ထိုင်းမြန်မာနယ်စပ် ချင်းရိုင်ပြည်နယ်ကနေလာတဲ့ ကာလတန်ဖိုး ဘတ် သန်း ပေါင်း ၃,၀၀၀ လောက် တန်ဖိုးရှိတဲ့ စိတ်ကြွဆေး ၁၂ သန်းခန့်နဲ့အတူ အိုက်စ် လို့ခေါ်တဲ့ မူးယစ်ဆေးတွေကို ဖမ်းမိခဲ့ကြောင်း ဒီဆေးတွေဟာ ၀ တောင်ပိုင်းက လာတယ်လို့ ထိုင်းအာဏာပိုင်တွေက ဇူလိုင်လ ၂၇ ရက်နေ့က သတင်းစာ ရှင်းလင်းခဲ့ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ထိုင်းမြောက်ပိုင်း ထိုင်းမြန်မာနယ်စပ် ချင်းရိုင်ဒေသကနေ ပြောင်းဆံတွေ တင် ဆောင် မောင်းနှင်လာတဲ့ ကားဟာ စင်ဘူရီပြည်နယ် (ဖယောင်မြို့) ကို အရောက်မှာ စစ်တပ်နဲ့ရဲတွေက တားဆီးစစ်ဆေးခဲ့ရာကနေ ပြောင်းဆံတွေ အောက်မှာဖွက်ပြီး သယ်ဆောင်လာတဲ့ စိတ်ကြွဆေး ၁၁ သန်း ၆ သိန်းကျော်နဲ့ အတူ ice လို့ခေါ်တဲ့ မူးယစ် ဆေး ၆၇၅ ကီလိုကို ဖမ်းမိခဲ့ကြောင်း ထို်င်းအာဏာ ပိုင်တွေက ဇူလိုင်လ ၂၇ ရက်နေ့မှာ သတင်းစာရှင်းလင်းခဲ့ ပါတယ်။
“ဒီမူးယစ်ဆေးတွေကို ဆာလာအိတ်တွေနဲ့ ထုတ်ထားပြီး အထုတ်တွေထဲမှာ စိတ် ကြွဆေးပြားပေါင်း ၁၁ သန်း ၆ သိန်းနဲ့ အတူ ICE မူးယစ်ဆေး ၆၇၅ ကီလိုဂရမ်ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း” သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားခဲ့တာပါ။ တရားခံ ကားသမားနဲ့  ဇနီး အပါအ၀င် တရားခံ (၃) ဦးကိုလည်း ဖမ်းဆီး စစ်ဆေးခဲ့ပါ တယ်။
တရားခံအဖြစ် ဖမ်းဆီးထားတဲ့ ယာဉ်မောင်းသူကတော့ သူ့အနေနဲ့ သတ်မှတ်ထား တဲ့ နေရာ အရောက်ပို့ခ ထိုင်း ဘတ်ငွေ (၇) သိန်းရယူပြီး လုပ်ပေးခဲ့ကြောင်း သူ့ကို မူးယစ်ကုန်သည်တွေက ငှားရမ်းခဲ့တာလို့ ၀န်ခံ ကြောင်း” ထိုင်းအာဏာ ပိုင်တွေက သတင်းစာရှင်းလင်းခဲ့ပါတယ်။
အဲဒီကားရဲ့ရှေ့က ရဲကင်းတွေရှိမရှိ ရှေ့ပြေးလမ်းကြောင်း ကြည့်ရတဲ့ ကားသမား ကိုတော့ ဘတ်ငွေ ၆ သိန်း ပေးခဲ့တယ်လို့  တရားခံတွေရဲ့ ၀န်ခံချက်တွေကို ရဲ ဗိုလ်ချုပ်ကြီးက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။
အခုလို ကုန်တင်ကားနဲ့ မူးယစ်ဆေးတွေတင်ပို့နေတာ (၈) ကြိမ်ရှိနေပြီ ဖြစ်ကြောင်း အခု (၉) ကြိမ်မြောက် သယ်ဆောင်လာတဲ့အချိန်ကျမှ ရဲတပ်ဖွဲ့ က ဖမ်းဆီးနိုင်ခဲ့တာလို့လည်း ဆိုပါတယ်။”
ထိုင်းအမှတ် (၁) စစ်ဒေသမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ တာဝန် ရှိသူ ရဲဗိုလ်ချုပ်ကြီး ပြော ဆို တာက “ဒီမူးယစ်တွေဟာ ၀တောင်ပိုင်းကနေ သယ်လာတာဖြစ်တယ်၊ ခုလိုဖမ်းဆီးနိုင်ခဲ့တာဟာ အစိုးရရဲ့ မူးယစ် နှိမ်နင်းရေး မူဝါဒကို ရဲတပ်ဖွဲ့တွေက ထိထိရောက်ရောက်လုပ်ဆောင်ခဲ့တာကြာင့် ဖမ်းဆီးမိ ခဲ့တာ” လို့ လည်း ပြောဆိုသွားပါတယ်။ ၂၀၁၈ ခုနှစ်ထဲမှာတော့ ဒီမူးယစ် ဆေး တွေ ဖမ်းမိတာအများဆုံး ဖြစ်ပြီး ၂၀၁၈ ခုနှစ်ထဲမှာပဲ စိတ်ကြွဆေးအလုံးရေ သန်း ၈၀ ထက်မနည်းကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်ရှင်။