[Zawgyi/Unicode]
ထုိင္းျမန္မာနယ္စပ္မွာ သံလြင္ျမစ္ေရ တက္လာတာေၾကာင့္ လူဦးေရ ၂,၀၀၀ ေက်ာ္ ရွိတဲ့ အီဒူးထစစ္ေဘးေရွာင္ဒုကၡသည္စခန္းမွာ ေရေဘးသင့္ေနျပီး အေရးေပၚ ေျပာင္းေရႊ႕ေပးေနရတဲ့အေႀကာင္းေျပာျပပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက တင္ျပေပးထားပါတယ္။
ထိုင္းျမန္မာနယ္စပ္ မယ္စရင္း နယ္ေျမအတြင္းက လူဦးေရ ၂,၀၀၀ေက်ာ္ ေနထိုင္ေနၾကတဲ့အီဒူးထ Uwagol ကရင္စစ္ေရွာင္ ဒုကၡသည္ေနထိုင္ေနၾကတဲ့ ေနရာနဲ႔ အနီးကေက်းရြာေတြ မွာ အိမ္ေခါင္းမိုးျမဳပ္တဲ့အထိ ျမစ္ေရတက္လာေနတာေၾကင့္ ေက်ာင္းသံုးေက်ာင္း နဲ႔ ေဆးရံုကို ပိတ္ခဲ့ရျပီး ေက်းရြာသားေတြကို ေဘးလြတ္ရာေနရာဆီ ပို႔ေဆာင္ေပးေနရတယ္လို႔ အီဒူးထ စစ္ေ၇ွာင္ဒုကၡသည္စခန္းရဲ႕ Supporting Committee တာ၀န္ခံ မန္းမန္းမန္းကဆိုပါတယ္။
"အူး၀ါကလိုးက အီဒူးထက ရပ္ကြက္ ၅ေပါ့၊ အားလံုးေပါင္း ၂,၈၀၀ ေက်ာ္ရွိတယ္။ ေက်ာင္းက ပိတ္လိုက္ရတယ္။ ေဆးရံုကေတာ့ ပိတ္လုိ႔ မရဘူး။ ေဆးရံုးက က်ေနာ္တို႔က လိုအပ္သလို ေနရာရွာျပီး လုပ္ေနရတယ္။ အီ၀ါကလိုးက အီဒူးထနဲ႔ နည္းနည္းအလွမ္းေ၀းတယ္။ အီဒူးထက ရက္ကြက္ ၅ ခုရွိတယ္။ ကမ္းနားအိမ္ေျခေတြ ေရနစ္ျမဳပ္တာ အီဒူးထအျပင္ သံလြင္ကမ္းတေလွ်ာက္အိမ္ေျခ ၁၀၀ ေလာက္ေရနစ္ျမဳပ္တယ္။ သံလြင္ကမ္းစပ္တေလွ်ာက္မွာေပါ့။"
ေလာေလာဆယ္ သံလြင္ျမစ္နဲ႔ နီးတဲ့ေနရာေတြက ဒုကၡသည္ေတြေနရာေတြအျပင္အနီးတ၀ိုက္က ကရင္ေက်းရြာသားေတြ ေနထုိင္ေနတဲ့ေနရာေတြမွာေရနစ္ျမဳပ္လို႔ အေရးေပၚေျပာင္းေရႊ႕ေနရတဲ့ နယ္စပ္ေက်းရြာေတြလည္း ရွိေနပါတယ္။ အဲဒီေနရာေတြဟာ ထိုင္းနိုင္ငံ တပ္ခရိုင္ မဲေဟာင္ ေဆာင္မဲစရင္းဘက္က ေက်းရြာေတြနဲ႔ ကရင္အမ်ိဳးအသားအစည္းရုံး KNU နယ္ေျမအတြင္းမွာ ေနထိုင္ေနၾကတဲ့ ေက်းရြာေတြျဖစ္ပါတယ္။ ကရင္ဒုကၡသည္ေတြကိုေတာ့ ကရင္လူမႈအဖဲြ႔အစည္းေတြက တႏိုင္တပုိင္ေျပာင္းေရႊ႕ေပးမႈေတြ လုပ္ေနပါတယ္။
