သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း-မြန်မာနယ်စပ်မှာ စိတ်ကြွဆေး ဘတ်ငွေသန်း ၇၀၀ ကျော်ဖိုး ဖမ်းမိ


၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလက ထိုင်းနိုင်ငံတွင် ဖမ်းမိသည့် စိတ်ကြွဆေးထုတ်များ။
၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလက ထိုင်းနိုင်ငံတွင် ဖမ်းမိသည့် စိတ်ကြွဆေးထုတ်များ။

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ခရိုင်ကနေလာတဲ့ ကာလတန်ဘိုးဘတ်ငွေ သန်ပေါင်းရ၀၀ကျော် တန်ဖိုးရှိတဲ့ စိတ်ကြွဆေး ၃သန်းခွဲနဲ့ အိုက်စ်လို့ခေါ်တဲ့ မူးယစ်ဆေးတွေကို နွံထဘူရီခရိုင်နဲ့ ဘန်ကောက်မြို့တွေမှာ ၂ရက်အတွင်း ဖမ်းဆီးမိခဲ့ကြောင်း ထိုင်းနိုင်ငံအရေးပေါ်ရဲတပ်ဖွဲ့က နိုဝင်ဘာလ၂၇ရက်နေ့မှာ သတင်းစာရှင်းလင်းခဲ့ပါတယ်။ VOA သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ခရိုင်ကနေ ဝင်လာနေတဲ့ စိတ်ကြွဆေးတွေကို ထိုင်းအစိုးရစစ်တပ်နဲ့ မူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲတွေက ဖမ်းဆီးမူတွေကို ဆက်တိုက်လုပ်ခဲ့တာပါ။ နိုဝင်လာလ ၂၆ ရက်နေ့ကတော့ ဘန်ကောက်မြို့ ဘန်ခဲ ဖက်ကစန် လမ်း
ကြီးပေါ်မှာ မသင်္ကာဖွယ်ရာ တိုရိုတာ ဗင်ကားတစီးနောက်ကို အရေးပေါ်၁၉၁ ရဲတပ်ဖွဲ့ က လိုက်လံ ဖမ်းဆီးခဲ့ရာမှာ မောင်းပြေးတဲ့ကားဟာ ရေမြောင်းထဲ ထိုးကျသွားခဲ့ပြီး ကားမောင်းသူထွက်ပြေးသွားခဲ့ပါတယ်။ ရေမြောင်းထဲထိုးကျနေတဲ့ ကားပေါ်မှာ ဆာလာအိပ် (၇)အိပ်နဲ့ ထုတ်ထားတဲ့ စိတ်ကြွဆေး ပြားတစ်သန်းငါးသိန်းတွေ့ရှိခဲ့တဲ့အကြောင်း နိုဝင်ဘာလ၂၇ရက်နေ့မှာ အရေးပေါ် ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေက သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။

ဖမ်းဆီးမိတဲ့ စိတ်ကြွမူးယစ်ဆေးတွေဟာ ထိုင်းမြောက်ပိုင်းက ဝင်ရောက်လာတာဖြစ်တယ်လို ့လည်း ဆိုပါတယ်။ ကားနံပါတ်အတုနဲ့ ဗင်ကားကိုစစ်ဆေးရာက မူးယစ်ဆေး ကွင်းဆက် တရားခံ နှစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး နောက်ဆက်တွဲ တရားခံတွေကိုလည်း မကြာခင်ဖေါ်ထုတ်ဖမ်းဆီးသွားမယ်လို့ ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သွားပါတယ်။

နိုဝင်ဘာလ ၂၅ရက်နေ့တုန်းကတော့ ထိုင်းနိုင်ငံ၊ နွံထဘူရီခရိုင်အတွင်းက နေအိမ်တလုံးကိုဝင်ရောက်ရှာဖွေရာမှာ ၉၉၉ တံဆိပ်စိတ်ကြွဆေး ၂သန်းနဲ့ အိုက်စ်လို့ခေါ်တဲ့ မူယစ်ဆေးဝါးတွေနဲ့ ထိုင်းနိုင်ငံသား ၂ဦးကို ဖမ်းဆီးခဲ့ပါတယ်။

အခု မူးယစ်ဆေးဝါးတွေနဲ့အတူ ဘန်ကောက်နဲ့ အနီးဆုံးမြို့နယ်တွေမှာ အဓိက သယ်ဆောင်သူ ဖြန့်ဖြူးနေသူတွေကို ဖမ်းဆီးနိုင်ခဲ့တယ်လို့လည်း ထိုင်းရဲတပ်ဖွဲ့က ဆိုပါတယ် ။အခုဆိုရင် ထိုင်းအစိုးရအနေနဲ့ ထိုင်းမြောက်ပိုင်းကနေ လာနေတဲ့ မူယစ်ဆေးဝါးတွေကို ဖမ်းဆီးနိုင်ခဲ့တာဟာ ၂၀၁၈ခုနှစ်အတွင်းမှာ စိတ်ကြွဆေးအလုံးရေ သန်းပေါင်း ၃၁၀ နီးပါး ရှိသွားပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG