(Zawgyi/Unicode)
ျမန္မာနိုင္ငံက လာတယ္လို႔ ယူဆရတဲ့ crystal meth မူးယစ္စိတ္ႂကြေဆး ၂၀၀ ကီလိုဂရမ္ကို အင္ဒိုနီးရွားနိုင္ငံ Bangka Belitung ၿမိဳ႕ မူးယစ္ေဆးဝါးႏွိမ္ႏွင္းေရး ရဲတပ္ဖြဲ႕နဲ႔ အေကာက္ခြန္ဌာန က မေန႔ ဗုဒၶဟူးေန႔က ဖမ္းဆီးရမိခဲ့ပါတယ္။
ဒီမူးယစ္ေဆးေတြ ကို White Corn 2020 စစ္ဆင္ေရးလုပ္ၿပီး ဖမ္းမိခဲ့တာလို႔ ရဲမွဴးခ်ဳပ္ Wahyu Hadiningrat က အေနာက္ Java ျပည္နယ္၊ Cikarang ၿမိဳ႕ မွာ မေန႔က ျပဳလုပ္တဲ့ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာပါတယ္။
အခု ဖမ္းဆီးရတဲ့ စိတ္ႂကြေဆးေတြကို ျမန္မာနိုင္ငံကေန ေမွာင္ခိုတင္သြင္းလာၿပီး မေလးရွားက တဆင့္ အင္ဒိုနီးရွားနိုင္ငံ Batam ၿမိဳ႕ကို သယ္ေဆာင္လာတာျဖစ္ေၾကာင္းနဲ႔ ဆိပ္ကမ္းၿမိဳ႕ျဖစ္တဲ့ Tanjung Priok ကေန ၿမိဳ႕ေတာ္ Jakarta ကို သယ္ေဆာင္ခဲ့တာ ျဖစ္ေၾကာင္းလည္း ရဲခ်ဳပ္က ေျပာပါတယ္။
အခု စီးနင္းဝင္ေရာက္ဖမ္းဆီးတဲ့ အထဲမွာ သံသယရွိသူ ၄ ဦးဖမ္းဆီးရမိခဲ့ပါတယ္။ သူတို႔က မူးယစ္ေဆးေတြကို ေျပာင္းဖူး အိတ္ ၄၂၀ အထဲ ဝွက္ၿပီးသယ္ေဆာင္လာတာျဖစ္တယ္လို႔ ရဲတပ္ဖြဲ႕က ေျပာပါတယ္။ အဲဒီ ေလးဦးထဲက တဦးက ေျပာင္းဖူး အိတ္ေတြ ယာယီထားရွိတဲ့ ကုန္ေလွာင္႐ုံကို သြားတာကေန ရဲက ေျခရာခံၿပီး မူးယစ္ေဆးေတြကို ဖမ္းဆီးရခဲ့တာျဖစ္ ပါတယ္။
.............
မြန်မာကလာတယ်လို့ယူဆရတဲ့ မူးယစ်ဆေးတွေ အင်ဒိုနီးရှားမှာဖမ်းမိ
(Unicode)
မြန်မာနိုင်ငံက လာတယ်လို့ ယူဆရတဲ့ crystal meth မူးယစ်စိတ်ကြွဆေး ၂၀၀ ကီလိုဂရမ်ကို အင်ဒိုနီးရှားနိုင်ငံ Bangka Belitung မြို့ မူးယစ်ဆေးဝါးနှိမ်နှင်းရေး ရဲတပ်ဖွဲ့နဲ့ အကောက်ခွန်ဌာန က မနေ့ ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့ပါတယ်။
ဒီမူးယစ်ဆေးတွေ ကို White Corn 2020 စစ်ဆင်ရေးလုပ်ပြီး ဖမ်းမိခဲ့တာလို့ ရဲမှူးချုပ် Wahyu Hadiningrat က အနောက် Java ပြည်နယ်၊ Cikarang မြို့ မှာ မနေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
အခု ဖမ်းဆီးရတဲ့ စိတ်ကြွဆေးတွေကို မြန်မာနိုင်ငံကနေ မှောင်ခိုတင်သွင်းလာပြီး မလေးရှားက တဆင့် အင်ဒိုနီးရှားနိုင်ငံ Batam မြို့ကို သယ်ဆောင်လာတာဖြစ်ကြောင်းနဲ့ ဆိပ်ကမ်းမြို့ဖြစ်တဲ့ Tanjung Priok ကနေ မြို့တော် Jakarta ကို သယ်ဆောင်ခဲ့တာ ဖြစ်ကြောင်းလည်း ရဲချုပ်က ပြောပါတယ်။
အခု စီးနင်းဝင်ရောက်ဖမ်းဆီးတဲ့ အထဲမှာ သံသယရှိသူ ၄ ဦးဖမ်းဆီးရမိခဲ့ပါတယ်။ သူတို့က မူးယစ်ဆေးတွေကို ပြောင်းဖူး အိတ် ၄၂၀ အထဲ ဝှက်ပြီးသယ်ဆောင်လာတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အဲဒီ လေးဦးထဲက တဦးက ပြောင်းဖူး အိတ်တွေ ယာယီထားရှိတဲ့ ကုန်လှောင်ရုံကို သွားတာကနေ ရဲက ခြေရာခံပြီး မူးယစ်ဆေးတွေကို ဖမ်းဆီးရခဲ့တာဖြစ် ပါတယ်။