သံလြင္ျမစ္ေရဟာ စိုးရိမ္ေရ မွတ္ထက္စံခ်ိန္တင္ ေက်ာ္လြန္လာေနတာေၾကာင္ ျမစ္ေၾကာင္းတစ္ေလွ်ာက္ ထိုင္းဘက္ကမ္းက ကရင္တိုင္းရင္းသား အင္အားစု ေနထိုင္ေနတဲ့ ေက်းရြာေတြ အေရးေပၚ ေျပာင္းေရႊ႕ေနရေၾကာင္း ထိုင္းႏုိင္ငံတာခ့္ခရိုင္ ကယ္ဆယ္ေရး အဖြဲ ့ ေတြရဲ့ သတင္းေတြမွာေဖၚျပေနပါတယ္။
ထိုင္းနိုင္ငံ တပ္ခရိုင္ အာဏာပိုင္ေတြနဲ ့ ကယ္ဆယ္ေရး၀န္ထမ္းေတြကေတာ့ ေရေဘးဒုကၡ သည္္ေတြအတြက္ အေရးေပၚကယ္ဆယ္ေရး လုပ္ငန္းေတြကို ၾသဂုတ္လ ၂၅ရက္ေန႔ကစျပီးလုပ္ေဆာင္ေနျပီလိုလည္း ဆိုပါတယ္။
တရုတ္နိုင္ငံ ယူနန္ ျပည္နယ္ကေန ျမစ္ဖ်ားခံျပီး မြန္ျပည္နယ္မုတၱမ ပင္လယ္ေကြ ့အတြင္းစီး၀င္ခဲ့တဲ့ျမစ္အရွည္ (၂,၈၁၅ ကီလိုမီတာ)ရွိတဲ့ သံလြင္ျမစ္ဟာ ႏွစ္စဥ္ ေရၾကီးမႈေတြ ျဖစ္ေပၚေလ့ရွိပါတယ္။ ႏွစ္ေပါင္း ၃၀ အတြင္းမွာေတာ့ ဒီႏွစ္မွာျမစ္ေရ အဆိုးဆံုး ျမင့္တက္လာခဲ့တာျဖစ္လို႔လည္း ေဒသခံေတြကေျပာပါတယ္။
[Unicode Version]
သံလွင်မြစ်ရေတက်ပြီး ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းတခု ရေဘေးသင့်
ထိုင်းမြန်မာနယ်စပ်မှာ သံလွင်မြစ်ရေ တက်လာတာကြောင့် လူဦးရေ ၂,၀၀၀ ကျော် ရှိတဲ့ အီဒူးထစစ်ဘေးရှောင်ဒုက္ခသည်စခန်းမှာ ရေဘေးသင့်နေပြီး အရေးပေါ် ပြောင်းရွှေ့ပေးနေရတဲ့အကြောင်းပြောပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။
ထိုင်းမြန်မာနယ်စပ် မယ်စရင်း နယ်မြေအတွင်းက လူဦးရေ ၂,၀၀၀ကျော် နေထိုင်နေကြတဲ့အီဒူးထ Uwagol ကရင်စစ်ရှောင် ဒုက္ခသည်နေထိုင်နေကြတဲ့ နေရာနဲ့ အနီးကကျေးရွာတွေ မှာ အိမ်ခေါင်းမိုးမြုပ်တဲ့အထိ မြစ်ရေတက်လာနေတာကြေင့် ကျောင်းသုံးကျောင်း နဲ့ ဆေးရုံကို ပိတ်ခဲ့ရပြီး ကျေးရွာသားတွေကို ဘေးလွတ်ရာနေရာဆီ ပို့ဆောင်ပေးနေရတယ်လို့ အီဒူးထ စစ်ရှောင်ဒုက္ခသည်စခန်းရဲ့ Supporting Committee တာဝန်ခံ မန်းမန်းမန်းကဆိုပါတယ်။
"အူးဝါကလိုးက အီဒူးထက ရပ်ကွက် ၅ပေါ့၊ အားလုံးပေါင်း ၂,၈၀၀ ကျော်ရှိတယ်။ ကျောင်းက ပိတ်လိုက်ရတယ်။ ဆေးရုံကတော့ ပိတ်လို့ မရဘူး။ ဆေးရုံးက ကျနော်တို့က လိုအပ်သလို နေရာရှာပြီး လုပ်နေရတယ်။ အီဝါကလိုးက အီဒူးထနဲ့ နည်းနည်းအလှမ်းဝေးတယ်။ အီဒူးထက ရက်ကွက် ၅ ခုရှိတယ်။ ကမ်းနားအိမ်ခြေတွေ ရေနစ်မြုပ်တာ အီဒူးထအပြင် သံလွင်ကမ်းတလျှောက်အိမ်ခြေ ၁၀၀ လောက်ရေနစ်မြုပ်တယ်။ သံလွင်ကမ်းစပ်တလျှောက်မှာပေါ့။"
လောလောဆယ် သံလွင်မြစ်နဲ့ နီးတဲ့နေရာတွေက ဒုက္ခသည်တွေနေရာတွေအပြင်အနီးတဝိုက်က ကရင်ကျေးရွာသားတွေ နေထိုင်နေတဲ့နေရာတွေမှာရေနစ်မြုပ်လို့ အရေးပေါ်ပြောင်းရွှေ့နေရတဲ့ နယ်စပ်ကျေးရွာတွေလည်း ရှိနေပါတယ်။ အဲဒီနေရာတွေဟာ ထိုင်းနိုင်ငံ တပ်ခရိုင် မဲဟောင် ဆောင်မဲစရင်းဘက်က ကျေးရွာတွေနဲ့ ကရင်အမျိုးအသားအစည်းရုံး KNU နယ်မြေအတွင်းမှာ နေထိုင်နေကြတဲ့ ကျေးရွာတွေဖြစ်ပါတယ်။ ကရင်ဒုက္ခသည်တွေကိုတော့ ကရင်လူမှုအဖွဲ့အစည်းတွေက တနိုင်တပိုင်ပြောင်းရွှေ့ပေးမှုတွေ လုပ်နေပါတယ်။
သံလွင်မြစ်ရေဟာ စိုးရိမ်ရေ မှတ်ထက်စံချိန်တင် ကျော်လွန်လာနေတာကြောင် မြစ်ကြောင်းတစ်လျှောက် ထိုင်းဘက်ကမ်းက ကရင်တိုင်းရင်းသား အင်အားစု နေထိုင်နေတဲ့ ကျေးရွာတွေ အရေးပေါ် ပြောင်းရွှေ့နေရကြောင်း ထိုင်းနိုင်ငံတာခ့်ခရိုင် ကယ်ဆယ်ရေး အဖွဲ့ တွေရဲ့ သတင်းတွေမှာဖေါ်ပြနေပါတယ်။
ထိုင်းနိုင်ငံ တပ်ခရိုင် အာဏာပိုင်တွေနဲ့ ကယ်ဆယ်ရေးဝန်ထမ်းတွေကတော့ ရေဘေးဒုက္ခ သည်တွေအတွက် အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းတွေကို သြဂုတ်လ ၂၅ရက်နေ့ကစပြီးလုပ်ဆောင်နေပြီလိုလည်း ဆိုပါတယ်။
တရုတ်နိုင်ငံ ယူနန် ပြည်နယ်ကနေ မြစ်ဖျားခံပြီး မွန်ပြည်နယ်မုတ္တမ ပင်လယ်ကွေ့အတွင်းစီးဝင်ခဲ့တဲ့မြစ်အရှည် (၂,၈၁၅ ကီလိုမီတာ)ရှိတဲ့ သံလွင်မြစ်ဟာ နှစ်စဉ် ရေကြီးမှုတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။ နှစ်ပေါင်း ၃၀ အတွင်းမှာတော့ ဒီနှစ်မှာမြစ်ရေ အဆိုးဆုံး မြင့်တက်လာခဲ့တာဖြစ်လို့လည်း ဒေသခံတွေကပြောပါတယ်။