သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းမိမူးယစ်ဆေးဝါးတွေ မြန်မာဘက်ကဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ပြော


Thailand (OFFICE OF THE NARCOTICS CONTROL BOARD )
Thailand (OFFICE OF THE NARCOTICS CONTROL BOARD )

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းဒေါင်ခရိုင်မှာ မကြာသေးခင်တုန်းက ဖမ်းဆီးမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေဟာ မြန်မာ နိုင်ငံက လက်နက်ကိုင်အဖွဲ့တွေထိန်းချုပ်ရာ နယ်မြေကထုတ်လုပ်တာဖြစ်ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။ မြန်မာနိုင်ငံနယ်စပ်နဲ့ ၁၀ ကီလိုမီတာလောက်အကွာ ထိုင်းနိုင်ငံတွင်းမှာ စိတ်ကြွဆေး အလုံးရေ ၉ သန်းနဲ့ ice လို့ခေါ်တဲ့ မူးယစ်ဆေးဝါး ကီလို ၃၀၀ ကို ဖမ်းဆီးမိခဲ့တာနဲ့ ပတ်သက်လို့ ဘန်ကောက်မြို့မှာ ထိုင်း အာဏာပိုင်တွေ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုလိုက်တာပါ။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်း ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စိတ်ကြွဆေး (၉) သန်းနဲ့အတူ ice လို့ခေါ်တဲ့ မူးယစ်ဆေး ကီလို ၃၀၀ လောက် ဖမ်းမိခဲ့တာနဲ့ပတ်သက်လို့ ထိုင်း နိုင်ငံ၊ ဘန်ကောက်မြို့က မူးယစ်ထိန်းချုပ်ရေး ဗဟိုဌာနချုပ်မှာ ဗိုလ်ချုပ် စီရင်ယာ ဦးဆောင်ပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ ဒီထဲမှာ ချင်းဒေါင်းခရိုင်အတွင်းက စစ်တပ်နဲ့ အမှတ် (၅) စစ်ဒေသက တာဝန်ရှိသူတွေနဲ့အတူ ထိုင်းဘုရင့်တော်ဝင်ရဲတပ်ဖွဲ့ပါ ပူးပေါင်းရှင်းလင်းတာ တွေ့ရပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်ပြည်နယ်၊ ချင်းဒေါင်းခရိုင်မှာ ဖမ်းဆီးလိုက်တဲ့ စိတ်ကြွဆေးပြား (၉) သန်းနဲ့ ice (၃၀၀) ကီလိုဟာ မြန်မာနိုင်ငံ၊ ဝလူမျိုးစု စိုးမိုးထားတဲ့ တောင်ပိုင်းက ထုတ်လုပ်တာဖြစ်ကြောင်း သူက ပြောပါတယ်။ ဒီ စိတ်ကြွဆေးတွေ ဘယ်နေရာက ထုတ်လုပ်နေပါသလဲဆိုတဲ့ သတင်းထောက်တွေရဲ့အမေးကို စိတ်ကြွဆေးမှာ 999 နဲ့ YY ဆိုပြီး ခွဲထားကြောင်း၊ ကိုးသုံးလုံးဆိုရင် ဝမြောက်ပိုင်းက ထွက်တာဖြစ်ကြောင်း တာဝန်ရှိသူတွေက ရှင်းပြခဲ့ပါတယ်။

Thailand (OFFICE OF THE NARCOTICS CONTROL BOARD )
Thailand (OFFICE OF THE NARCOTICS CONTROL BOARD )

အမှုနဲ့ဆက်နွယ်နေတဲ့ အဓိက မူးယစ်တရားခံငါးဦးကိုပါ ဖမ်းဆီးနိုင်ခဲ့ကြောင်းလည်း ပြောသွားပါတယ်။ အခုလို စိတ်ကြွဆေးတွေ အများဆုံး ဖမ်းဆီးနိုင်ခဲ့တာဟာ အိမ်နီးချင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေရဲ့ ပူးပေါင်း ပါဝင်မှုနဲ့ ထိုင်းပြည်သူတွေရဲ့ သတင်းပေးမှုတွေကြောင့် ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်စီရင်ယာက သတင်းထောက်တွေကို ပြောသွားပါတယ်။

အခုဖမ်းဆီးမိခဲ့တဲ့ စိတ်ကြွဆေးတွေ၊ မူးယစ်ဆေးတွေကို ထိုင်းနိုင်ငံမြောက်ပိုင်းကနေ ထိုင်းနိုင်ငံအလယ်ပိုင်းနဲ့ ထိုင်းတောင်ပိုင်း မလေးနယ်စပ်အထိ မူးယစ်ကုန်သည်တွေက ပို့ဆောင်နေကြတယ်လို့ ဆိုပါတယ်။ မေလနဲ့ ဇွန်လ နှစ်လထဲမှာပဲ ဖမ်းဆီးမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ စိတ်ကြွဆေးတွေဟာ အလုံးရေပေါင်း ၄၄ သန်းကျော်ရှိခဲ့ပါတယ်။ အခု ဖမ်းဆီးမိတဲ့ မူးယစ်ဆေးတွေရဲ့ ကာလတန်ဖိုးကတော့ ဘတ်သန်းပေါင်း (၂,၁၀၀) လောက်ရှိတယ်လို့လည်း သိရပါတယ်ရှင်။

ဖမ်းမိမူးယစ်ဆေးဝါးတွေ မြန်မာဘက်ကဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့ပြော
please wait

No media source currently available

0:00 0:02:00 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG