သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှမူးယစ်တိုက်ဖျက်ရေး သြစတြေးလျ တက်ကြွဖို့ ကုလတိုက်တွန်း


အာရှတိုက်တဝှမ်း Amphetamine ဆေးပြား မှောင်ခိုမှု တိုးများလာနေတဲ့အတွက် သြစတြေးလျနိုင်ငံအနေနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ပိုမို ပါဝင် လုပ်ဆောင်ဖို့ ကုလသမဂ္ဂက တိုက်တွန်း ပြောကြားလိုက်ပါတယ်။

မကြာသေးခင် နှစ်တွေအတွင်း မြန်မာနိုင်ငံ အရှေ့ဖက်ခြမ်းဒေသက ရွှေကြိဂံနယ်မြေက ထုတ်လုပ်တဲ့ ဘိန်းဖြူမှောင်ခိုကူးတဲ့ ကာလတွေတုန်းကလို Amphetamine နဲ့ အလားသဏ္ဍာန်တူတဲ့ စိတ်ကြွဆေး ATS ထုတ်လုပ်မှုတွေဟာ သိသိသာသာ တိုးများလာနေတယ်လို့ သက်ဆိုင်ရာ အရာရှိတွေက ပြောပါတယ်။

မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံတို့မှာ Crystal Meth၊ Ice အစရှိတဲ့ နာမည်အမျိုးမျိုးနဲ့ ခေါ်နေကြတဲ့ ပြင်းထန်းစွာ စွဲစေနိုင်တဲ့ Crystal Methamphetamine ဖမ်းဆီးရမိမှုဟာ ၂၀၁၅ ခုနှစ်အတွင်း စုစုပေါင်း ၂၇,၀၀၀ ကီလိုဂရမ်အထိ ရှိခဲ့တယ်လို့ UNODC ကုလသမဂ္ဂမူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု နှိမ်နင်းရေးအဖွဲ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

Methamphetamine ဆေးပြားပေါင်း ၂၈၆ သန်း ဖမ်းဆီးရမိတဲ့ တချိန်ထဲမှာပဲ မြန်မာနိုင်ငံ အရှေ့ပိုင်း ဘိန်းစိုက်ခင်းတွေက ထုတ်လုပ်တဲ့ ဘိန်းဖြူ ပမာဏဟာ ကီလိုဂရမ် ၁၀,၀၀၀ ရှိတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဲဒီ မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အသုံးပြုတဲ့ ဓာတုဆေးဝါး ဖမ်းဆီးမှု ပမာဏဟာလည်း များလာတယ်လို့ ဆိုပါတယ်။

ရာဇဝတ်ဂိုဏ်းတွေဟာ အရည်အသွေး မြင့်မားတဲ့ Crystal Meth ထုတ်လုပ်တဲ့ဖက်ကို အာရုံပြောင်း လုပ်ဆောင်လာနေကြတယ်လို့ UNODC ရဲ့ အာရှဒေသဆိုင်ရာ ဌာနနေကိုယ်စားလှယ် Jeremy Doiuglas က ပြောပါတယ်။

သြစတြေးလျနိုင်ငံ နယ်စပ်၊ လေဆိပ်၊ ဆိပ်ကမ်းတဲ့ တခြား ပို့ဆောင်ရေးနည်းလမ်းစုံနဲ့ ရောက်လာကြတဲ့ ကုန်ပစ္စည်းတွေထဲမှာ ပါလာတဲ့ Crystal Meth အများအပြားကို အာဏာပိုင်တွေက ဖမ်းဆီး ရမိခဲ့တယ်လို့ သူက ပြောပါတယ်။ သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံသားတွေက ဝင်ငွေကောင်းကြတဲ့အတွက် မူးယစ်ဆေးဝါး မှောင်ခိုကူးတဲ့သူတွေက အဲဒီ နိုင်ငံတွေကို ပစ်မှတ်ထား တင်ပို့ကြတယ်လို့ Jeremy Doiuglas က ပြောပါတယ်။

အာရှမူးယစ်တိုက်ဖျက်ရေး သြစတြေးလျ တက်ကြွဖို့ ကုလတိုက်တွန်း
please wait

No media source currently available

0:00 0:01:18 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG