(Zawgyi/ Unicode)
ျမန္မာႏုိင္ငံ အပါအ၀င္ မဲေခါင္ေဒသႏုိင္ငံေတြနဲ႔ ကုလသမဂၢရဲ႕ မူးယစ္ေဆး၀ါးနဲ႔ ရာဇ၀တ္မႈတုိက္ဖ်က္ေရး႐ုံး (UNODC) တုိ႔ ပူးေပါင္းၿပီး ေဒသတြင္းမွာ မူးယစ္ေဆး၀ါး တုိက္ဖ်က္ေရး အရွိန္ျမွင့္ႏုိင္မယ့္ အစီအစဥ္တရပ္ကုိ ဒီကေန႔ပဲ သေဘာတူလုိက္ၾကပါတယ္။
ေထာက္လွမ္းေရး သတင္းေတြ ဖလွယ္တာ၊ နယ္စပ္ျဖတ္ေက်ာ္ လႈပ္ရွားေနတဲ့ ရာဇ၀တ္ဂုိဏ္းေတြရဲ႕ မူးယစ္ေဆး၀ါး ေမွာင္ခုိမႈေတြကုိ ႏွိမ္နင္းတဲ့ လုပ္ငန္းေတြမွာ ပူးေပါင္းေဆာင္ရြက္မႈေတြ တုိးျမွင့္သြားၾကဖုိ႔ သေဘာတူခဲ့ၾကတာပါ။ ေဒသတြင္းမွာ မူးယစ္ေဆး၀ါး ထုတ္လုပ္မႈေတြနဲ႔ ေမွာင္ခုိမႈေတြ အခ်က္အျခာ ေနရာျဖစ္တဲ့ ေရႊႀတိဂံေဒသ ၃ ႏုိင္ငံျဖစ္တဲ့ ျမန္မာ၊ ထုိင္း၊ လာအုိ တုိ႔အျပင္ တ႐ုတ္၊ ဗီယက္နမ္၊ ကေမာၻဒီးယားက ၀န္ႀကီးေတြပါ တက္ေရာက္လာၾကတဲ့ ဘန္ေကာက္ၿမိဳ႕က အစည္းအေ၀းမွာေတာ့ ေထာက္လွမ္းေရး သတင္းအခ်က္အလက္ေတြကုိ ပုံမွန္ဖလွယ္သြားဖုိ႔၊ နယ္စပ္ျဖတ္ေက်ာ္ စုံစမ္းမႈေတြကုိ ပုိမုိပူးတဲြေဆာင္ရြက္သြားဖုိ႔နဲ မူးယစ္ေဆး၀ါး တုိက္ဖ်က္ေရး စီမံခ်က္ေတြကုိ ပူးေပါင္းေဆာင္ရြက္ဖုိ႔ေတြကုိ သေဘာတူခဲ့ၾကတာ ျဖစ္ပါတယ္။
အရင္တုန္းက ပူးေပါင္းေဆာင္ရြက္မႈေတြကုိ အေျခအေန လုိအပ္ခ်က္အရ ေဆာင္ရြက္ခဲ့ၾကေပမဲ့ အခုအခါ သေဘာတူညီခ်က္ ရရွိခဲ့ၾကတဲ့အတြက္ ပုိၿပီး စနစ္တက်နဲ႔ ထိထိေရာက္ေရာက္ ေဆာင္ရြက္ႏုိင္လိမ့္မယ္လုိ႔ ေမွ်ာ္လင့္ေၾကာင္းလည္း UNODC ရဲ႕ အေရွ႕ေတာင္အာရွေရးရာ တာ၀န္ခံ Jeremy Douglas ကေျပာပါတယ္။ မူးယစ္ေဆး၀ါး တုိက္ဖ်က္ေရး ပူးေပါင္းေဆာင္ရြက္ေရး သေဘာတူညီခ်က္မွာေတာ့ က်န္းမာေရး ၀န္ေဆာင္မႈေတြ၊ ပညာေပးလုပ္ငန္းေတြ၊ မူးယစ္ေဆး ထုတ္လုပ္ရာမွာသုံးတဲ့ ဓာတုပစၥည္းေတြကုိ ထိန္းခ်ဳပ္မႈေတြ တုိးျမွင့္ေဆာင္ရြက္ဖုိ႔လည္း ပါ၀င္ပါတယ္။
အာဖဂနစၥတန္ႏုိင္ငံၿပီးရင္ ဘိန္းထုတ္လုပ္မႈ ဒုတိယအမ်ားဆုံး အဆင့္မွာ ရွိေနဆဲျဖစ္တဲ့ ျမန္မာႏုိင္ငံ အပါအ၀င္ ေဒသတြင္းမွာ ဘိန္းစုိက္ပ်ဳိးမႈနဲ႔ ဘိန္းျဖဴထုတ္လုပ္မႈ လြန္ခဲ့တဲ့ ၁၀ ႏွစ္အတြင္း က်ဆင္းလာေပမဲ့ စိတ္ၾကြေဆး ထုတ္လုပ္မႈေတြကေတာ့ ပုိမ်ားလာေနတာပါ။ အာရွ၊ ပစိဖိတ္ေဒသမွာ methamphetamine စိတ္ၾကြေဆး ေမွာင္ခုိမႈဟာ လြန္ခဲ့တဲ့ ၁၅ ႏွစ္တုန္းက ေဒၚလာ ၁၅ ဘီလီယံေလာက္သာ ရွိခဲ့ရာက၊ ၂၀၁၈ ခုႏွစ္မွာ ၆၁ ဘီလီယံခဲြေလာက္အထိ တုိးလာတယ္လုိ႔လည္း UNODC ကခန္႔မွန္းထားပါတယ္။
................
မဲခေါင်ဒေသနိုင်ငံတွေနဲ့ ကုလပူးပေါင်းပြီး ဒေသတွင်းမူးယစ်ဆေးတိုက်ဖျက်ရေး သဘောတူ
(Unicode)
မြန်မာနိုင်ငံ အပါအဝင် မဲခေါင်ဒေသနိုင်ငံတွေနဲ့ ကုလသမဂ္ဂရဲ့ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုတိုက်ဖျက်ရေးရုံး (UNODC) တို့ ပူးပေါင်းပြီး ဒေသတွင်းမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အရှိန်မြှင့်နိုင်မယ့် အစီအစဉ်တရပ်ကို ဒီကနေ့ပဲ သဘောတူလိုက်ကြပါတယ်။
ထောက်လှမ်းရေး သတင်းတွေ ဖလှယ်တာ၊ နယ်စပ်ဖြတ်ကျော် လှုပ်ရှားနေတဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့ မူးယစ်ဆေးဝါး မှောင်ခိုမှုတွေကို နှိမ်နင်းတဲ့ လုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားကြဖို့ သဘောတူခဲ့ကြတာပါ။ ဒေသတွင်းမှာ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေနဲ့ မှောင်ခိုမှုတွေ အချက်အခြာ နေရာဖြစ်တဲ့ ရွှေတြိဂံဒေသ ၃ နိုင်ငံဖြစ်တဲ့ မြန်မာ၊ ထိုင်း၊ လာအို တို့အပြင် တရုတ်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားက ဝန်ကြီးတွေပါ တက်ရောက်လာကြတဲ့ ဘန်ကောက်မြို့က အစည်းအဝေးမှာတော့ ထောက်လှမ်းရေး သတင်းအချက်အလက်တွေကို ပုံမှန်ဖလှယ်သွားဖို့၊ နယ်စပ်ဖြတ်ကျော် စုံစမ်းမှုတွေကို ပိုမိုပူးတွဲဆောင်ရွက်သွားဖို့နဲ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စီမံချက်တွေကို ပူးပေါင်းဆောင်ရွက်ဖို့တွေကို သဘောတူခဲ့ကြတာ ဖြစ်ပါတယ်။
အရင်တုန်းက ပူးပေါင်းဆောင်ရွက်မှုတွေကို အခြေအနေ လိုအပ်ချက်အရ ဆောင်ရွက်ခဲ့ကြပေမဲ့ အခုအခါ သဘောတူညီချက် ရရှိခဲ့ကြတဲ့အတွက် ပိုပြီး စနစ်တကျနဲ့ ထိထိရောက်ရောက် ဆောင်ရွက်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း UNODC ရဲ့ အရှေ့တောင်အာရှရေးရာ တာဝန်ခံ Jeremy Douglas ကပြောပါတယ်။ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်မှာတော့ ကျန်းမာရေး ဝန်ဆောင်မှုတွေ၊ ပညာပေးလုပ်ငန်းတွေ၊ မူးယစ်ဆေး ထုတ်လုပ်ရာမှာသုံးတဲ့ ဓာတုပစ္စည်းတွေကို ထိန်းချုပ်မှုတွေ တိုးမြှင့်ဆောင်ရွက်ဖို့လည်း ပါဝင်ပါတယ်။
အာဖဂနစ္စတန်နိုင်ငံပြီးရင် ဘိန်းထုတ်လုပ်မှု ဒုတိယအများဆုံး အဆင့်မှာ ရှိနေဆဲဖြစ်တဲ့ မြန်မာနိုင်ငံ အပါအဝင် ဒေသတွင်းမှာ ဘိန်းစိုက်ပျိုးမှုနဲ့ ဘိန်းဖြူထုတ်လုပ်မှု လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ကျဆင်းလာပေမဲ့ စိတ်ကြွဆေး ထုတ်လုပ်မှုတွေကတော့ ပိုများလာနေတာပါ။ အာရှ၊ ပစိဖိတ်ဒေသမှာ methamphetamine စိတ်ကြွဆေး မှောင်ခိုမှုဟာ လွန်ခဲ့တဲ့ ၁၅ နှစ်တုန်းက ဒေါ်လာ ၁၅ ဘီလီယံလောက်သာ ရှိခဲ့ရာက၊ ၂၀၁၈ ခုနှစ်မှာ ၆၁ ဘီလီယံခွဲလောက်အထိ တိုးလာတယ်လို့လည်း UNODC ကခန့်မှန်းထားပါတယ်။