သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ-ထိုင္း နယ္စပ္ မူးယစ္ေမွာင္ခို ျဖစ္ႏိုင္သူ ၇ ဦး အေလာင္းေတြ႔႐ွိ


၂၀၁၉ ဇူလိုင္လ ၁၅ ရက္ေန႔တုန္းက methamphetamine စိတ္ၾကြေဆးျပားေတြ ကို ဖမ္းမိစဥ္

(Zawgyi/Unicode)

ျမန္မာႏုိင္ငံနဲ႔ နယ္စပ္ ထုိင္းႏုိင္ငံ ေျမာက္ပုိင္း ခ်င္း႐ုိင္ခ႐ုိင္အတြင္း ေရကန္တခုမွာ မူးယစ္ေဆး၀ါး ေမွာင္ခုိသူေတြလုိ႔ သံသယရွိသူေတြရဲ႕ အေလာင္း ၇ ေလာင္းကုိ ၾကာသပေတးေန႔က ေတြ႔ရွိခဲ့ေၾကာင္း ရဲတပ္ဖဲြ႔က ေျပာပါတယ္။

ေသဆုံးသူေတြဟာ တနလၤာေန႔တုန္းက ထုိင္းလုံၿခံဳေရး တပ္ဖဲြ႔ေတြနဲ႔ ပစ္ခတ္မႈျဖစ္ခ်ိန္မွာ ေသဆုံးသူေတြ ျဖစ္ႏုိင္ေၾကာင္းလည္း မဲဆုိင္ရဲတပ္ဖဲြ႔က ေျပာဆုိခဲ့တာပါ။

ပစ္ခတ္မႈျဖစ္တဲ့ ေနရာနဲ႔ မုိင္၀က္ေလာက္အကြာ ေရကန္ေဘာင္မွာ methamphetamine စိတ္ၾကြေဆးျပားေတြနဲ႔ ICE မူးယစ္ေဆး၀ါးေတြ ထည့္ထားတဲ့ အိတ္ ၂၁ အိတ္ကုိ ေတြ႔ရွိခဲ့ေၾကာင္းလည္း ရဲတပ္ဖဲြ႔က ေျပာပါတယ္။

ဖမ္းဆီးရမိတဲ့ မူးယစ္ေဆး၀ါးေတြဟာ ကာလတန္ဘုိး ထုိင္းဘတ္ေငြ ၂ သန္း (အေမရိကန္ေဒၚလာ ၆၃,၀၀၀) ေလာက္ ရွိႏုိင္တယ္လုိ႔လည္း ခန္႔မွန္းထားပါတယ္။ ေသဆုံးသူေတြဟာ ထုိင္းစစ္တပ္နဲ႔ ပစ္ခတ္မႈ ျဖစ္ခ်ိန္မွာ ေရကန္ကုိ ျဖတ္ကူးေျပးဖုိ႔ ႀကိဳးစားရင္း ေရနစ္ေသဆုံးတာ ျဖစ္ႏုိင္တယ္လုိ႔လည္း ရဲတပ္ဖဲြ႔က ယူဆထားတာပါ။အေလာင္းေတြကုိေတာ့ ရဲတပ္ဖဲြ႔က ရင္ခဲြစစ္ေဆးေနပါတယ္။ ျမန္မာႏုိင္ငံဘက္က မူးယစ္ေဆး၀ါး ေမွာင္ခုိသမားေတြ ျဖတ္သန္းေလ့ရွိတဲ့ ဒီနယ္ေျမမွာ မၾကာခဏ လုံၿခံဳေရးတပ္ဖဲြ႔၀င္ေတြနဲ႔ ထိပ္တုိက္ ရင္ဆုိင္တုိးေလ့ ရွိတတ္ပါတယ္။ ထုိင္းႏုိင္ငံကေတာ့ မူးယစ္ေဆး၀ါး ေမွာင္ခုိေစ်းကြက္တခု အျဖစ္နဲ႔သာမက တဆင့္ခံပုိ႔တဲ့ ႏုိင္ငံတႏုိင္ငံ အျဖစ္နဲ႔လည္း မူးယစ္ေမွာင္ခုိသမားေတြက အသုံးခ်ေနၾကတာပါ။

ကုလသမဂၢ မူးယစ္ေဆး၀ါးနဲ႔ ရာဇ၀တ္မႈ တုိက္ဖ်က္ေရး႐ုံး (UNODC) ကေတာ့ အေရွ႕ေတာင္အာရွ ေဒသမွာ methamphetamine စိတ္ၾကြေဆးျပား ထုတ္လုပ္မႈဟာ ၿပီးခဲ့တဲ့ႏွစ္ထဲ သိသိသာသာတုိးလာခဲ့ၿပီး ေစ်းႏႈန္းလည္း က်လာတဲ့အတြက္ သုံးစဲြသူလည္း တုိးလာေနေၾကာင္း သတိေပးထားပါတယ္။ တခ်ိန္က ဘိန္းနဲ႔ ဘိန္းျဖဴအဓိကထုတ္ရာ ျမန္မာ၊ လာအုိ၊ ထုိင္း ၃ ႏုိင္ငံနယ္စပ္ ေရႊႀတိဂံေဒသမွာ စိတ္ၾကြေဆး အပါအ၀င္ မူးယစ္ေဆး၀ါး ထုတ္လုပ္မႈေတြကုိ ရာဇ၀တ္ဂုိဏ္းႀကီးေတြက အရွိန္ျမွင့္လာေနေၾကာင္းလည္း UNODC ရဲ႕ အစီရင္ခံစာက ေဖာ္ျပထားပါတယ္။

ထုိင္း-ျမန္မာနယ္စပ္မွာ စိတ္ႂကြေဆး ဘတ္ေငြသန္း ၇၀၀ ေက်ာ္ဖုိး ဖမ္းမိတဲ့သတင္းကို ဖတ္ရႈႏိုင္ပါၿပီ။

တိုက္႐ိုက္ လင့္ခ္


.................

မြန်မာ-ထိုင်း နယ်စပ် မူးယစ်မှောင်ခို ဖြစ်နိုင်သူ ၇ ဦး အလောင်းတွေ့ရှိ

(Unicode)

မြန်မာနိုင်ငံနဲ့ နယ်စပ် ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်ခရိုင်အတွင်း ရေကန်တခုမှာ မူးယစ်ဆေးဝါး မှောင်ခိုသူတွေလို့ သံသယရှိသူတွေရဲ့ အလောင်း ၇ လောင်းကို ကြာသပတေးနေ့က တွေ့ရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

သေဆုံးသူတွေဟာ တနင်္လာနေ့တုန်းက ထိုင်းလုံခြုံရေး တပ်ဖွဲ့တွေနဲ့ ပစ်ခတ်မှုဖြစ်ချိန်မှာ သေဆုံးသူတွေ ဖြစ်နိုင်ကြောင်းလည်း မဲဆိုင်ရဲတပ်ဖွဲ့က ပြောဆိုခဲ့တာပါ။

ပစ်ခတ်မှုဖြစ်တဲ့ နေရာနဲ့ မိုင်ဝက်လောက်အကွာ ရေကန်ဘောင်မှာ methamphetamine စိတ်ကြွဆေးပြားတွေနဲ့ ICE မူးယစ်ဆေးဝါးတွေ ထည့်ထားတဲ့ အိတ် ၂၁ အိတ်ကို တွေ့ရှိခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေဟာ ကာလတန်ဘိုး ထိုင်းဘတ်ငွေ ၂ သန်း (အမေရိကန်ဒေါ်လာ ၆၃,၀၀၀) လောက် ရှိနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ သေဆုံးသူတွေဟာ ထိုင်းစစ်တပ်နဲ့ ပစ်ခတ်မှု ဖြစ်ချိန်မှာ ရေကန်ကို ဖြတ်ကူးပြေးဖို့ ကြိုးစားရင်း ရေနစ်သေဆုံးတာ ဖြစ်နိုင်တယ်လို့လည်း ရဲတပ်ဖွဲ့က ယူဆထားတာပါ။အလောင်းတွေကိုတော့ ရဲတပ်ဖွဲ့က ရင်ခွဲစစ်ဆေးနေပါတယ်။ မြန်မာနိုင်ငံဘက်က မူးယစ်ဆေးဝါး မှောင်ခိုသမားတွေ ဖြတ်သန်းလေ့ရှိတဲ့ ဒီနယ်မြေမှာ မကြာခဏ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက် ရင်ဆိုင်တိုးလေ့ ရှိတတ်ပါတယ်။ ထိုင်းနိုင်ငံကတော့ မူးယစ်ဆေးဝါး မှောင်ခိုဈေးကွက်တခု အဖြစ်နဲ့သာမက တဆင့်ခံပို့တဲ့ နိုင်ငံတနိုင်ငံ အဖြစ်နဲ့လည်း မူးယစ်မှောင်ခိုသမားတွေက အသုံးချနေကြတာပါ။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးရုံး (UNODC) ကတော့ အရှေ့တောင်အာရှ ဒေသမှာ methamphetamine စိတ်ကြွဆေးပြား ထုတ်လုပ်မှုဟာ ပြီးခဲ့တဲ့နှစ်ထဲ သိသိသာသာတိုးလာခဲ့ပြီး ဈေးနှုန်းလည်း ကျလာတဲ့အတွက် သုံးစွဲသူလည်း တိုးလာနေကြောင်း သတိပေးထားပါတယ်။ တချိန်က ဘိန်းနဲ့ ဘိန်းဖြူအဓိကထုတ်ရာ မြန်မာ၊ လာအို၊ ထိုင်း ၃ နိုင်ငံနယ်စပ် ရွှေတြိဂံဒေသမှာ စိတ်ကြွဆေး အပါအဝင် မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေကို ရာဇဝတ်ဂိုဏ်းကြီးတွေက အရှိန်မြှင့်လာနေကြောင်းလည်း UNODC ရဲ့ အစီရင်ခံစာက ဖော်ပြထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်မှာ စိတ်ကြွဆေး ဘတ်ငွေသန်း ၇၀၀ ကျော်ဖိုး ဖမ်းမိတဲ့သတင်းကို ဖတ်ရှုနိုင်ပါပြီ။

XS
SM
MD
LG