သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်တွင်း ပိုင်ရှင်မဲ့ စိတ်ကြွဆေးအမြောက်အများ ဖမ်းဆီးရမိ


၂၀၁၆ စက်တင်ဘာလတုန်းက ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးများကို ဖမ်းမိစဉ် (MOI)
၂၀၁၆ စက်တင်ဘာလတုန်းက ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးများကို ဖမ်းမိစဉ် (MOI)

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မေယုမြစ်အတွင်း မှာဇူလိုင်လ ၄ရက်နေ့ က
ကာလ တန်ဖိုး ကျပ်သိန်းပေါင်း ၃ သောင်းကျော်တန်ဖိုရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြားတွေကို ပိုင်ရှင်မဲ့အဖြစ်ဖမ်းဆီးမိခဲ့ပါတယ်။ ရခိုင်ပြည်နယ်အတွင်း ဒီနှစ်အတွင်းမှာစိတ်ကြွဆေးတွေ သန်းနဲ့ ချီမိနေတာဟာ ရခိုင်ပြည်နယ်ထဲမှာ တရားဥပဒေစိုးမိုးမူ အားနည်းနေတာကြောင့် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်က သုံးသပ်ပါတယ်။ မအေးအေးမာကသတင်းပေးပို့ ထားပါတယ် ။

မကြာခနဆိုသလို ရခိုင်ပြည်နယ်အတွင်းမှာ စိတ်ကြွဆေးတွေ သန်းဂဏန်းနဲ့ ဖမ်းမိနေတာ ဟာ ရခိုင်ပြည်နယ်အတွင်းမတည်ငြိမ်မူတွေဖြစ်နေတဲ့ အချိန်နဲ့ တပြိုင်တည်းဖြစ်နေတာပါ။ စိတ်ကြွဆေးတွေကို အမြောက်အများဖမ်းဆီးမိနေပေမဲ့ ပိုင်ရှင်မဲ့တွေအဖြစ် ဖမ်းဆီးမိနေတာကများပြီး တချိုကတော့ သယ်ဆောင်ပေးသူတွေသာဖြစ်တယ်လို့ အာဏာပိုင်တွေကဆိုပါတယ်။

ဇူလိုင် ၄ ရက်နေ့ မနက်ပိုင်း ကတော့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ အမှတ်(၃)
နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ၊ စစ်ကြောင်း(၂)၊ ဒုတိယ တပ်ဖွဲ့ခွဲမှူး ဦးစီးတဲ့ တပ်ဖွဲ့ဝင် တွေက မေယုမြစ် အတွင်း ကင်းလှည့်နေတုန်းမှာ လမုတောတွင်းမှာ ဝှက်ထားတဲ့ အင်ဂျင် စက်ဖြုတ်ထားတဲ့ လောင်းလှေတစ်စင်းကိုတွေ့ရှိခဲ့ပြီး သက်သေတွေနဲ့ စစ်ဆေးခဲ့ရာကနေ
မူးယစ်စိတ်ကြွဆေးပြား တသန်းကျော်ကိုဖမ်းဆီးမိခဲ့တာဖြစ်ပါတယ်။ ဒီလို မကြာခဏဆိုသလို ရခိုင်ပြည်နယ်အတွင်းမှာ မူးယစ်ဆေးဝါးတွေ ဖမ်းဆိမိနေတာဟာ တရားဥပဒေစိုးမိုးမူအားနည်းနေတာကြောင့်ဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီရဲ့ဘူသီးတောင်မြိုနယ် ပြည်နယ် လွတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကပြောပါတယ်။

"မူးယစ်ဆေးဝါးတွေဖမ်းမိတယ်ဆိုတာ မှန်ပါတယ် မူးယစ်ဆေးဝါးဆိုတာ ဥပဒေတွေရှိတာကြောင့် ဥပဒေကြောင်းအရ အရေးယူမူတွေ နှေးကွေးတေယ်စီစစ်မူတွေ အားနည်းနေတယ် မူယစ်ဆေးဝါးက ဒါကြောင့် ဒီဘက်ကိုဆင်းလာတာပဲဖြစ်တယ်ကျနော် တို့ဆီမှာတရားဥပဒေစိုးမိုးမူအားနည်းနေတယ်လို့ပဲ မြင်ကြောင်းကျနော်တို့ကသုံးသပ်ပါတယ် ခင်ဗျ"

ရခိုင်ပြည်ဘင်္ဂလားနယ်စပ်ဖြစ်တဲ့ဘူးသီးတောင်နဲ့မောင်တောမြို့နယ်တွေမှာ ၂၀၁၆နဲ့ ၂၀၁၇ခုနှစ်၊၂၀၁၈ခုနှစ် ၃နှစ်ဆက်တိုက် စိတ်ကြွဆေးတွေ အများအပြားဖမ်းဆီးမိနေတာလည်းဖြစ်ပါတယ်။ ဒီထဲမှာ စစ်တပ်က တပ်သားတွေအပါအဝင် စိတ်ကြွဆေးသယ်ဆောင်သူတွေကို အာဏာပိုင်တွေက အရေးယူမူတွေ လုပ်ခဲ့ပေမဲ့လည်း အဓိက မူယစ်ဆေးဝါးရောင်းဝယ်နေတဲ့ သူတွေကိုတော့ဖမ်းမိတာမျိုးတွေက သိပ်မရှိသေးပါဘူး များသောအားဖြင့်မူယစ်ဆေးဝါးတွေမိတိုင်းမှာ ပိုင်ရှင်မဲ့တွေဖြစ်နေကြတာများတယ်လို့ဒေသခံတွေကပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG