သုံးရလွယ်ကူစေသည့် Link များ

ကျပ် ၃၂ ဘီလျံဖိုး စိတ်ကြွဆေး ဘူးသီးတောင်မှာ ဖမ်းမိ


ရခိုင်ပြည်နယ်တွင်း စစ်ဆေးရေးဂိတ်တခုမြင်ကွင်း။

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ထဲမှာ ကြာသပတေးနေ့က ကျပ်ငွေ ၃၂ ဘီလျံ တန်ဖိုးရှိတဲ့ စိတ်ကြွ ဆေးပြား ပေါင်း ၁၆ သိန်းကို ဖမ်းမိခဲ့တယ်လို့ ဒေသတာဝန်ရှိသူတွေက VOA ကို ပြောပါတယ်။

ကုန်တင်ကားနဲ့ သယ်ဆောင်လာတဲ့ ဒီစိတ်ကြွဆေးပြားတွေကို ပီနန်အိတ်တွေထဲမှာ ထည့်ထားတာ ဖြစ်ပြီး ဘူးသီးတောင်မြို့နယ် ၆ မိုင် ရဲကင်းက ရှာဖွေ ဖမ်းဆီးမိခဲ့တာ ဖြစ်ပါတယ်။

ဒီစိတ်ကြွဆေးတွေကို ရခိုင်ပြည်နယ် ဘူးသီးတောင်ကနေ ၁၆ မိုင်လောက်ဝေးတဲ့ မောင်တောကို ပို့ပြီး အဲဒီကမှတဆင့် တဖက် ဘင်္ဂလားဒေ့ရှ် နိုင်ငံ နယ်စပ်ဘက်ကို တင်ပို့တာ ဖြစ်နိုင်တယ်လို့ ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက ပြောပါတယ်။ အဲဒီလမ်းကြောင်း ဟာ မူးယစ်ဆေးဝါး မှောင်ခိုလမ်းကြောင်း တခု ဖြစ်နေပြီး အဲဒီနေရာတွေမှာ တရားဥပဒေစိုးမိုးအောင် လုပ်ဖို့ လိုအပ်နေတယ် လို့လည်း ပြောပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဒေသမှာ ရှိတဲ့ ဘူးသီးတောင် မောင်တောဒေသတွေမှာ ဒီလအတွင်း စိတ်ကြွဆေး အမြောက်အများ ဖမ်းဆီးရမိနေတာ ဖြစ်ပါတယ်။ မောင်တောမြို့နယ်ထဲမှာ ၂၀၁၆ စက်တင်ဘာလထဲမှာ ကျပ် သန်းပေါင်း တသောင်းကျော် တန်ဖိုးရှိတဲ့ စိတ်ကြွဆေး အလုံးရေ ၆၈ သန်းကျော်ကို ဖမ်းဆီးရမိခဲ့ပြီး ၂၀၁၇ ဖေဖေါ်ဝါရီလမှာတော့ မောင်တော- အလယ်သံကျော် ကားလမ်းမှာ ရှိတဲ့ ဘုန်းကြီးကျောင်းဝင်းထဲမှာ ကျပ်သန်း ၉၀၀၀ ကျော်တန်ဖိုးရှိတဲ့ စိတ်ကြွဆေး အလုံးပေါင်း ၄၆ သန်းကို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG