သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရႊႀတိဂံေဒသက မူးယစ္ေဆးဝါးေတြ ထိုင္းႏုိင္ငံဘက္ ဝင္ေရာက္ေနဆဲ


ထိုင္းနယ္ျခားေစာင့္တပ္က ဖမ္းမိတဲ့ မူးယစ္ေဆး၀ါးမ်ား။ (ဓာတ္ပုံ - Thai Official)

(Zawgyi / Unicode)

ပိတ္ဆို႔ဖမ္းဆီးေနတဲ့ၾကားက ထိုင္း၊ ျမန္မာ၊ လာအို သံုးႏုိင္ငံ နယ္နိမိတ္ခ်င္း ထိစပ္ရာ ေရႊႀတိဂံေဒသက စိတ္ႂကြေဆးျပားေတြ အမ်ားအျပား ၀င္ေရာက္လာေနပါတယ္။ အျပည့္အစုံကို ထုိင္းအေျခစုိက္ ဗြီအိုေအ ျမန္မာပုိင္း သတင္းေထာက္ မေအးေအးမာ တင္ျပေပးထားပါတယ္။

ၾသဂုတ္လ ၆ ရက္ေန႔က ထိုင္း-ျမန္မာနယ္စပ္ခ်င္း ထိစပ္ေနတဲ့ ထိုင္းေျမာက္ပိုင္း ဖန္ခ႐ုိင္ ဒိြဳင္အန္ခန္ေဒသမွာ အမွတ္ ၂ နယ္ျခားေစာင့္တပ္ဖြဲ႔က တားဆီးစစ္ေဆးခဲ့တဲ့ အနက္ေရာင္ တိုယိုတာ ကားတစီးေပၚမွာ စိတ္ႂကြေဆးျပား ေျခာက္သိန္းနဲ႔အတူ ေတာင္ေပၚသားလက္မွတ္ ကုိင္ေဆာင္ထားတဲ့ အမ်ိဳးသား ၆ ဦးကို ဖမ္းဆီးလိုက္ေၾကာင္း ထိုင္းနယ္ျခားေစာင့္တပ္ရဲ႕ သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ၾသဂုတ္လ ၇ ရက္ေန႔မွာေတာ့ ျမန္မာဘက္ ရွမ္းျပည္နယ္ တာခ်ိီလိတ္ၿမိဳ႕မွာ စိတ္ႂကြေဆးျပား ၆ သန္းခဲြ ဖမ္းမိသလို လာအိုႏုိင္ငံမွာလည္း စိတ္ႂကြေဆးျပားေတြ အေျမာက္အျမား ဖမ္းဆီးႏုိင္ခဲ့တဲ့ သတင္းေတြကိုလည္း သက္ဆိုင္ရာ အစိုးရေတြက ထုတ္ျပန္ထားပါတယ္။

အခုလို ေရႊႀတိဂံေဒသက စိတ္ႂကြေဆးျပားေတြ သန္းနဲ႔ခ်ီ ထုတ္လုပ္ျဖန္႔ျဖဴးေနတဲ့ အႏၱရာယ္ကို ထိန္းခ်ဳပ္ႏုိင္ငံဖို႔ the United Nations Drug and Crime Office (UNODC) ကုလသမဂၢ မူးယစ္ထိန္းခ်ဳပ္ေရး ထိုင္းႏုိင္ငံ ဌာေနကိုယ္စားလွယ္ Mrs. Kita Subbabal နဲ႔အဖြဲ႔ဟာ အခုရက္ပိုင္းအတြင္း ထိုင္း-ျမန္မာနယ္စပ္ မယ္ဆိုင္ၿမိဳ႕ကို လာေရာက္ၿပီး နယ္ေျမအာဏာပိုင္ေတြနဲ႔ ေတြ႔ဆံုေဆြးေႏြးခဲ့ၿပီး နယ္စပ္ေဒသ မူးယစ္ေဆး ထိန္းခ်ဳပ္ႏုိင္ေရး လုပ္ေဆာင္ေနတဲ့ အေျခအေနေတြကို ေဆြးေႏြးညိႇႏႈိင္း ေမးျမန္းသြားခဲ့ပါတယ္။

“UNODC အေနနဲ႔က ထုိင္းမူးယစ္ေဆး၀ါး ႏွိမ္နင္းေရး လုပ္ငန္းေတြကို ကူညီေပးသြားပါမယ္။ နယ္စပ္ေတြမွာ မူးယစ္ေဆး၀ါးေတြကို ထုိင္းဘက္ကေန ဘယ္လိုတားဆီးေနသလဲ၊ ဘယ္လိုနည္းပညာေတြ သံုးၿပီး ဖမ္းဆီးစစ္ေဆးမႈေတြ လုပ္ေနသလဲ ဆိုတာေတြကိုလည္း ေမးျမန္းသြားခဲ့ပါတယ္။”

စိတ္ႂကြေဆးျပား အႏၱရာယ္ကို ႏုိင္ငံတကာ ပူးေပါင္းေျဖရွင္းႏုိင္ဖို႔ လုပ္ေဆာင္တဲ့အေနနဲ႔ ေရႊႀတိဂံေဒသကေန ၀င္လာတဲ့ မူးယစ္ေဆးေတြဟာ ထိုင္းကိုျဖတ္ၿပီး မေလးရွားႏုိင္ငံအတြင္း ၀င္ေရာက္မလာႏုိင္ေအာင္ ထိုင္း-မေလးရွား နယ္စပ္မွာလည္း မေလးရွားဘက္က သံဆူးႀကိဳးေတြ ကာရံေနၿပီး နယ္ျခားေစာင့္ၾကည့္ေရးတပ္ဖြဲ႔ေတြ တိုးျမႇင့္ ခ်ထားေနေၾကာင္း မေလးရွားႏုိင္ငံ သတင္းေတြမွာ ေဖာ္ျပထားပါတယ္။

COVID-19 ကပ္ေရာဂါကာလအတြင္း ထိုင္း၊ ျမန္မာ၊ လာအိုဆုံရာ ေရႊႀတိဂံနဲ႔ မဲေခါင္ျမစ္၀ွမ္းေဒသမွာ မူးယစ္ေဆး၀ါး တန္နဲ႔ခ်ီၿပီး အေျမာက္အျမား ထုတ္လုပ္ေနေၾကာင္း ထိုင္းမူးယစ္ႏွိမ္နင္းေရးဗ်ဴ႐ုိက ၿပီးခဲ့တဲ့လကပဲ သတင္းထုတ္ျပန္ခဲ့ပါတယ္။

၂၀၂၀ ခုႏွစ္အတြင္း မဲေခါင္ျမစ္၀ွမ္းတေလွ်ာက္မွာ တ႐ုတ္၊ ထိုင္း၊ ျမန္မာ၊ လာအို၊ ဗီယက္နမ္၊ ကေမၻာဒီးယား ေရႊႀတိဂံစစ္ဆင္ေရး ၁၅၁၁ လို႔ေခၚတဲ့ ေျခာက္ႏုိင္ငံ ပူးေပါင္းစစ္ဆင္ေရးကာလမွာ စိတ္ႂကြေဆးျပား သန္းေပါင္း ၃၀၀ ေက်ာ္၊ ICE မူးယစ္ေဆး ၁၃ တန္နဲ႔ ဘိန္းျဖဴတတန္ခြဲ ဖမ္းဆီးႏုိင္ခဲ့ေၾကာင္း ထိုင္းႏုိင္ငံက သတင္းထုတ္ျပန္ခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

-------------------------------

(Unicode)

ရွှေတြိဂံဒေသက မူးယစ်ဆေးဝါးတွေ ထိုင်းနိုင်ငံဘက် ဝင်ရောက်နေဆဲ

ပိတ်ဆို့ဖမ်းဆီးနေတဲ့ကြားက ထိုင်း၊ မြန်မာ၊ လာအို သုံးနိုင်ငံ နယ်နိမိတ်ချင်း ထိစပ်ရာ ရွှေတြိဂံဒေသက စိတ်ကြွဆေးပြားတွေ အများအပြား ဝင်ရောက်လာနေပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ တင်ပြပေးထားပါတယ်။

သြဂုတ်လ ၆ ရက်နေ့က ထိုင်း-မြန်မာနယ်စပ်ချင်း ထိစပ်နေတဲ့ ထိုင်းမြောက်ပိုင်း ဖန်ခရိုင် ဒွိုင်အန်ခန်ဒေသမှာ အမှတ် ၂ နယ်ခြားစောင့်တပ်ဖွဲ့က တားဆီးစစ်ဆေးခဲ့တဲ့ အနက်ရောင် တိုယိုတာ ကားတစီးပေါ်မှာ စိတ်ကြွဆေးပြား ခြောက်သိန်းနဲ့အတူ တောင်ပေါ်သားလက်မှတ် ကိုင်ဆောင်ထားတဲ့ အမျိုးသား ၆ ဦးကို ဖမ်းဆီးလိုက်ကြောင်း ထိုင်းနယ်ခြားစောင့်တပ်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သြဂုတ်လ ၇ ရက်နေ့မှာတော့ မြန်မာဘက် ရှမ်းပြည်နယ် တာချီလိတ်မြို့မှာ စိတ်ကြွဆေးပြား ၆ သန်းခွဲ ဖမ်းမိသလို လာအိုနိုင်ငံမှာလည်း စိတ်ကြွဆေးပြားတွေ အမြောက်အမြား ဖမ်းဆီးနိုင်ခဲ့တဲ့ သတင်းတွေကိုလည်း သက်ဆိုင်ရာ အစိုးရတွေက ထုတ်ပြန်ထားပါတယ်။

အခုလို ရွှေတြိဂံဒေသက စိတ်ကြွဆေးပြားတွေ သန်းနဲ့ချီ ထုတ်လုပ်ဖြန့်ဖြူးနေတဲ့ အန္တရာယ်ကို ထိန်းချုပ်နိုင်ငံဖို့ the United Nations Drug and Crime Office (UNODC) ကုလသမဂ္ဂ မူးယစ်ထိန်းချုပ်ရေး ထိုင်းနိုင်ငံ ဌာနေကိုယ်စားလှယ် Mrs. Kita Subbabal နဲ့အဖွဲ့ဟာ အခုရက်ပိုင်းအတွင်း ထိုင်း-မြန်မာနယ်စပ် မယ်ဆိုင်မြို့ကို လာရောက်ပြီး နယ်မြေအာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး နယ်စပ်ဒေသ မူးယစ်ဆေး ထိန်းချုပ်နိုင်ရေး လုပ်ဆောင်နေတဲ့ အခြေအနေတွေကို ဆွေးနွေးညှိနှိုင်း မေးမြန်းသွားခဲ့ပါတယ်။

“UNODC အနေနဲ့က ထိုင်းမူးယစ်ဆေးဝါး နှိမ်နင်းရေး လုပ်ငန်းတွေကို ကူညီပေးသွားပါမယ်။ နယ်စပ်တွေမှာ မူးယစ်ဆေးဝါးတွေကို ထိုင်းဘက်ကနေ ဘယ်လိုတားဆီးနေသလဲ၊ ဘယ်လိုနည်းပညာတွေ သုံးပြီး ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်နေသလဲ ဆိုတာတွေကိုလည်း မေးမြန်းသွားခဲ့ပါတယ်။”

စိတ်ကြွဆေးပြား အန္တရာယ်ကို နိုင်ငံတကာ ပူးပေါင်းဖြေရှင်းနိုင်ဖို့ လုပ်ဆောင်တဲ့အနေနဲ့ ရွှေတြိဂံဒေသကနေ ဝင်လာတဲ့ မူးယစ်ဆေးတွေဟာ ထိုင်းကိုဖြတ်ပြီး မလေးရှားနိုင်ငံအတွင်း ဝင်ရောက်မလာနိုင်အောင် ထိုင်း-မလေးရှား နယ်စပ်မှာလည်း မလေးရှားဘက်က သံဆူးကြိုးတွေ ကာရံနေပြီး နယ်ခြားစောင့်ကြည့်ရေးတပ်ဖွဲ့တွေ တိုးမြှင့် ချထားနေကြောင်း မလေးရှားနိုင်ငံ သတင်းတွေမှာ ဖော်ပြထားပါတယ်။

COVID-19 ကပ်ရောဂါကာလအတွင်း ထိုင်း၊ မြန်မာ၊ လာအိုဆုံရာ ရွှေတြိဂံနဲ့ မဲခေါင်မြစ်ဝှမ်းဒေသမှာ မူးယစ်ဆေးဝါး တန်နဲ့ချီပြီး အမြောက်အမြား ထုတ်လုပ်နေကြောင်း ထိုင်းမူးယစ်နှိမ်နင်းရေးဗျူရိုက ပြီးခဲ့တဲ့လကပဲ သတင်းထုတ်ပြန်ခဲ့ပါတယ်။

၂၀၂၀ ခုနှစ်အတွင်း မဲခေါင်မြစ်ဝှမ်းတလျှောက်မှာ တရုတ်၊ ထိုင်း၊ မြန်မာ၊ လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား ရွှေတြိဂံစစ်ဆင်ရေး ၁၅၁၁ လို့ခေါ်တဲ့ ခြောက်နိုင်ငံ ပူးပေါင်းစစ်ဆင်ရေးကာလမှာ စိတ်ကြွဆေးပြား သန်းပေါင်း ၃၀၀ ကျော်၊ ICE မူးယစ်ဆေး ၁၃ တန်နဲ့ ဘိန်းဖြူတတန်ခွဲ ဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်းနိုင်ငံက သတင်းထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG