သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် မူးယစ်နှိမ်နင်းမှုတွင်း ရိုဟင်ဂျာအမျိုးသမီးတဦး သေဆုံး 


၂၀၁၈ ဧပြီလတုန်းက Teknaf မြို့တွင်း yaba များ ဖမ်းဆီးရမိခဲ့
၂၀၁၈ ဧပြီလတုန်းက Teknaf မြို့တွင်း yaba များ ဖမ်းဆီးရမိခဲ့

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ၂ နိုင်ငံကြားက မူးယစ်မှောင်ခို အရောင်းဝယ်နဲ့ ထင်ရှားတဲ့ Teknaf မြို့မှာ ရိုဟင်ဂျာအမျိုးသမီးတယောက်ကို ဘင်္ဂလားဒေ့ရှ် လုံခြုံရေးတပ်ဖွဲ့တွေက သေနတ်နဲ့ ပစ်သတ် ခဲ့ကြောင်း တာဝန်ခံ အရာရှိတွေရဲ့ တနင်္ဂနွေနေ့က ပြောကြားချက်ကို AFP သတင်းမှာ ဖော်ပြထားပါတယ်။

Yaba စိတ်ကြွရူးသွပ်ဆေးပြားတွေ မှောင်ခိုကူးရာ Teknaf မြို့မှာ ပစ်သတ်ခံရသူဟာ အသက် ၂၀ အရွယ် Rumana Akter ဖြစ်ပြီး သူဟာ မူးယစ်ကုန်သွယ်မှုတိုက်ဖျက်ရေး ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ဆောင်ရွက်မှုအတွင်း ပထမဆုံးအသတ်ခံရတဲ့ ရိုဟင်ဂျာအမျိုးသမီးဖြစ်ကြောင်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

သူဟာ မြန်မာနိုင်ငံကထွက်ပြေးလာတဲ့ ရိုဟင်ဂျာမူဆလင် ၁ သန်းလောက်နေထိုင်နေတဲ့ ဒုက္ခသည်စခန်းတွေနားက Teknaf မြို့က သီးခြားဖြစ်ရပ် ၂ ခု အတွင်း အသတ်ခံရတဲ့ မူးယစ်မှောင်ခိုကူးသူတွေလို့ စွပ်စွဲခံရသူတွေထဲက တယောက် ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခေတ်စားလာတဲ့ Yaba လို့ခေါ်တဲ့ Methamphetamine အခြေပြု မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကို Teknaf မြို့မှာ ဆောင်ရွက်နေတာပါ။

ပြီးခဲ့တဲ့နှစ် မေလတုန်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ မူးယစ်မှောင်ခိုတိုက်ဖျက်ရေး ဆောင်ရွက်ချက်အတွင်းမှာ လူ ၃၀၀ ကျော် အသတ်ခံခဲ့ရပြီး ဒီထဲက အယောက် ၂၀ လောက်က ရိုဟင်ဂျာ တွေ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတို့ကြား နယ်ခြားမျဉ်းအဖြစ် ရှိနေတဲ့ Naf မြစ်ပေါ်မှာ လက်နက်ကိုင်မူးယစ်မှောင်ခိုကူးသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့တွေကြား ပစ်ခတ်မှုအတွင်းမှာ ရိုဟင်ဂျာအမျိုးသမီး သေဆုံးရကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်တွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG