရက်နေ့ မှာ ပဲနောက်ထပ် တိုရိုတာကားနဲ့ စိတ်ကြွဆေးပြား
နှစ်သန်း သယ်ပြီး မဲဆွေ ရဲစစ်ဆေးဂိတ်မှာ မိသွားသူကတော့ အသက် ၃၃နှစ်အရွယ်
နိုင်စူထိ ပါတယ်။ အခုရက်ပိုင်းထိုင်းနိုင်ငံမှာ စိတ်ကြွဆေး တရာခံတွေဖမ်းဆီးခံခဲ့တဲ့ အထဲမှာ အသက်၁၉နှစ်အရွယ်ကြည်အေးလို့အမည်ရတဲ့မြန်မာနိုင်ငံသား
လည်းပါဝင်တယ်လို့ဆိုပါတယ်။ သူ့ကိုဖမ်းမိတာကတော့ ရှမ်းပြည်နယ် မိုင်းတုံနဲ့ အနီးဆုံးထိုင်းနိုင်ငံဖက် ဖန်ခရိုင် အတွင်းကို စိတ်ကြွဆေး ၂၀၀၀၀ နဲ့ အတူဝင်ရောက်လာတုန်းမှာ ဖမ်းမိခဲ့တာလို့ဆိုပါတယ် ။

မြန်မာနိုင်ငံဘက်ကလည်း မူယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့သူတွေ ပါဝင်နေတဲ့
ထိုင်းနိုင်ငံသားတွေ ကိုဖမ်းမိတာကြောင့် ပြီးခဲ့တဲ့ ရက် ကပဲ ထိုင်းနိုင်ငံသား ၈၁ဦးကိုမြန်မာဘက်က လွဲပြောင်းပေးခဲ့ပါတယ်။ အလားတူးမြန်မာဘက်မှာလည်းစိတ်ကြွဆေးအနည်းငယ်နဲ့ ထိုင်းနိုင်ငံသား ၃ဦးထက်မနည်းကို ဖေဖေါ်ဝါရီလ ၉ရက်နေက ထပ်မံ ဖမ်းမိခဲ့ပါတယ်။ ၂၀၁၇ခုနှစ်အတွင်းမှာထိုင်းမြောက်ပိုင်းမှာ စိတ်ကြွဆေးအရေအတွက် သန်း ၁၆၀ ကျော် ဖမ်းဆီးနိင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာတော့ သန်း၂၈၀ကျော်အထိ တိုးလာ
ခဲ့ကြောင်း ၂၀၁၉ ခုနှစ်မှာ ဒီထက်ပိုပြီး များနိုင်တယ်လို့ပြီးခဲတဲ့သတင်းစာရှင်းလင်းပွဲ အတွင်း ထိုင်းအာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG