သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်မူးယစ်ဂိုဏ်းဝင်တွေ လက်နက်ချ အဖမ်းခံ


ဖေဖော်ဝါရီ ၃ ရက်နေ့က ဘင်္ဂလားဒေ့ရှ်မူးယစ်ဂိုဏ်းဝင်တွေ လက်နက်ချ အဖမ်းခံစဉ်
ဖေဖော်ဝါရီ ၃ ရက်နေ့က ဘင်္ဂလားဒေ့ရှ်မူးယစ်ဂိုဏ်းဝင်တွေ လက်နက်ချ အဖမ်းခံစဉ်

(zawgyi/Unicode)

ဘင်္ဂလားဒေရှ့်နိုင်ငံတွင်းက မူးယစ်မှောင်ခိုမှုမှာ အဓိက ကြိုးကိုင်လှုပ်ရှားနေသူ ဒါဇင်နဲ့ချီပြီး လက်နက်ချ အဖမ်းခံခဲ့ကြောင်း အာဏာပိုင်တို့က အင်္ဂါနေ့မှာ ပြောပါတယ်။ တက္ကနဖ်က မူးယစ်မှောင်ခိုသမား ၂၁ ယောက် တနလာၤနေ့ နှောင်းပိုင်းက လက်နက်ချ အဖမ်းခံခဲ့တာ ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်မူးယစ်ဂိုဏ်းဝင်တွေ လက်နက်ချ အဖမ်းခံသတင်းကို ဖတ်ရှုနိုင်ပါပြီ။

လက်နက်ချ အဖမ်းခံခဲ့တဲ့ မူးယစ်မှောင်ခိုသမားတွေကို ကြိုဆိုကြောင်း၊ မူးယစ်မှောင်ခိုကူးသူတွေ အတွက် မလုံခြုံတော့ဘူးလို့လည်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ ခေါင်းဆောင် Golam Faruk က အဖမ်းခံသူများကို ကြိုဆိုတဲ့ အခမ်းအနားတွင်းမှာ ပြောဆိုခဲ့ပါတယ်။ ဘင်္ဂလားဒေရှ့် ရဲတပ်ဖွဲ့ထံမှာ အဖမ်းခံခဲ့ကြတဲ့ မူးယစ်မှောင်ခိုကူးသူတွေက လက်နက်တွေ၊ ထောင်နဲ့ချီတဲ့ ယာဘ စိတ်ကြွဆေးပြားတွေကိုလည်း ရဲထံ အပ်နှံခဲ့ပြီး မူးယစ်ဆေးဝါး မှောင်ခိုမှုနဲ့ ရောင်းဝယ်မှု မလုပ်တော့ပါဘူးလို့လည်း လူထုရှေ့မှာ ကတိပြုခဲ့ကြပါတယ်။

မူးယစ်ဆေးစွဲမှု နှုန်း များနေတဲ့ ဘင်္ဂလားဒေရှ့်က ဖိလစ်ပိုင် ပုံစံ မူးယစ်တိုက်ဖျက်ရေး ဆောင်ရွက်လာခဲ့ပြီး နောက်မှာတော့ မူးယစ်မှောင်ခိုကူးသူတွေလို့ စွပ်စွဲခံရသူ ၅၀၀ နီးပါးက လုံခြုံရေး တပ်ဖွဲ့တွေ လက်ချက်နဲ့ သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် မေလက စခဲ့တဲ့ မူးယစ်နှိမ်နင်းရေး လုပ်ငန်းတွေ အတွင်း သေဆုံးခဲ့ရသူ ၅၀၀ ထဲမှာ ရိုဟင်ဂျာ ဒုက္ခသည် ဒါဇင်နဲ့ချီ ပါတယ်လို့လည်း အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တွေက ပြောဆိုကြပါတယ်။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်မှု စွပ်စွဲချက်နဲ့ လူပေါင်း ၂၅,၀၀၀ ကျော်လည်း ဖမ်းဆီးခံထားရပါတယ်။

တနလာၤနေ့က ကိုယ်တိုင်လာရောက် အဖမ်းခံကြတဲ့ မူးယစ်မှောင်ခိုကူးသူတွေကို တရားစွဲဆိုမှာ ဖြစ်ပေမယ့် မျှမျှတတ ခုခံချေပခွင့် ပေးမယ်လို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။ မြန်မာ အစိုးရဘက်က ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို လက်မခံတာ အပါအဝင် လုံခြုံရေး စိုးရိမ်ချက်ကြောင့် ဌာနေမပြန်နိုင်သေးတဲ့ ဘင်္ဂလားဒေရှ့်ရောက် ဒုက္ခသည် ၇၄၀,၀၀၀ ကျော် ရောက်ရှိနေတဲ့ နယ်စပ်မြို့တွေဟာ အဓိက မှောင်ခိုကူးရာ နေရာတွေ ဖြစ်လာနေတယ်လို့လည်း ဘင်္ဂလားဒေရှ့် အာဏာပိုင်တို့က ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်


................................


(Unicode)






XS
SM
MD
LG