သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်ဝမ် ပို့မယ့် မြန်မာ့ဘိန်းဖြူ ထိုင်းမှာဖမ်းမိ


၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလက ထိုင်းနိုင်ငံတွင် ဖမ်းမိသည့် မူးယစ်ဆေးထုတ်များ။
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလက ထိုင်းနိုင်ငံတွင် ဖမ်းမိသည့် မူးယစ်ဆေးထုတ်များ။

မြန်မာနိုင်ငံရှမ်းပြည်နယ် မိုင်းယောင်းဒေသကနေ ထိုင်းမြန်မာနယ်စပ် နယ်စပ်ဖြတ်ကျော်သယ်ဆောင်လာတဲ့ကာလတန်ဖိုး ဘတ်ငွေ သန်း ၂၀၀ဖိုးလောက်တန်ဖိုးရှိတဲ့ ဘိန်းဖြူတွေကို အောက်တိုဘာလ ၃၁ရက်နေ့က ချင်းမိုင်မြို့ လည်ခေါင်မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။ ဘိန်းဖြူတွေသယ်လာပေးသူ ရှမ်းလူမျိုးတဦးနဲ့ လက်ခံယူမယ့် ထိုင်ဝမ်နိုင်ငံသား ၃ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ ထိုင်းမြောက်ပိုင်းမှာ ဘိန်းဖြူရောင်းဝယ်နေတဲ့အကြီးဆုံးမှောင်ခိုဂိုဏ် းကို ဖမ်းမိတာဖြစ်ကြောင်း ထိုင်း အာဏာပိုင်တွေကပြောပါတယ်။ ထိုင်းအခြေစိုက် VOA သတင်းထောက် မအေးအေးမာကသတင်းပေးပို့ ထားပါတယ်။

အောက်တိုဘာလ ၃၁ ရက်နေ့က ထိုင်းမြောက်ပိုင်း အမှတ်(၅)ဒေသ ရဲတပ်ဖွဲ့ နဲ့ စစ်ထောက်လှမ်းရေးတွေ ဟာ ချင်းမိုင်မြို့လည်က ညဈေးမှာ ငွေရောင်ပစ်ကပ် ကားတစီး ကို ပိတ်ဆို့ပြီး ဘိန်းဖြူ တွေကို ဖမ်းဆီခဲ့တာပါ။ ကားမောင်းလာသူဟာ ချင်းရိုင်ခရိုင် ဖန်မြို့နယ်မှာနေထိုင်သူ နိုင်စီခါ ဆိုတဲ့ ရှမ်းတိုင်ရင်းသားတဦးလို့ ထိုင်းအာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ သူမောင်းလာတဲ့ ကားနောက်မှာ အနက်ရောင် အိတ် ၃ အိတ်နဲ့ ထုတ်ထားတဲ့ ဘိန်းဖြူ ကီလို ၇၀ကို ဖမ်းဆီးခဲ့ပါတယ်။ ဒီနောက်မှာတော့ ချင်းမိုင်မြို့မှာ ဘိန်းဖြူတွေ ကိုလက်ခံ သယ်ယူဖို ့စောင့်နေကြတဲ့ ထိုင်ဝမ်နိုင်ငံသား သုံးဦးကိုပါ ဆက်တိုက်ဖမ်းဆီးခဲ့ပါတယ်။

အခု ဖမ်းဆီးမိတဲ့ ဘိန်းဖြူဂိုဏ်းဟာ ထိုင်း-မြန်မာနယ်စပ်က ဘိန်းဖြူတွေကို နိုင်ငံတကာကိုသယ်ထုတ်ယူနေတဲ့ အကြီးဆုံးဂိုဏ်းဖြစ်တယ်ဆိုပြီး အမှတ်(၅)ဒေသ ချင်းရိုင်ခရိုင် ရဲမှူး Worapong Khamlang ကသတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုသွားပါတယ်။

သူပြောသွားကတော့ ထိုင်းဝမ်နိုင်ငံသား ၃ယောက်ကို ကျနော်တို့စောင့်ကြည့်နေတာ ကြာပြီ။ ဒီရှမ်းလူမျိုးက အဲဒီ ၃ယောက်ကို ဒီဘိန်းဖြူတွေကို လာပို့တဲ့အချိန်မှာ ကျနော်တို့ဖမ်းလိုက်တာပါ။ ဒီ ထိုင်ဝမ်နိုင်ငံသားတွေက အခုလိုမျိုး ဘိန်းဖြူတွေကိုပြည်ပကို ဆက်သွယ်ပြီး ပို့နေတာ ကြာပြီ။ ဒီဂိုဏ်းဟာ ထိုင်းမြောက်ပိုင်းမှာ အကြီးဆုံး ဘိန်းဖြူမှောင်ခိုဂိုဏ်းဖြစ်တယ်။သူတို့နဲ့ ပတ်သက်ဆက်နွယ်နေသူတွေကိုလည်း ဆက်ပြီးအရေးယူဖို့ရှိတယ်ဆိုပြီးပြောဆိုသွားတာပါ။

ထိုင်ဝမ်နိုင်ငံကူး စာအုပ်တွေနဲ့ ထိုင်ဝမ်နိုင်ငံအတွင်းဝင်ရောက်လာပြီး ဘိန်းဖြူတွေကိုလက်ခံဖို့စောင့်ဆိုင်းနေသူ ၃ ဦးကတော့ ပိုဇင်ချောင်၊ ချန်သီကူ နဲ့ ဝူးဇောင်ရှန် ဆိုတဲ့ ထိုင်းဝမ်နိုင်ငံသားတွေဖြစ်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ထုတ်ဖေါ်ပြောဆိုသွားပါတယ်။

ဘိန်းဖြူအမြောက်အများကို ထိုင်းမြန်မာနယ်စပ် ချင်းရိုင်ပြည်နယ်ကနေ သယ်ဆောင်နေတာဟာ အကြိမ်ကြိမ် ရှိနေပြီဖြစ်ပြီး ဒီဘိန်းဖြူတွေဟာ မြန်မာနိုင်ငံရှမ်းပြည်နယ်၊ မိုင်းယောင်းဒေသကနေ သယ်ယူလာတာဖြစ်တယ်လို့ အမှတ်(၅) ရဲတပ်ဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုသွားပါတယ်။

ပြီးခဲ့တဲ့ရက်က ထိုင်းနိုင်ငံမြောက်ပိုင်းမှာ စိတ်ကြွဆေးပြား သန်းပေါင်းများစွာ မိခဲ့ပြီးတဲ့ နောက်ပိုင်း ထိုင်းမြန်မာနယ်စပ် မဲဆိုင်မြို့မှာ နေထိုင်နေသူ ထိုင်းနိုင်ငံသား မူးယစ်တရားခံ ပရာထစ် နေအိမ်ကို အထူးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ရှာဖွေပြီး ဘတ်ငွေ ၁၂ သန်းနဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို အောက်တိုဘာလ ၃၁ ရက်နေ့က သိမ်းဆည်းလိုက်ပါတယ်။ အခုဆိုရင်ထိုင်းအစိုးရ အနေနဲ့ ထိုင်းမြောက်ပိုင်းကနေ မူယစ်ဆေးဝါးတွေကို ဖမ်းဆီးနိုင်ခဲ့တာဟာ ၂၀၁၈ခုနှစ်အတွင်းမှာ စိတ်ကြွဆေးအလုံးရေ သန်းပေါင်း ၂၈၀ နီးပါးရှိသွားပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG