သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းမြန်မာ နယ်စပ် မူးယစ်ဆေးဝါး သန်းချီမိ


ထိုင်းနိုင်ငံအယုဒ္ဒယမြို့တွင် ဖမ်းမိသော စိတ်ကြွဆေးပြားများ ၂၆၊ဇွန် ၂၀၁၇။
ထိုင်းနိုင်ငံအယုဒ္ဒယမြို့တွင် ဖမ်းမိသော စိတ်ကြွဆေးပြားများ ၂၆၊ဇွန် ၂၀၁၇။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းဒေါင်းခရိုင်မှာထိုင်းမြန်မာနယ်စပ်ကနေ တင်သွင်းလာတဲ့ မူယစ်ဆေး ၂သန်း ၈သိန်းကျော်ကို မတ်လ ၉ရက်နေ့က ဖမ်းဆီးမိခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေကသတင်းစာရှင်းလင်းပွဲမှာပြောဆိုခဲ့ပါတယ်။ စိတ်ကြွဆေးတွေကို ၆ လအတွင်း ၁၁ သန်းကျော်ဖမ်းမိခဲ့တယ်လို့လည်းဆိုပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ်ဘက်ကနေ ချင်းရိုင်ဒေသဘက်ကို မူးယစ်ဆေးတွေ အလုံးအရင်းသယ်ဆောင်လာမယ်ဆိုတဲ့သတင်းအရ စစ်တပ်နဲ့ရဲပူးပေါင်းအဖွဲ့တွေ အထူးစောင့်ကြပ် ကင်းလှည့် စစ်ဆေးနေချိန်မှာ တောလမ်းကနေ မူယစ်ဆေးဝါးသယ်ဆောင်လာတဲ့ လူ၂၀ခန့်ကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။ သူတို့သယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြားပေါင်း၂သန်း ၈သိန်းကျော်ကို ဖမ်းဆီးမိခဲ့ကြောင်းမတ်လ ၁၀ရက်နေ့ကထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ အမှတ် ၃ နယ်ခြားတပ်ရင်း၊ ဗိုလ်ချုပ် ဝိချပ် စီရီဆပ် ဦးဆောင်ပြီးသတင်းစာရှင်း ပွဲလုပ်ခဲ့ပါတယ်။

သူပြောသွားတာကတော့ အခုတကြိမ်ဖမ်းဆီးမိတဲ့စိတ်ကြွဆေးတွေဟာ ပုံမှန်အတိုင်း တံဆိပ်တမျိုးတည်းကိုပဲသယ်ဆောင်လာရာကနေ အခုတကြိမ်မှာတော့ ဆေးပြားတွေကို တံဆိပ် ၃မျိုးလောက် စုပြီးသယ်ဆောင်လာတာကို တွေ့ရတယ်၊ ဒါကိုကြည့်ခြင်းအားဖြင့် စိတ်ကြွဆေးပြားထုတ်လုပ်တဲ့စက်ရုံတွေဟာ ဒေသတွင်းမှာ များပြားလာတာကိုတွေ့ ရတယ်လို့ပြောဆိုသွားတာပါ။

မတ်လ(၉ )ရက်နေ့ကတော့ ထိုင်းမြန်မာနယ်စပ် ချင်းဒေါင်းခရိုင်၊ မင်န ကျေးရွာအနီးတော လမ်းမှာမြန်မာနိုင်ငံဘက်ကနေ မူးယစ်ဆေးသယ်ဆောင်လာတဲ့ လူ၂၀ ခန့်ပါတဲ့အုပ်စုကို ထိုင်းစစ်တပ်က စစ်ဆေးဖို့ဝိုင်းထားစဉ်မှာပဲ ရှေ့ဆုံးကနေ လမ်းကြောင်းကြည့်တဲ့ မူးယစ်
ေဆးဂိုဏ်းဝင်နှစ်ဦးက ထိုင်းစစ်တပ်ကိုအရင် တွေ့သွားပြီးတဲ့နောက်မှာတော့ နောက်က
လိုက်လာတဲ့ သူတွေကို သတိပေးခဲ့တာကြောင့် မူးယစ်ဆေးဝါးတွေသယ်ဆောင်လာတဲ့ အစိမ်းရောင်ကျောပိုးအိတ်တွေကို စွန့်ပစ်ထားခဲ့ပြီး ထွက်ပြေးသွာခဲ့ကြတယ်လို့ဆိုပါတယ်။

မူယစ်ဆေးဝါးဂိုဏ်းဝင်လူ၂၀လောက်သယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြားပေါင်း ၂သန်း ၈သိန်း၄သောင်းကို အစိမ်းရောင်ကျောပိုးအိတ် ၁၉ လုံးထဲမှာတွေ့ရှိရပြီး၊ သယ်ဆောင် လာသူ အမျိုးသားတဦးကို လက်ရဖမ်းဆီးနိုင်ခဲ့ကြောင်းတာဝန်ရှိသူတွေက ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။

ဖမ်းဆီးမိခဲ့တဲ့ မူးယစ်ဆေးတွေဟာ ၉၉၉ တံဆိပ်၊ ဌက်ပုံအမှတ်တံဆိပ်၊ ပန်းသီးတခြမ်းပဲ့အညိုရောင်ပလတ်စတစ် အိတ်ငယ်တွေနဲ့ ထည့်ထားတဲ့ WY စာတမ်းပါ စိတ်ကြွဆေးပြားတွေ ကိုအဝါရောင် စက္ကူတွေနဲ့ထုပ်ထားတာကို ဖမ်းဆီးမိခဲ့တယ်လို့ဆို ပါတယ်။ထိုင်းနိုင်ငံ အနေနဲ့ ၂၀၁၇ အောက်တိုဘာလကနေ ၂၀၁၈ မတ်လအတွင်း (၆)လအတွင်း ဖမ်းမိတဲ့ မူးယစ်ဆေးပြားပေါင်း ၁၁ သန်း ငါးသိန်း၊ ခုနှစ်သောင်းကျော် ဖမ်းမိခဲ့တယ်လို့ဆိုပါတယ်။

မြန်မာ-လာအို-ထိုင်း သုံးနိုင်ငံထိစပ်နေတဲ့ရွေတြိဂံဒေသဟာ ကမ္ဘာပေါ်မှာ မူးယစ်ဆေးဝါးအများဆုံးထုတ်လုပ်ရာနေရာတခုအဖြစ် လူသိများခဲ့ပြီး နှစ်စဉ် စိတ်ကြွဆေးတွေ သန်းနဲ့ချီပြီး ဖမ်းဆီးမိနေတာပါ။ မဲခေါင်မြစ်ကြောင်းတလျောက်မှာရှိတဲ့ ဒီဒေသမှာ ဘိန်းဘုရင်ခွန်ဆာနဲ့ပတ်သက်တဲ့ လူဟောင်းတွေနဲ့ ပြည်သူ့စစ် တပ်ဖွဲ့ဝင်တွေအတော် များများခြေကုတ်ယူထားတဲ့နေရာတွေဖြစ်ပါတယ်။

မဲခေါင်းမြစ်ကြောင်းတလျောက်မှာထိုင်းမြန်မာ၊ လာအို၊ တရုတ်စတဲ့ အိမ်နီးချင်းနိုင်ငံတွေ စုပေါင်းပြီးမူယစ်ဆေးဝါးတိုက်ဖျက်ရေးတွေလုပ်ဆောင်နေပေမဲ့ စိတ်ကြွဆေးထုတ်လုပ်မှုတွေကတော့ လျော့ကျသွားတာမျိုးသိပ်မရှိပါဘူး။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG