သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာႏုိင္ငံ မူးယစ္ေဆးဝါး ဖမ္းဆီးဖ်က္ဆီးမႈ ယခင္ႏွစ္ကထက္ ပိုမ်ား


[Zawgyi/Unicode]

ဒီကေန႔ က်ေရာက္တဲ့ အျပည္ျပည္ဆိုင္ရာ မူးယစ္ေဆးဝါးအလဲြသုံုးမႈနဲ႔ တရားမ၀င္ တိုက္ဖ်က္ေန႔အခမ္းအနားမွာ ရန္ကုန္တိုင္းအတြင္း မူးယစ္ေဆးဝါး စံခ်ိန္တင္ဖမ္းဆီးရမိ၊ ဖ်က္ဆီးခဲ့တဲ့သတင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္က တင္ျပေပးပါမယ္။

၃၂ ႏွစ္ေျမာက္ အျပည္ျပည္ဆိုင္ရာ မူးယစ္ေဆးဝါးအလဲြသုံုးမႈနဲ႔ တရားမ၀င္ တိုက္ဖ်က္ေန႔မွာ ရန္ကုန္၊ မႏၲေလး၊ ေတာင္ႀကီးနဲ႔ လားရိႈး စတဲ့ၿမိဳ႕ႀကီးေတြမွာ တစ္ႏွစ္အတြင္း ဖမ္းဆီးရမိတဲ့ မူူးယစ္ေဆး၊ စိတ္ႂကြေဆးနဲ႔ ဓါတုပစၥည္းေတြကို မီးရိႈ႔႕ဖ်က္ဆီးခဲ့တာပါ။

ဒီကေန႔ ရန္ကုန္မွာ မီးရိႈ႕ဖ်က္ဆီးတဲ့ ပမာဏဟာ ျမန္မာက်ပ္ေငြ ဘီလီယံ ၂၀၀ ေက်ာ္၊ အေမရိကန္ေဒၚလာနဲ႔ဆို ၁၄၄ သန္းေက်ာ္ ရွိခဲ့တယ္လို႔ အမွတ္ ၃ မူးယစ္တပ္ဖဲြ႕ခဲြ၊ ရန္ကုန္ရဲ႕ တပ္ဖဲြ႕ခဲြမွဴး ဒုရဲမွဴးႀကီး မိုးေအာင္က VOA ကို ေျပာပါတယ္။

“ရန္ကုန္တိုင္းအေနနဲ႔ကေတာ့ က်ေနာ္တို႔ မူးယစ္ေဆးဝါးေရာ၊ ဓါတုပစၥည္းေရာ အားလံုး ၂၀ နဲ႔ ၆ မ်ိဳး၊ မီးရိႈ႕ဖ်က္ဆီးတာ။ တန္ဖိုးအေနနဲ႔ကေတာ့ ျမန္မာက်ပ္ေငြ ၂၀၈ ဒသမ ၈၆၉၉ ဘီလီယံေပါ့။ အေမရိကန္ေဒၚလာ သန္းေပါင္းက ၁၄၄ ဒသမ ၀,၄၈၂ သန္းေပါင္းေပါ့။ အမႈေပါင္းကေတာ့ ၅,၂၆၂ မႈ၊ မူးယစ္ေဆးဝါးအမႈေပါင္း ၅,၂၆၂ မႈက သက္ေသခံပစၥည္း၊ မူးယစ္ေဆးဝါးနဲ႔ ဓါတုေဗဒ ပစၥည္းေတြ ျဖစ္ပါတယ္။”

၂၀၁၉ ခုႏွစ္က မူးယစ္ေဆးဝါးနဲ႔ ဓါတုပစၥည္း ၂၂ မ်ိဳးကို မီးရိႈ႕ဖ်က္ဆီးခဲ့ၿပီး အမႈေပါင္း ၃,၉၇၅ မႈ ရွိတာေၾကာင့္ ဒီႏွစ္မွာ အမႈေပါင္း ၁,၂၈၇ မႈ တိုးျမင့္ဖမ္းဆီးႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီႏွစ္ မီးရိႈ႕ဖ်က္ဆီးတဲ့ မူးယစ္ေဆးဝါးေတြမွာ ဘိန္းစိမ္း၊ ဘိန္းျဖဴ၊ စိတ္ႂကြေဆး စတာေတြ ပါ၀င္သလို အရင္ႏွစ္ကထက္ ဖမ္းဆီးရမိမႈ ပမာဏ တိုးျမင့္လာေၾကာင္းနဲ႔ ကာလတန္ဖိုးအရဆိုရင္ ဒီႏွစ္ဖ်က္ဆီးတဲ့ ပမာဏဟာ အရင္ႏွစ္ကထက္ အေမရိကန္ေဒၚလာ ၃၅ သန္းေက်ာ္ ပိုမိုမ်ားျပားခဲ့ေၾကာင္း ေျပာပါတယ္။

ရန္ကုန္တိုင္းအတြင္းမွာ အခုလို တိုးျမင့္ ဖမ္းဆီးႏိုင္ခဲ့တာနဲ႔ ပတ္သက္လို႔ ဒုရဲမွဴးႀကီး မိုးေအာင္က အခုလို ဆက္ေျပာပါတယ္။

“ဖမ္းဆီးရမိမႈမ်ားလာတဲ့ ဥစၥာေတာ့ က်ေနာ္တို႔ ဒီက တပ္မေတာ္အေနနဲ႔ေရာ၊ မိမိတပ္ဖဲြ႕အေနနဲ႔ေရာ၊ က်ေနာ္တို႔ နယ္ေျမခံ ရဲတပ္ဖဲြ႕မ်ားအေနနဲ႔ေရာ မူးယစ္ေဆးဝါးကို စီမံခ်က္ေတြ ခ်မွတ္ၿပီး ဖမ္းဆီးတာေတြလည္း ရွိတယ္။ ေနာက္တခါ ျပည္သူလူထု သတင္းေပးတာေတြလည္း ရွိတယ္။ က်ေနာ္တို႔အားလံုး ပူးေပါင္းေဆာင္ရြက္မႈေၾကာင့္ ဒီလိုမ်ိဳး တိုးျမင့္ၿပီးေတာ့ ဖမ္းဆီးရမိတယ္လို႔ သံုးသပ္ရရွိပါတယ္။ ”

မႏၲေလးၿမိဳ႕မွာေတာ့ ျမန္မာႏိုင္ငံအထက္ပိုင္းနဲ႔ အလယ္ပိုင္းက ဖမ္းဆီးရမိတဲ့ မူးယစ္ေဆးဝါး၂၆ မ်ိဳးကို မီးရိႈ႕ဖ်က္ဆီးခဲ့သလို ဓါတုပစၥည္း ၁၇ မ်ိဳးကို ေျမျမွဳပ္ဖ်က္ဆီးခဲ့ပါတယ္။ ဒီဖ်က္ဆီးလိုက္တဲ့ မူးယစ္ေဆးနဲ႔ ဓါတုပစၥည္းေတြရဲ႕ ပမာဏဟာ က်ပ္ေငြ ဘီလီယံ ၆၀ နီးပါး၊ အေမရိကန္ေဒၚလာေငြ သန္း ၄၀ ေက်ာ္ဖိုးရွိတယ္လို႔လည္း သတင္းထုတ္ျပန္ထားပါတယ္။

ေတာင္ႀကီးနဲ႔ လားရိႈးမွာ ဖ်က္ဆီးခဲ့တဲ့ မူးယစ္ေဆးနဲ႔ ဓါတုပစၥည္းေတြအပါအ၀င္ဆိုရင္ဒီကေန႔ ၿမိဳ႕ ေလး ၿမိဳ႕မွာ ဖ်က္ဆီးတဲ့ မူးယစ္ေဆးဝါးတန္ဖိုး စုစုေပါင္းဟာ ျမန္မာေငြ ဘီလီယံ ၁,၂၀၀ ေက်ာ္၊ အေမရိကန္ေဒၚလာ သန္း ၈၄၀ နီးပါးရွိေၾကာင္းလည္း အစိုးရက သတင္းထုတ္ျပန္ထားပါတယ္။

ဒီလ ၂၃ရက္ေန႔ကလည္း ကြတ္ခိုင္ၿမိဳ႕မွာ ဓာတုပစၥည္း ၄၇ မ်ိဳးနဲ႔ မူးယစ္ေဆးဝါး ထုတ္လုပ္ရာတြင္အသုံးျပဳသည့္ ဆက္စပ္ပစၥည္း ၅ဝ မ်ိဳး တန္ဖိုး က်ပ္ေငြ သန္းေပါင္း ၃၄၀ နီးပါး၊ (အေမရိကန္ေဒၚလာ ၂.၃ သန္းေက်ာ္) ဖ်က္ဆီးခဲ့ပါတယ္။

ဒီႏွစ္ ႏွစ္ဆန္းပိုင္းက ကြတ္ခိုင္ၿမိဳ႕နယ္ ေကာင္းခါးနဲ႔ လြယ္ခန္ေဒသကေန က်ပ္ေငြ ဘီလီယံ ၃၉၀ ေက်ာ္၊ အေမရိကန္ေဒၚလာ သန္း ၂၃၀ ေက်ာ္ဖိုးရွိတဲ့ စိတ္ႂကြေဆး၊ ဘိန္းျဖဴ၊ Ice စတဲ့ မူးယစ္ေဆးနဲ႔ မူးယစ္ေဆး ထုတ္လုပ္ရာမွာ သံုးတဲ့ ဆက္စပ္ပစၥည္းေတြ ဖမ္းဆီးရမိခဲ့တာျဖစ္ပါတယ္။

အျပည္ျပည္ဆိုင္ရာ မူးယစ္ေဆးဝါးအလဲြသုံုးမႈနဲ႔ တရားမ၀င္ တိုက္ဖ်က္ေန႔အခမ္းအနားမွာ ေတြ႔ရတဲ့ PPE ၀တ္စံုျပည့္၀တ္ထားတဲ့ ရဲတပ္ဖဲြ႔၀င္တဦး။ (ဇြန္ ၂၆၊ ၂၀၂၀)
အျပည္ျပည္ဆိုင္ရာ မူးယစ္ေဆးဝါးအလဲြသုံုးမႈနဲ႔ တရားမ၀င္ တိုက္ဖ်က္ေန႔အခမ္းအနားမွာ ေတြ႔ရတဲ့ PPE ၀တ္စံုျပည့္၀တ္ထားတဲ့ ရဲတပ္ဖဲြ႔၀င္တဦး။ (ဇြန္ ၂၆၊ ၂၀၂၀)

ရွမ္းျပည္နယ္က ေဒသခံတစ္ဦးကေတာ့ နယ္ေျမေဒသ မေအးခ်မ္းတာေၾကာင့္ မူးယစ္ေဆးဝါးျပႆနာကို မေျဖရွင္းႏိုင္တာျဖစ္ေၾကာင္း သူ႔အျမင္ကို ေျပာဆိုထားပါတယ္။

“လက္နက္ကိုင္နယ္ေျမေဒသ တကယ္မေအးခ်မ္းတဲ့ အထူးသျဖင့္ ရွမ္းေတာင္နဲ႔ ရွမ္းေျမာက္ နယ္စပ္က အဲဒီဘက္က ရြာေတြ ဆိုရင္ ရြာတိုင္း၊ ရြာတိုင္းကို ကားလမ္းမေဘးမဟုတ္ဘဲနဲ႔ ေတာင္ေပၚေက်းရြာေတြဆိုရင္ ရြာတိုင္းေစ့ေပါ့ေနာ္။ ရြာတိုင္းေစ့လိုျဖစ္ေနၿပီ မူးယစ္ေဆးဝါးေက်းကြ်န္ျဖစ္ေနတာ၊ အဓိက ျပႆနာက ဘာလဲဆိုရင္ နယ္ေျမေဒသ မေအးခ်မ္းဘူး။ ေနာက္ နယ္ေျမေဒသမွာ လႈပ္ရွားေနတဲ့ လက္နက္ကိုင္ေတြကလည္း မူးယစ္ေဆးဝါးကို ထိထိေရာက္ေရာက္ ေျဖရွင္းမႈ မရွိဘူး။ နယ္ေျမေအးခ်မ္းမႈ မရွိဘူးေပါ့ေနာ္။ ဒါေၾကာင့္ မူးယစ္ေဆးဝါးက ေပါေနတာ။ အဓိက ျပႆနာ ဒါပါပဲ။”

ဒီကေန႔ က်ေရာက္တဲ့ အျပည္ျပည္ဆိုင္ရာ မူးယစ္ေဆးဝါးအလဲြသုံုးမႈနဲ႔ တရားမ၀င္ တိုက္ဖ်က္ေန႔အခမ္းအနားကို ျပည္ထဲေရး၀န္ႀကီးဌာန ျပည္ေထာင္စု၀န္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္က သ၀ဏ္လႊာေပးပို႔ခဲ့ရာမွာ အစိုးရဦးေဆာင္မႈနဲ႔ တပ္မေတာ္၊ ရဲ၊ မူးယစ္တားဆီးေရးအဖဲြ႕ေတြ က အထူးစစ္ဆင္ေရးေတြ ေဆာင္ရြက္ခဲ့တာေၾကာင့္ ၂၀၂၀ခုႏွစ္မွာ ထူးျခားတဲ့ ေအာင္ျမင္မႈေတြ ရရွိခဲ့ေၾကာင္း ေဖာ္ျပခဲ့ပါတယ္။

အဲဒီသ၀ဏ္လႊာမွာပဲ COVID 19 ကပ္ေရာဂါေၾကာင့္ စီးပြားေရး က်ဆင္းလာႏိုင္ေၾကာင္းနဲ႔ အဲဒီအေျခအေနကို အခြင့္ေကာင္းယူၿပီး မူးယစ္ေဆးဝါး သယ္ေဆာင္ေရာင္း၀ယ္မႈနဲ႔ မူးယစ္ေဆးဝါးေစ်းကြက္ အေျပာင္းအလဲရွိႏိုင္တဲ့အတြက္ သတိရွိဖို႔လိုေၾကာင္းလည္း တိုက္တြန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဖမ်းဆီးဖျက်ဆီးမှု ယခင်နှစ်ကထက် ပိုများ

ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင် တိုက်ဖျက်နေ့အခမ်းအနားမှာ ရန်ကုန်တိုင်းအတွင်း မူးယစ်ဆေးဝါး စံချိန်တင်ဖမ်းဆီးရမိ၊ ဖျက်ဆီးခဲ့တဲ့သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြပေးပါမယ်။

၃၂ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင် တိုက်ဖျက်နေ့မှာ ရန်ကုန်၊ မန္တလေး၊ တောင်ကြီးနဲ့ လားရှိုး စတဲ့မြို့ကြီးတွေမှာ တစ်နှစ်အတွင်း ဖမ်းဆီးရမိတဲ့ မူူးယစ်ဆေး၊ စိတ်ကြွဆေးနဲ့ ဓါတုပစ္စည်းတွေကို မီးရှို့ဖျက်ဆီးခဲ့တာပါ။

ဒီကနေ့ ရန်ကုန်မှာ မီးရှို့ဖျက်ဆီးတဲ့ ပမာဏဟာ မြန်မာကျပ်ငွေ ဘီလီယံ ၂၀၀ ကျော်၊ အမေရိကန်ဒေါ်လာနဲ့ဆို ၁၄၄ သန်းကျော် ရှိခဲ့တယ်လို့ အမှတ် ၃ မူးယစ်တပ်ဖွဲ့ခွဲ၊ ရန်ကုန်ရဲ့ တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး မိုးအောင်က VOA ကို ပြောပါတယ်။

“ရန်ကုန်တိုင်းအနေနဲ့ကတော့ ကျနော်တို့ မူးယစ်ဆေးဝါးရော၊ ဓါတုပစ္စည်းရော အားလုံး ၂၀ နဲ့ ၆ မျိုး၊ မီးရှို့ဖျက်ဆီးတာ။ တန်ဖိုးအနေနဲ့ကတော့ မြန်မာကျပ်ငွေ ၂၀၈ ဒသမ ၈၆၉၉ ဘီလီယံပေါ့။ အမေရိကန်ဒေါ်လာ သန်းပေါင်းက ၁၄၄ ဒသမ ဝ,၄၈၂ သန်းပေါင်းပေါ့။ အမှုပေါင်းကတော့ ၅,၂၆၂ မှု၊ မူးယစ်ဆေးဝါးအမှုပေါင်း ၅,၂၆၂ မှုက သက်သေခံပစ္စည်း၊ မူးယစ်ဆေးဝါးနဲ့ ဓါတုဗေဒ ပစ္စည်းတွေ ဖြစ်ပါတယ်။”

၂၀၁၉ ခုနှစ်က မူးယစ်ဆေးဝါးနဲ့ ဓါတုပစ္စည်း ၂၂ မျိုးကို မီးရှို့ဖျက်ဆီးခဲ့ပြီး အမှုပေါင်း ၃,၉၇၅ မှု ရှိတာကြောင့် ဒီနှစ်မှာ အမှုပေါင်း ၁,၂၈၇ မှု တိုးမြင့်ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနှစ် မီးရှို့ဖျက်ဆီးတဲ့ မူးယစ်ဆေးဝါးတွေမှာ ဘိန်းစိမ်း၊ ဘိန်းဖြူ၊ စိတ်ကြွဆေး စတာတွေ ပါဝင်သလို အရင်နှစ်ကထက် ဖမ်းဆီးရမိမှု ပမာဏ တိုးမြင့်လာကြောင်းနဲ့ ကာလတန်ဖိုးအရဆိုရင် ဒီနှစ်ဖျက်ဆီးတဲ့ ပမာဏဟာ အရင်နှစ်ကထက် အမေရိကန်ဒေါ်လာ ၃၅ သန်းကျော် ပိုမိုများပြားခဲ့ကြောင်း ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်းမှာ အခုလို တိုးမြင့် ဖမ်းဆီးနိုင်ခဲ့တာနဲ့ ပတ်သက်လို့ ဒုရဲမှူးကြီး မိုးအောင်က အခုလို ဆက်ပြောပါတယ်။

“ဖမ်းဆီးရမိမှုများလာတဲ့ ဥစ္စာတော့ ကျနော်တို့ ဒီက တပ်မတော်အနေနဲ့ရော၊ မိမိတပ်ဖွဲ့အနေနဲ့ရော၊ ကျနော်တို့ နယ်မြေခံ ရဲတပ်ဖွဲ့များအနေနဲ့ရော မူးယစ်ဆေးဝါးကို စီမံချက်တွေ ချမှတ်ပြီး ဖမ်းဆီးတာတွေလည်း ရှိတယ်။ နောက်တခါ ပြည်သူလူထု သတင်းပေးတာတွေလည်း ရှိတယ်။ ကျနော်တို့အားလုံး ပူးပေါင်းဆောင်ရွက်မှုကြောင့် ဒီလိုမျိုး တိုးမြင့်ပြီးတော့ ဖမ်းဆီးရမိတယ်လို့ သုံးသပ်ရရှိပါတယ်။ ”

မန္တလေးမြို့မှာတော့ မြန်မာနိုင်ငံအထက်ပိုင်းနဲ့ အလယ်ပိုင်းက ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါး၂၆ မျိုးကို မီးရှို့ဖျက်ဆီးခဲ့သလို ဓါတုပစ္စည်း ၁၇ မျိုးကို မြေမြှုပ်ဖျက်ဆီးခဲ့ပါတယ်။ ဒီဖျက်ဆီးလိုက်တဲ့ မူးယစ်ဆေးနဲ့ ဓါတုပစ္စည်းတွေရဲ့ ပမာဏဟာ ကျပ်ငွေ ဘီလီယံ ၆၀ နီးပါး၊ အမေရိကန်ဒေါ်လာငွေ သန်း ၄၀ ကျော်ဖိုးရှိတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

တောင်ကြီးနဲ့ လားရှိုးမှာ ဖျက်ဆီးခဲ့တဲ့ မူးယစ်ဆေးနဲ့ ဓါတုပစ္စည်းတွေအပါအဝင်ဆိုရင်ဒီကနေ့ မြို့ လေး မြို့မှာ ဖျက်ဆီးတဲ့ မူးယစ်ဆေးဝါးတန်ဖိုး စုစုပေါင်းဟာ မြန်မာငွေ ဘီလီယံ ၁,၂၀၀ ကျော်၊ အမေရိကန်ဒေါ်လာ သန်း ၈၄၀ နီးပါးရှိကြောင်းလည်း အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

ဒီလ ၂၃ရက်နေ့ကလည်း ကွတ်ခိုင်မြို့မှာ ဓာတုပစ္စည်း ၄၇ မျိုးနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်း ၅ဝ မျိုး တန်ဖိုး ကျပ်ငွေ သန်းပေါင်း ၃၄၀ နီးပါး၊ (အမေရိကန်ဒေါ်လာ ၂.၃ သန်းကျော်) ဖျက်ဆီးခဲ့ပါတယ်။

ဒီနှစ် နှစ်ဆန်းပိုင်းက ကွတ်ခိုင်မြို့နယ် ကောင်းခါးနဲ့ လွယ်ခန်ဒေသကနေ ကျပ်ငွေ ဘီလီယံ ၃၉၀ ကျော်၊ အမေရိကန်ဒေါ်လာ သန်း ၂၃၀ ကျော်ဖိုးရှိတဲ့ စိတ်ကြွဆေး၊ ဘိန်းဖြူ၊ Ice စတဲ့ မူးယစ်ဆေးနဲ့ မူးယစ်ဆေး ထုတ်လုပ်ရာမှာ သုံးတဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။

အျပည္ျပည္ဆိုင္ရာ မူးယစ္ေဆးဝါးအလဲြသုံုးမႈနဲ႔ တရားမ၀င္ တိုက္ဖ်က္ေန႔အခမ္းအနားမွာ တရားမ၀င္မူးယစ္ေဆး၀ါးေတြကို မီးရိႈ႕ဖ်က္ဆီးေနတဲ့ ျမင္ကြင္း။ (ဇြန္ ၂၆၊ ၂၀၂၀)
အျပည္ျပည္ဆိုင္ရာ မူးယစ္ေဆးဝါးအလဲြသုံုးမႈနဲ႔ တရားမ၀င္ တိုက္ဖ်က္ေန႔အခမ္းအနားမွာ တရားမ၀င္မူးယစ္ေဆး၀ါးေတြကို မီးရိႈ႕ဖ်က္ဆီးေနတဲ့ ျမင္ကြင္း။ (ဇြန္ ၂၆၊ ၂၀၂၀)

ရှမ်းပြည်နယ်က ဒေသခံတစ်ဦးကတော့ နယ်မြေဒေသ မအေးချမ်းတာကြောင့် မူးယစ်ဆေးဝါးပြဿနာကို မဖြေရှင်းနိုင်တာဖြစ်ကြောင်း သူ့အမြင်ကို ပြောဆိုထားပါတယ်။

“လက်နက်ကိုင်နယ်မြေဒေသ တကယ်မအေးချမ်းတဲ့ အထူးသဖြင့် ရှမ်းတောင်နဲ့ ရှမ်းမြောက် နယ်စပ်က အဲဒီဘက်က ရွာတွေ ဆိုရင် ရွာတိုင်း၊ ရွာတိုင်းကို ကားလမ်းမဘေးမဟုတ်ဘဲနဲ့ တောင်ပေါ်ကျေးရွာတွေဆိုရင် ရွာတိုင်းစေ့ပေါ့နော်။ ရွာတိုင်းစေ့လိုဖြစ်နေပြီ မူးယစ်ဆေးဝါးကျေးကျွန်ဖြစ်နေတာ၊ အဓိက ပြဿနာက ဘာလဲဆိုရင် နယ်မြေဒေသ မအေးချမ်းဘူး။ နောက် နယ်မြေဒေသမှာ လှုပ်ရှားနေတဲ့ လက်နက်ကိုင်တွေကလည်း မူးယစ်ဆေးဝါးကို ထိထိရောက်ရောက် ဖြေရှင်းမှု မရှိဘူး။ နယ်မြေအေးချမ်းမှု မရှိဘူးပေါ့နော်။ ဒါကြောင့် မူးယစ်ဆေးဝါးက ပေါနေတာ။ အဓိက ပြဿနာ ဒါပါပဲ။”

ဒီကနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင် တိုက်ဖျက်နေ့အခမ်းအနားကို ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က သဝဏ်လွှာပေးပို့ခဲ့ရာမှာ အစိုးရဦးဆောင်မှုနဲ့ တပ်မတော်၊ ရဲ၊ မူးယစ်တားဆီးရေးအဖွဲ့တွေ က အထူးစစ်ဆင်ရေးတွေ ဆောင်ရွက်ခဲ့တာကြောင့် ၂၀၂၀ခုနှစ်မှာ ထူးခြားတဲ့ အောင်မြင်မှုတွေ ရရှိခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

အဲဒီသဝဏ်လွှာမှာပဲ COVID 19 ကပ်ရောဂါကြောင့် စီးပွားရေး ကျဆင်းလာနိုင်ကြောင်းနဲ့ အဲဒီအခြေအနေကို အခွင့်ကောင်းယူပြီး မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်မှုနဲ့ မူးယစ်ဆေးဝါးဈေးကွက် အပြောင်းအလဲရှိနိုင်တဲ့အတွက် သတိရှိဖို့လိုကြောင်းလည်း တိုက်တွန်းထားပါတယ်။

XS
SM
MD
LG