သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူးယစ်ဆေးပြား ၁ဝသန်းကျော် မြန်မာရဲတပ်ဖွဲ့ ဖမ်းမိခဲ့


၂၀၁၆ ဖေဖော်ဝါရီလတုန်းက မောင်တောမြို့နယ်တွင် စိတ်ကြွမူးယစ်ဆေးများ ဖမ်းမိစဉ် (MOI)
၂၀၁၆ ဖေဖော်ဝါရီလတုန်းက မောင်တောမြို့နယ်တွင် စိတ်ကြွမူးယစ်ဆေးများ ဖမ်းမိစဉ် (MOI)

မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာ ၁၃ သန်းကျော်ဖိုးတန်ဖိုးရှိတဲ့ မူးယစ်ဆေးပြား ၁၀ သန်းကျော်ကို ဖမ်းဆီးမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အခု စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်အတွင်း မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွေမှာ Methamphetamine စိတ်ကြွဆေးပြားတွေကို ဖမ်းမိခဲ့တာဖြစ်ပါတယ်။ မောင်တောမြို့နယ် ဝေသာလီကျေးရွာ မောင်တော-အငူမော်သွားတဲ့ကားလမ်းဘေးမှာ မတ်လ ၂ ရက်နေ့က ရပ်ထားတဲ့ ကားတစင်းထဲမှာ စိတ်ကြွရူးသွပ်ဆေးပြား ၉ သန်းနီးပါးကို ရှာဖွေသိမ်းဆည်းမိတယ်လို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါး နှိမ်နှင်းရေးနဲ့ ထိန်းချုပ်ရေး ဗဟိုကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

မသင်္ကာသူ အသက် ၃၁ နှစ်အရွယ် အမျိုးသားတယောက်ကိုလည်း ဖမ်းဆီးထားတယ်လို့ သတင်းထဲမှာ ပြောပါတယ်။ မတ်လ ၂ ရက်နေ့ကပဲ မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ် ထဲမှာ ကားတစင်းပေါ်ကနေ စိတ်ကြွဆေးပြား ၁ သန်းခွဲနီးပါး ဖမ်းမိခဲ့ပါတယ်။ ကားပေါ်ပါလာတဲ့ မသင်္ကာသူ ၃ ဦးကို ဖမ်းဆီးထားတယ်လို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါး နှိမ်နှင်းရေးနဲ့ ထိန်းချုပ်ရေးဗဟိုကော်မတီက ထုတ်ပြန်တဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

အခုနှစ်အတွင်း မြန်မာနိုင်ငံမှာ ဖမ်းမိတဲ့မူးယစ်ဆေးတွေထဲမှာ ပမာဏအများဆုံးဖြစ်သလို မောင်တောဒေသဖက်ကနေ ဖမ်းမိသမျှထဲမှာ အများဆုံးဖြစ်တယ်လို့ ရဲမှူးကြီးဝင်းကိုကိုရဲ့ အပြောကို AFP သတင်းမှာ ကိုးကားဖော်ပြထားပါတယ်။ အခုဖမ်းမိတဲ့ မူးယစ်ဆေးတွေဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်ကို မှောင်ခိုကူးမယ့် ဆေးပြားတွေ ဖြစ်ပုံရပါတယ်။

ကမ္ဘာပေါ်မှာ Methamphetamine စိတ်ကြွဆေးပြား အများဆုံးထုတ်လုပ်နေတဲ့ မြန်မာနိုင်ငံကနေ စိတ်ကြွဆေးပြားတွေကို တောင်ကိုရီးယား၊ ဂျပန်၊ Australia နိုင်ငံတွေအထိ တရားမဝင်ခိုးထုတ်နေတာဖြစ်ပါတယ်။ စစ်ရေးပဋိပက္ခတွေရှိနေဆဲဖြစ်တဲ့ ရှမ်းပြည်နယ်ထဲမှာ စိတ်ကြွဆေးပြားတွေကို အမျာဆုံးထုတ်လုပ်နေတယ်လို့ UNODC ကပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG