သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့တောင်အာရှ မူးယစ်ဆေးပြား သုံးစွဲသူတိုး


ဖိလစ်ပိုင်နိုင်ငံတွင် Methamphetamine ဖမ်းမိစဉ်
ဖိလစ်ပိုင်နိုင်ငံတွင် Methamphetamine ဖမ်းမိစဉ်

အရှေ့တောင်အာရှ ဒေသမှာ Methamphetamine စိတ်ကြွဆေးပြားတွေ အလျှံပယ်ဖြစ်ပြီး ဈေးနှုန်းတွေ ကျလာတဲ့အတွက် သုံးစွဲမှု ပိုများလာစေနိုင်တယ်လို့ UNODC ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးဌာနက တနင်္လာနေ့က သတိပေးလိုက်ပါတယ်။

ပြီးခဲ့တဲ့နှစ်က Speed - Ice နဲ့ ရာဘ ဆေးပြားတွေ စံချိန်တင် ဖမ်းဆီးမိခဲ့ပေမယ့်လည်း ဝယ်ယူနိုင်တဲ့ ဈေးတွေ ကျလာတာ တွေ့ရတဲ့ အတွက် စိတ်ကြွဆေး အထွက်တိုးလာတာ တွေ့ရကြောင်း UNODC ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

အရှေ့နဲ့ အရှေ့တောင်အာရှဒေသရှိ ၁၃ နိုင်ငံ အနက် ၁၂ နိုင်ငံမှာ Methamphetamine ကို အဓိက သုံးစွဲလာကြတာ ဖြစ်ပြီး ဒါဟာ လွန်ခဲ့တဲ့ ၁၀ နှစ်က ဆိုရင် ၅ နိုင်ငံမှာပဲ အဓိက သုံးစွဲကြတာဖြစ်ပါတယ်။

အဓိက ဘိန်းဖြူ heroin ပြဿနာဖြစ်နေတဲ့ ဗီယက်နမ် နိုင်ငံကလွဲလို့ ကျန်နိုင်ငံ တွေမှာ Methamphetamine က အဓိက ပြဿနာ ဖြစ် လာနေပါတယ်။ ထိုင်းနိုင်ငံမှာတင် ၂၀၁၈ ခုနှစ်က Methamphetamine စိတ်ကြွဆေးပြား ၅၁၅ သန်း ဖမ်းဆီး ရမိခဲ့ပြီး ဒါဟာ လွန်ခဲ့တဲ့ ဆယ်နှစ်က အထက်ပါ ၁၃ နိုင်ငံပေါင်းမှာ ဖမ်းဆီးရမိတဲ့ Methamphetamine ထက် ၁၇ ဆ ပိုများနေတယ်လို့လည်း ကုလသမဂ္ဂ အေဂျင်စီက ပြောပါတယ်။ အဓိက မြန်မာနိုင်ငံက အများဆုံး ထွက်တယ်လို့လည်း ဖေါ်ပြထားပါတယ်။

ဒါ့ကြောင့် မြန်မာ- လာအိုနဲ့ ထိုင်း ၃ နိုင်ငံနယ်စပ်က ဘိန်းဖြူအဓိက ထွက်တဲ့ ရွှေတြိဂံနယ်မြေမှာ Methamphetamine နဲ့ တခြား မူးယစ်ဆေးပြားတွေ မှောင်ခို ရောင်းဝယ်မှုမှာ ပါဝင် လုပ်ဆောင်နေတဲ့ မူးယစ်ဆေးဂိုဏ်းတွေ တိုးလာနေကြောင်းလည်း အစီရင်ခံစာက သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG