သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းတရားခံပြေး ၃ဦး မြန်မာလွဲှအပ်


ထိုင်း-မြန်မာနယ်စပ်
ထိုင်း-မြန်မာနယ်စပ်

ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံ တာချီလိတ်မြို့ကို ထွက်ပြေးသွား ခဲ့တဲ့ လူသတ်တရားခံ အဖြစ်စွပ်စွဲခံရသူ ထိုင်း အမျိုးသမီး ၃ဦးကို မြန်မာအာဏာပိုင် တွေ ဘက်က မဲဆိုင်-တာချီလိတ် ချစ်ကြည်ရေးတံတားပေါ်က ဇွန်လ ၃ရက်နေ့ ညပိုင်းမှာပဲ ထိုင်းအာဏာပိုင်တွေထံ ကို တရားဝင်ပြန်လည် လွှဲပြောင်းပေးခဲ့ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံက လူသတ်မူနဲ့ စွပ်စွဲခံရပြီးမြန်မာနိုင်ငံ တာချီလိတ်မြို့ ကို ထွက်ပြေးတိမ်းရှောင်နေတဲ့ တရားခံအဖြစ် စွပ်စွဲခံထားရတဲ့ထိုင်း အမျိုးသမီးသုံးဦးကို ဂျွန်လ(၃) ရက်နေ့ထိုင်း စံတော်ချိန် ည(၉)နာရီခန့် မြန်မာအာဏာပိုင်တွေက ထိုင်းနိုင်ငံဘက်ကို တရားဝင်လွဲှပြောင်းပေးခဲ့ကြောင်း တာချိလိတ်မြိုခံတဦးက ပြောပြပါတယ်။

“ဟုတ်ပါတယ် မြန်မာနိုင်ငံက လွှဲပေးလိုက်တာ ဟုတ်ပါတယ်ခင်ဗျ။ ညပိုင်း ၈ နာရီလောက်က လွဲလိုက်တာ။ တံတားအလယ်မှာ လာလွှဲတယ်ခင်ဗျ။

မေး။ ။ဆိုတော့ တာချီလိတ်မြို့မှာရော ဒီရက်ပိုင်းအဖမ်းအဆီးတွေက လိုက်ရှာနေတာတို့ရောဖြစ်လား။

ဖြေ။ ။မရှိဘူးခင်ဗျ။ ဒီလူ၃ယောက်ပဲ အမရေ လူသတ်မှုနဲ့ ပတ်သက်ပြီးတော့ ပတ်စပို့ပုံနဲ့ ဘယ်လိုပြောမလဲ ဖုန်းထဲမှာ လိုင်းထဲမှာ ထည့်ပေးတာက မြန်မာဘက်အခြမ်းမှာ သူတို့တိမ်းရှောင်နေတယ်ဆိုတဲ့သတင်း ကိုတော့ ထိုင်းဘက်ကနေတော့ ပေးတယ်ခင်ဗျ။ ဒါပေမယ့် မနေ့ကတော့ ပြန်ပြီးတော့ လွဲပေးလိုက်ပြီခင်ဗျ

မေး။ ။အဲဒီလိုတင်ပေးလိုက်တော့ တာချီလိတ်မှာအသဲအသန်ရှာနေကြသလား။

ဖြေ။ ။အဲဒီလောက်ရုပ်ဆိုးတဲ့အတိုင်းအတာမျိုးတော့ မရှာဘူးခင်ဗျ။

မေး။ ။ဘယ် နှစ်ရက်လောက်ကြာသွားသလဲ။

ဖြေ။ ။၁ ပတ် ၁၀ ရက်လောက်တော့ကြာမယ်ထင်တယ်ခင်ဗျ။”

လွှဲပြောင်းပေးမူမှာပါဝင်ခဲ့တဲ့မြန်မာအာဏာပိုင်တွေကိုတော့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။ လူသတ်တရားခံတွေ အဖြစ်စွပ်စွဲခံရသူ အမျိုးသမီးတွေ ဟာ ထိုင်းနိုင်ငံ ကာရာအိုကေ ဆိုင်တွေမှာ အလုပ်လုပ်ရင်းနဲ့ အသက်မွေးကျောင်းနေသူတွေဖြစ်ပါတယ်။

ဒီထဲက အဓိကတရားခံအဖြစ် စွပ်စွဲခံရတဲ့သက်၂၄နှစ်အရွယ် ထိုင်းနိုင်ငံသူ ပီယာနု ပလီယို ဟာ လူသတ်မူမှာ ကြံရာပါလို့ယူဆရတဲ့အမျိုးသမီး ၂ဦနဲ့ အတူ မြန်မာနိုင်ငံ တာချီလိတ်မြို့က အိမ်တလုံးမှာ ပုန်းအောင်းနေ တာဖြစ်ပါတယ်။ ထိုင်းဘက်က သတင်းထွက်ပြီး ရက်သတ္တပတ်ခန့် အကြာကျမှ မြန်မာအာဏာပိုင်တွေက ရှာဖွေတွေ့ရှိသွားပြီး ထိုင်းဘက်ကိုပြန်လွှဲပေးခဲ့တာလို့ လည်း သတင်းတွေထွက်နေပေမယ့် အဓိကတရားခံ အဖြစ်စွပ်စွဲခံရသူအမျိုးသမီးဟာ မြန်မာအာဏာပိုင်တွေထံကို ကိုယ်တိုင် သွားရောက်အဖမ်းခံခဲ့တယ်လို့လည်း ချင်းရိုင်ခရိုင် ရဲမှူးကြီးက ထိုင်းသတင်းဌာနဖြစ်တဲ့သည် Nation သတင်းမှာ ပြောဆိုထားပါတယ်။

တရားခံအဖြစ်စွပ်စွဲခံရသူအမျိုးသမီးသုံးဦးဟာ ထိုင်း-မြန်မာ-လာအို သုံးနိုင်ငံ ရဲ့ ရွှေတြိဂံ ဒေသမှာ ကာရာအိုကေ ပျော်တော်ဆက်မယ် တွေအတွက် လုပ်ကိုင်စားသောက် နေသူတွေဖြစ်ပါတယ်။ ချင်းရိုင် ခရိုင်အတွင်းက နာမည်ကြီး ကာရာအိုကေတခုက အသက် ၂၂ နှစ် နောင်အမ်း(အစ်စလ) ဆိုတဲ့ အမျိုးသမီးကို တရားခံသုံးဦးက ပူးပေါင်းကြံစည် သတ်ဖြတ်ခဲ့တာလို့ဆိုပါတယ်။

သူတို့တွေရဲ့ ပြောကြားချက်အရ သတ်ဖြတ်ခံရတဲ့အမျိုးသမီးကို ကားတစီးပေါ်တင်ပြီး မေ့မျောတဲ့အထိ ထုရိုက်ခဲ့ပြီး နောက်သတ်ဖြတ်ခဲ့တာလို့ဆိုပါတယ်။ သေဆုံးသူနဲ့ သူတို့ ဟာရန်ငြိုး ရှိပြီး အဓိက တရားခံရဲ့ အမျိုးသား မူးယစ်ဆေးဝါး ရောင်းဝယ်သယ်ဆောင်တာကို ရဲကို သတင်းပေးခဲ့တဲ့ သူ့အမျိုးသားထောင်ကျသွားခဲ့တယ်လို့ လည်းဆိုပါတယ်။

ဒီအတွက်ထောင်ကျနေသူ အမျိုးသားအတွက် ကလဲ့စားချေတဲ့ သတ်ဖြတ်မူအဖြစ် ထိုင်းသတင်းတွေမှာ ဖော်ပြနေပါတယ်။ အဓိက တရားခံ အဖြစ် စွပ်စွဲခံရသူ အမျိုးသမီးနဲ့ ပတ်သက်လ့ို ထိုင်းသတင်းတွေမှာ ဖော်ပြချက်အရ မူးယစ်ဆေးဝါး ဂိုဏ်းတွေနဲ့အဆက်သွယ်ရှိသူ စကာၤပူ-မလေးရှား စတဲ့ အာရှနိုင်ငံတွေကို သွားရောက် ပြီး ကာရာအိုကေ လုပ်ငန်းတွေမှာ လုပ်ကိုင်နေသူဖြစ်တယ်လို့ရေးသားဖေါ်ပြနေပေမဲ့ သူတို့ရဲ့စစ်ဆေးချက် ကတော့ ထွက်မလာသေးပါဘူး။ ဒီသတင်းဟာ ထိုင်းမှာနာမည်ကြီးနေပေမဲ့ မြန်မြန်ဆန်ဆန်ဖမ်းမမိတဲ့ အပေါ်မှာမေးခွန်းထုတ်နေကြတာပါ။ အခုလောလောဆည် မှာတော့ ထိုင်းအာဏာပိုင်တွေက အမျိုးသမီး ၃ဦးကိုဖမ်းဆီးထားပြီးစစ်ဆေးနေဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG