သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံက စိတ်ကြွဆေးပြားဖြန့်ချီမှု ဒေသတွင်းမြင့်မားလာ


မြန်မာနိုင်ငံက ထုတ်တဲ့ crystal methamphetamine ၁.၂ တန် မလေးရှားနိုင်ငံမှာ မေလက သိမ်းဆည်းရမိခဲ့စဉ်
မြန်မာနိုင်ငံက ထုတ်တဲ့ crystal methamphetamine ၁.၂ တန် မလေးရှားနိုင်ငံမှာ မေလက သိမ်းဆည်းရမိခဲ့စဉ်

အရှေ့တောင်အာရှတဝန်း ဒီနှစ်ထဲဖမ်းမိတဲ့ စိတ်ကြွဆေးပြားအရေအတွက်အရ မြန်မာနိုင်ငံကနေ methamphetamine စိတ်ကြွဆေးထုတ်လုပ်မှု နောက်ထပ် စံချိန်တင်များတယ်လို့ ရည်ညွှန်းပြနေပါတယ်။

၂၀၁၈ ခုနှစ် ပထမ ၃ လအတွင်းမှာပဲ မြန်မာနိုင်ငံမှာ ဖမ်းမိတဲ့ စိတ်ကြွဆေးပြား ၉ သန်းရှိပါတယ်။ မလေးရှားနိုင်ငံမှာလည်း မြန်မာနိုင်ငံက ထုတ်တဲ့ crystal methamphetamine ၁.၂ တန် မေလက သိမ်းဆည်းရမိခဲ့ပြီး ဒါဟာ စံချိန်တင်အများဆုံးဖြစ်ပါတယ်။

ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံဟာ ဘိန်းစိုက်ပျိုးမှု ဒုတိယအများဆုံးဖြစ်ပြီး methamphetamine စိတ်ကြွဆေးပြားထုတ်လုပ်မှု အများဆုံးဖြစ်တယ်လို့ ကုလသမဂ္ဂမူးယစ်ဆေးနဲ့ ရာဇဝတ်မှုတိုက်ဖျက်ရေး UNODC ကပြောပါတယ်။ မူးယစ်ဆေးဝါး ပြဿနာ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရေးအတွက် မဟာဗြူဟာသစ်တွေရှာဖွေနိုင်ဖို့ အာရှ Pacific ဒေသက မူးယစ်ဆေးတိုက်ဖျက်ရေးတာဝန်ရှိသူတွေ နေပြည်တော်မှာ ပြီးခဲ့တဲ့ သီတင်းပါ၏တ်က တေ့ွဆုံဆွေးနွေးခဲ့ကြပါတယ်။

စိတ်ကြွဆေးပြားတွေထုတ်လုပ်ရာမှာ သုံးစွဲတဲ့ ဓါတုပစ္စည်းတွေ မြန်မာနိုင်ငံထဲ ဘယ်လိုလမ်းကြောင်းက ဝင်လာသလဲဆိုတာကို ပထမဆုံးအကြိမ် အာရုံစိုက် ဆွေးနွေးခဲ့ကြပါတယ်။

crystal methamphetamine
please wait

No media source currently available

0:00 0:01:00 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG