သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းရှိမြန်မာရွှေ့ပြောင်းများ CI ကဒ် လျှောက်ထားမှုပွဲစားကြောင့်ပြဿ နာတက်


စီအိုင်ကဒ်လုပ်ပေးတဲ့ မဟာချိုင်အမှတ်(၁)စင်တာရှေ့မှာအလုပ်သမားတွေနဲ့ စင်တာတာဝန်ရှိသူတွေကြားတင်းမာမူဖြစ်နေပုံ (AAC)
စီအိုင်ကဒ်လုပ်ပေးတဲ့ မဟာချိုင်အမှတ်(၁)စင်တာရှေ့မှာအလုပ်သမားတွေနဲ့ စင်တာတာဝန်ရှိသူတွေကြားတင်းမာမူဖြစ်နေပုံ (AAC)

ထိုင်းနိုင်ငံက မြန်မာရွှေ့ပြောင်းအလုပ်သမား(၇)သိန်းအတွက် ပန်းရောင်ကဒ်လို့ခေါ်တဲ့အလုပ်လုပ်ခွင့်ကဒ် ရှိမယ်ဆိုရင် မည်သူမည်ဝါဖြစ်ကြောင်း CI ကဒ်ကို မဟာချိုင်ဒေသ အပါအဝင် မြန်မာအလုပ်သမားအများစုရှိရာ စင်တာ ၆ခုမှာ မတ်လ ၃ရက်နေ့က စတင်ထုတ်ပေးနေရာမှာ ပွဲစားနဲ့ အခကြေးငွေပေးပြီးလုပ်တဲ့အလုပ်သမားတွေကို ဦးစားပေးစီစဉ်ဆောင်ရွက်နေတယ်ဆိုပြီး မဟာချိုင်စင်တာအမှတ်(၁)ရှေ့မှာ အလုပ်သမား ၁၀၀ကျော်က နဲ့စင်တာတာဝန်ရှိသူတွေကြား အခြေအနေတင်းမာမူ တွေဖြစ်ခဲ့ပါတယ်။မြန်မာသံရုံးကတော့ ပွဲစားတွေကို အရေးယူဆောင်ရွက်မူတွေလုပ်ဖို့ ထိုင်းအစိုးရတာဝန်ရှိသူတွေကိုပြောကြားထားတယ်လို့ဆိုပါတယ်။ မအေးအေးမာကသတင်းပေးပို့ ထားပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား (၇)သိန်းအတွက် ပန်းရောင်ကဒ် လို့ခေါ်တဲ့အလုပ်လုပ်ခွင့်ကဒ် ရှိမယ်ဆိုရင် မည်သူမည်ဝါဖြစ်ကြောင်း CI ကဒ်ကို မဟာချိုင်ဒေသအပါအဝင် မြန်မာအလုပ်သမားအများစုရှိရာ စင်တာ ၆ခုမှာမြန်မာအစိုးရကတာဝန်ရှိသူတွေကလုပ်ဆောင်ပေးနေတာပါ။ တနင်္လာနေမှာတော့ မဟာချိုင်စင်တာ(၁)ရှေ့မှာ မနက်ကတည်းက တန်းစီစောင့်နေတဲ့လူ၁၀၀ကျော်က စီအိုင်စာအုပ်လုပ်ခွင့်မရတာကြောင့် တင်းမာမူတွေဖြစ်နေရတယ်လို့အလုပ်သမားတဦးက ပြောပြပါတယ်။

“မနက်ကတည်းက ကျနော်တို့လာတယ် မနက် ၆ နာရီကတည်းကလာတယ် ဝင်ခွင့်မရှိဘူး တံခါးကို သော့နဲ့ ခတ်ထားတယ်။ ပွဲစားနဲ့ ၁ ယောက်ကို ၆၀၀ ပေးတဲ့လူပဲ သူတို့ သော့ဖွင့်ပြီး ရုံးထဲကို ခေါ်ဝင်ပြီးတော့ စာအုပ်ထုတ်ယူလို့ရတယ်။ တယောက်မှ ဝင်ခွင့်မရှိဘူး အပြင်မှာစောင့်နေရတယ်။ မနက် ၆ နာရီကတည်းကနေ ညနေအထိပါပဲ။ ၆၀၀ ပေးတဲ့လူပဲ သူတို့ သော့ဖွင့်ပြီးဝင်လို့ရတယ် ကျနော်တို့ ကိုယ်ဟာကို လာတဲ့လူ ဘောက်ချာလက်မှတ်ပေးထားတဲ့ ပိုက်ဆံရှိရဲ့သားနဲ့ ဝင်ခွင့် မရှိပါဘူးခင်ဗျ။ ကျနော်တို့က ဒီ နံပတ် ၁ နေရာမှာအရင်လာတယ် ၊ ဒီနံပတ် ၁ နေရာမှာ ဒီလိုဖြစ်တဲ့အခါကျတော့ ဒီနံပတ် ၂ နေရာကို သွားကြည့်တယ် အခြေအနေသွားစုံစမ်းတာပေါ့ ဟိုမှာလည်း ဒီလိုပါပဲ ၊ ပိုက်ဆံပေးမှ ဝင်လို့ရတယ် အတူတူပါပဲ။”

ဒီလိုပြဿနာတက်နေတဲ့အတွက်အလုပ်သမားရေးဆောင်ရွက်နေတဲ့အေအေစီမဟာမိတ်အဖွဲ့ က စင်တာတာဝန်ရှိသူတွေနဲ့အလုပ်သမားတွေကြား သွားရောက်ညှိနှိုင်းမှုတွေလုပ်နေရကြောင်း အခုလိုပြောပါတယ်။

“ပြောရမယ်ဆိုရင်တော့ ပွဲစားစနစ်ပဲ၊ ပွဲစားနဲ့လာတဲ့လူ ပိုက်ဆံပေးတဲ့လူက ၆၀၀ ပေးတဲ့လူ အရင်ဝင်ရမယ်၊ ပိုက်ဆံမပေးတဲ့လူ ကိုယ့်ဟာကိုလာတဲ့လူတွေကို မပေးဝင်ဘူး အဲဒီသဘောပဲ။ ၉ နာရီ၊ ၁၀ နာရီ မှ လာတဲ့လူကတော့ ဝင်သွားတယ် ပွဲစားခေါင်းဆောင်ပြီးတော့ ကိုယ့်ဟာကို တယောက်ချင်း လာတန်းစီတဲ့လူတွေဘေးဖယ်ဆိုပြီး အဲလိုမောင်းထုတ်တယ်။ အခုအလုပ်သမား စောင့်နေကြတာ ၁၀၀ ကျော်သွားပြီ အဲဒီအလုပ်သမားတွေ မနက်ဖြန် ပေးဝင်ပါဆိုပြီး ကျနော်တို့တောင်းဆိုနေတယ်။”

ထိုင်းနိုင်ငံဘန်ကောက်မြို့မြန်မာသံရုံးကအလုပ်သမားသံအရာရှိဦးမိုးအောင်ခိုင်ကတော့ စင်တာတွေရှိတဲ့နေရာမှာ ပွဲစားတွေနဲ့ အခကြေးငွေယူပြီး လုပ်ဆောင်တာကိုခွင့်ပြုမထားကြောင်း ဒီကနေ့ ထိုင်းအစိုးရတာဝန်ရှိသူတွေနဲ့ ဆွေးနွေးပွဲမှာလည်း ပွဲစားတွေ ဝင်ရောက်စွက်ဖက် တာမျိုးလုပ်ခဲ့ရင် အရေးယူဆောင်ရွက်ပေးဖို့ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

“ အဲဒီလို ပွဲစွားတွေက ယူပြီးလုပ်နေတဲ့အခါကျတော့ ကျနော်တို့ စခန်း တာဝန်ခံတွေကိုတော့ ပြောထားတယ် မနက်ကပဲ။ အတတ်နိုင်ဆုံးနဲ့ အသက်သာဆုံး လုပ်ပေးမှာကို ပွဲစားတွေကလုပ်နေကြတာဖြစ်တဲ့အတွက် ကျနော် ထိုင်း ဝန်ကြီးဌာန အဖွဲ့စုံ နိုင်ငံခြားရေးတွေလည်းပါမယ် အဲဒါတွေကို တင်ပြထားပါတယ်။ ဒီဟာက ၂ နိုင်ငံ ပေါင်းပြီးလုပ်ရမယ့်ဟာတွေကို ပွဲစားတွေက မတရားယူတာတွေဖြစ်ရင်လည်း အချိန်မရွေးပေါ့နော် အရေးယူဖို့ အဲဒါတွေကအစ ပြောထားပါတယ်။”

အလုပ်သမားတွေအနေနဲ့ သက်ဆိုင်ရာ နယ်မြေတွေမှာ နယ်ကျော်ဖြတ်သန်းခွင့်ပြုစာတွေ တောင်းဖို့ မသိနားမလည်းတဲ့အတွက် အဖမ်းဆိးခံနေရတွေရှိနေတာတွေရှိနေနတာပါ ။ ဒီအတွက် မြန်မာသံရုံးဘက်က ထိုင်းအစိုးရကို ဘယ်လိုမျိုးဆောင်ရွက်ပေးနိုင်မလဲဆိုတာကို ဆွေးနွေးခဲ့ရာမှာ စီအိုင်ကဒ်လုပ်မယ့် အလုပ်သမားတိုင်းဟာ နယ်မြေကိုကျော်ပြီးသွားလာတဲ့အခါမှာ သက်ဆိုင်ရာရုံးတွေကနေ ခွင့်ပြုစာကိုတောင်းခံဖို့ အတွက် တနိုင်ငံလုံးအတိုင်းအတာနဲ့ အသိပေးချက်တွေကိုထိုင်းဘက်ကထုတ်ပြန်ထားတယ်လို့ပြောပါတယ်။ ဒီအတွက်အလုပ်သမားတိုင်းဟာ နယ်မြေကျော်ဖို့အတွက် ခွင့်ပြစာကို တောင်းခံရမှာဖြစ်တယ်လို့ဆိုပါတယ် စီအိုင်ကဒ်ကိုကိုတော့ ထိုင်းတနိုင်ငံလုံးအတိုင်းအတာနဲ့ စင်တာ ၆ခုမှာဆောင်ရွက်နေရတာမို့စင်တာတခုမှာ တနေ့ ကို အနည်းဆုံးလူဦးရေ ၃၀၀လောက်ကိုသာစတင်လုပ်ပေးနိုင်ဖို့ရည်ရွယ်ထားတယ်လို့လည်းမြန်မာအလုပ်သမား သံအရာရှိကပြောပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG