သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းစစ်တပ်နဲ့ မူးယစ်ဂိုဏ်း ပစ်ခတ်မှုကြောင့် တဦးသေ


ဖေဖဝါရီ ၂၀ ရက်နေ့တုန်းက ထိုင်း-မြန်မာနယ်စပ် မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိစဉ်
ဖေဖဝါရီ ၂၀ ရက်နေ့တုန်းက ထိုင်း-မြန်မာနယ်စပ် မူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိစဉ်

ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ်နဲ့ နီးတဲ့ ချင်းရိုင်းခရိုင်၊ မယ်ဆိုင်မြို့နယ်ထဲမှာ ဇွန်လ ၁၆ ရက်နေ့က ထိုင်းစစ်တပ်နဲ့ မူးယစ်ဆေးဝါးကုန်ကူးတဲ့ ဂိုဏ်းအဖွဲ့ဝင်တွေ ပစ်ခတ်မူတွေဖြစ်ပွားတာမှာ လူတဦး သေဆုံးပြီး စိတ်ကြွဆေး ၂ သန်းတသိန်းကျော် ဖမ်းဆီးမိခဲ့ပါတယ်။ ပစ်ခတ်မူအပြီး ဖမ်းဆီးမူတွေထဲမှာ မြန်မာနိုင်ငံသား အခါလူမျိုးတဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းအာဏာပိုင်တွေက သတင်းစာရှင်းလင်းပွဲ အတွင်း ပြောကြားခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ် ၊တာချီလိတ်မြိုနဲ့နီးတဲ့ မယ်ဆိုင်မြို့နယ်ထဲက ဖာမီကျေးရွာအတွင်း မူးယစ်ဆေးဝါး သယ်ဆောင်သူတွေလာမယ်ဆိုတာကို ကြိုတင်သတင်းရတဲ့ အတွက် ထိုင်းစစ်တပ်နဲ့ အတူ မူးယစ်နှိမ်နင်းရေး ရဲတပ်ဖွဲ့တွေဟာ နယ်မြေတွင်းမှာ စစ်ဆေးနေတုန်းမှာပဲ မူးယစ်ဆေးဝါး သယ်ဆောင်လာတဲ့သူတွေနဲ့ ထိုင်းစစ်တပ်တို့ ပစ်ခတ်မူတွေဖြစ်ခဲ့ပါတယ်။

ညဘက်မှာ မသင်္ကာဖွယ်ရာကားတစီးဟာ စစ်ဆေးတာကိုမခံပဲ နောက်ပြန်လှည့်ဖို့ ကြိုးစားရင်းနဲ့ လိုက်လံဖမ်းဆီးရာကနေ ပစ်ခတ်မူတွေဖြစ်ပွားခဲ့တာဖြစ်ကြောင်း ပစ်ခတ်မူအပြီးမှာ စိတ်ကြွဆေး သန်းနဲ့ ချီပြီး ဖမ်းဆီးမိခဲ့တာ ဖြစ်တယ်လို့ လည်း အဲဒီဒေသမှာ နေထိုင်နေတဲ့ ရှမ်းအမျိုးသမီးတဦးက ပြောပြပါတယ်။

“၁၆ ရက်နေ့က မူးယစ်ဆေးဝါးကုန်ကူးတဲ့ ဂိုဏ်းအဖွဲ့ဝင်တွေနဲ့ ထိုင်းစစ်တပ်ပစ်ခတ်မှုဖြစ်ပွားပြီးတော့မှ အဲဒီမှာ စိတ်ကြွဆေးပြားပေါင်း ၂ သန်းတသိန်းကျော် ဖမ်းဆီးမိခဲ့တယ်။အဲဒီပစ်ခတ်မှုထဲမှာ ထွက်ပြေးသူထဲမှာ မြန်မာတဦးပါဝင်တယ်။”

မကြာခဏဆိုသလို အဲဒီနယ်စပ်နေရာတွေမှာ ထိုင်းစစ်တပ်နဲ့ မူယစ်ဆေးဝါး သယ်ဆောင်တဲ့ သူတွေကြားမှာ ပစ်ခတ်မူတွေရှိ ခဲ့သလို့အခု ပစ်ခတ်မူမှာလည်း တဦးသေဆုံးသွား ခဲ့တယ်လို့လည်း ဆိုပါတယ်။

“အဲဒီလို မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့မှ ဖမ်းဆီးတဲ့နေရာတွေမှာ ထိုင်းမြန်မာနယ်စပ်တွေမှာ ခဏခဏ ပစ်ခတ်မှုတွေ ဖြစ်ပွားပြီးတော့မှ လူလည်းသေကြပါတယ်။ အခုပစ်ခတ်မှုထဲမှာလည်း သေနတ်ဒဏ်ရာနဲ့ တယောက်သေသွားပါတယ်။”

အဲဒီနေ့ကပစ်ခတ်မူကြောင့် မူယစ်ဆေးဝါးသယ်ဆောင်လာတဲ့ ထိုင်းနိုင်ငံသားတဦး သေဆုံးခဲ့ပြီး တဦးကိုလည်း ဖမ်းမိသလို၊နောက်တဦးဖြစ်တဲ့အခါလူမျိုး မြန်မာနိုင်ငံသားတဦးကို အရှင်ဖမ်းမိခဲ့ကြောင်း ထွက်ပြေးဖို့ ကြိုးစားတဲ့ ကားပေါ်မှာတော့ သန်းနဲ့ချီရှိတဲ့ တဲ့စိတ်ကြွဆေးထည့်ထားတဲ့ အိတ်တွေကိုလည်း တွေရှိခဲ့တာဖြစ်တယ်လို့လည်း ထိုင်းအာဏာပိုင်တွေက စနေနေ့ က သတင်းစာရှင်းလင်းခဲ့ပါတယ် ။ ကားပေါ်က ပါလာသူတချို့ လွှတ်မြောက်သွားခဲ့ပြီး ကားပေါ်က လူတချိုကတော့ ထိုင်းအာဏာပိုင်တွေနဲ့ အပြန်အလှန် ပစ်ခတ်မူဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။ စနေနေ့ မနက်ပိုင်းအထိ နယ်မြေရှင်းလင်းခဲ့ချိန်မှာတော့ စိတ်ကြွဆေးတွေ ထပ်မံဖမ်းဆီးမိခဲ့သလို နောက်ထပ် မူယစ်ဆေးဝါး သယ်ဆောင်သူ လူငယ်တွေကိုလည်းဖမ်းမိခဲ့ပါတယ်။ သူတိုတွေဟာ အခကြေးငွေယူပြီး သယ်ဆောင်ပေးသူတွေသာဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့ပါတယ်။ ထိုင်း-မြန်မာနယ်စပ်၊ ချင်းရိုင်ခရိုင်တွင်းမှာ မကြာခဏ ပစ်ခတ်မူတွေဖြစ်ပြီး လူသေဆုံးတာတွေရှိခဲ့သလို တချို့လည်းမြန်မာပြည် ဘက်ကို ထွက်ပြေးသွားသူတွေ လည်း ရှိကြောင်း ထိုင်းသတင်းတွေမှာ ရေးသားဖော်ပြလေ့ရှိပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်ခရိုင်အတွင်းမှာ စိတ်ကြွဆေးပေါင်း ၄သန်း၂သိန်းကို ဇွန်လ ၉ရက်နေ့က ဖမ်းဆီးမိခဲ့ပြီး နောက်ပိုင်း မြန်မာနိုင်ငံ မြောက်ပိုင်း ဝတပ်ဖွဲထံကနေ ဝင်ရောက်လာတာဖြစ်တယ်လို့ထိုင်းအာဏာပိုင်တွေက သတင်းစာရှင်းလင်း ခဲ့ပါတယ်။ဒီနောက် ဆက်စပ်ပတ်သက်နိုင်တယ်လို့ ယူဆရသူတွေကို ထိုင်း-မြန်မာနယ်စပ်၊ ရှမ်းပြည်နယ် နယ်စပ်တလျောက် မှာ ထိုင်းဘက်က လိုက်လံဖမ်းဆီးနေကြသလ ကြိုတင် သတင်းရလို့ စောင့်ဆိုင်းနေတာတွေလုပ်နေတဲ့အချိန် အခုလိုမျိုး စိတ်ကြွဆေး သယ်ဆောင်လာသူတွေ နဲ့ပစ်ခတ်မူတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG