သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်-မြန်မာပူးပေါင်းပြီး မူးယစ်ဆေးဝါးနှင့် သံသယရှိသူများ ဖမ်းဆီး


ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးစခန်းတွင်း လေ့ကျင့်ခန်းလုပ်နေကြသည့် မြင်ကွင်းတခု။ ၂၁ ဇွန် ၂၀၁၅။
ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ မူးယစ်ဆေးစွဲသူများ ပြန်လည်ထူထောင်ရေးစခန်းတွင်း လေ့ကျင့်ခန်းလုပ်နေကြသည့် မြင်ကွင်းတခု။ ၂၁ ဇွန် ၂၀၁၅။

တရုတ်-မြန်မာ နှစ်နိုင်ငံပူးတွဲ မူးယစ်ဆေးတိုက်ဖျက်ရေး အစီအစဉ်အရ တရုတ်ပြည်နယ်စပ်မှာ မူးယစ်ဆေးကုန်ကူးသူအဖြစ် သံသယရှိသူ သုံးဦးနဲ့အတူ မူးယစ်ဆေး ကီလိုဂရမ် ၁၆၀ ကို သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးတိုက်ဖျက်ရေး သတင်းရစ်မြစ်တွေက ပြောပါတယ်။

ဖမ်းမိထားတဲ့ မူယစ်ဆေးဝါးကုန်ကူးသူ သုံးဦးထဲမှာ တရုတ်နိုင်ငံသားနှစ်ဦးနဲ့ မြန်မာနိုင်ငံသား တဦးတို့ပါဝင်တယ်လို့ ယူနန်ပြည်နယ် ပြည်သူ့လုံခြုံရေးဌာန မူးယစ်ဆေးထိန်းချုပ်ရေးအဖွဲ့က သောကြာနေ့မှာ ပြောပါတယ်။

မူးယစ်ဆေး အမြောက်အများကို မြန်မာနိုင်ငံ ကိုးကန့်ဒေသကနေ တရုတ်နိုင်ငံထဲ ခိုးသွင်းမယ်ဆိုတာကို ယူနန်ရဲတွေက ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ သတင်းရခဲ့တာကြောင့် မြန်မာရဲတပ်ဖွဲ့ကို ချက်ခြင်း အကြောင်းကြားခဲ့တယ်လို့ တရုတ်ရဲတွေက ပြောပါတယ်။

အဲဒီနေ့ ညနေ ၅ နာရီလောက်မှာ ကိုးကန့်ရဲတွေက အလေးချိန်ကီလိုဂရမ် ၁၆၀ ရှိတဲ့ မက်သာဖက်တမင်း စိတ်ကြွဆေးပြား ၆ အိတ်ကို ကြံစိုက်ခင်းထဲမှာ ရှာဖွေသိမ်းဆည်း မိခဲ့ကြောင်း၊ ဒီမူးယစ်ဆေးအတွက် သံသယရှိသူ မြန်မာတဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး မူးယစ်ဆေးပြားတွေကိုတော့ တရုတ်ရဲလက်ထဲ အပ်နှံခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းတုန်းကလဲ မြန်မာနိုင်ငံဘက် ထွက်ပြေးလာတဲ့ ယူနန်ပြည်နယ်မြောက်ပိုင်း Chongqing ဒေသနဲ့ Jiling ပြည်နယ်တွေက မူးယစ် ကုန်သည်နှစ်ဦးကို ဖမ်းမိနိုင်ရေး မြန်မာရဲတပ်ဖွဲ့က တရုတ်ရဲတွေကို ကူညီခဲ့ပြီး အခုချိန်ထိ အဲဒီအမှုတွေကို စစ်ဆေးနေဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG