[Zawgyi/Unicode]
ကရင္ျပည္နယ္ ဘားအံၿမိဳ႕မွာ သံလြင္ျမစ္ ေရျမင့္တက္လာေနတာေၾကာင့္ အနိမ့္ပုိင္းမွာ ေနထုိင္သူေတြကုိ ဒီေန႔ပဲ ေဘးလြတ္ရာ ေျပာင္းေရႊ႕ေပးထားရသလုိ ျမန္မာႏုိင္ငံ ေနရာအႏွံ႔မွာ ေရေဘးဒုကၡသည္ ၁၅,၀၀၀ ေလာက္ ရွိေနတဲ့ အေျခအေနကုိ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မဂၢႏြန္က ေျပာျပေပးပါမယ္။
ကရင္ျပည္နယ္မွာ ဘားအံၿမိဳ႕မွာ ဒီရက္ပိုင္းအတြင္း မိုးသည္းထန္ရြာသြန္းခဲ့ၿပီး သံလြင္ျမစ္ေရျမင့္တက္လာတာေၾကာင့္ ေနအိမ္တခ်ဳိ႕ ေရနစ္ျမဳပ္တဲ့အထိ ႀကံဳေနရပါတယ္။ ေရေဘးသင့္သူေတြထဲက အိမ္ေထာင္စု ၆၀ ေလာက္ကုိေတာ့ ဒီေန႔ပဲ ယာယီစခန္းေတြကုိ ေျပာင္းေရႊ႕ေပးထားရတဲ့အေၾကာင္း ကရင္ျပည္နယ္ စီမံကိန္းနဲ႔ ဘ႑ာေရး ၀န္ႀကီးလည္းျဖစ္ စည္ပင္သာယာေရးဝန္ႀကီးလည္းျဖစ္တဲ့ ဦးသန္းႏိုင္က ေျပာပါတယ္။
“အခုက ၿမိဳ႕ အိမ္ကို ျမဳပ္ေနတဲ့ အိမ္ေတြကို ေခါင္းမိုးတို႔ဘာတို႔ ေနလို႔မရတဲ့ အေျခအေနကိုပဲ က်ေနာ္တုိ႔က ေရႊ႕ႏိုင္တဲ့အေျခအေနပါ။ အရင္ ၂၀၁၈ လို ပံုစံမ်ဳိးေရႀကီးတာ မဟုတ္ပါဘူးခင္ဗ်။ အဲ့ေရႊ႕တဲ့အေျခအေနမွာလည္း က်ေနာ္တို႔ဘက္ကေနၿပီးေတာ့ တတ္ႏိုင္သေလာက္ ကိုဗစ္ကာလျဖစ္ေနတဲ့အတြက္ေၾကာင့္ က်ေနာ္တို႔က စခန္းဖြင့္ၿပီးေတာ့ စုစုရုံရုံထားၿပီးမယ္ဆိုရင္ က်ေနာ္တို႔အတြက္ အႏၱရာယ္ႀကီးပါတယ္။ က်ေနာ္အတြက္ မဟုတ္ပါဘူး။ လူထုအတြက္ အႏၱရာယ္ႀကီးပါတယ္၊ အဲ့ဒီဟာကို စနစ္တက်ျဖစ္ေအာင္ေတာ့ ေရႊ႕ေနပါတယ္ေနာ္။ ေနလို႔မရတဲ့ဟာေတြကိုေတာ့ စခန္းသံုးခုေလာက္ ဖြင့္ထားတယ္လို႔ သိရတယ္။ စခန္းသံုးခုမွာလည္း အမ်ားႀကီးမဟုတ္ပါဘူး။ တတ္ႏိုင္သေလာက္ေတာ့ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနအညီ ေနလို႔ထိုင္ရေအာင္ ေတာ္ေတာ္ႀကိဳးစားၿပီး လုပ္ေနပါတယ္၊ ရွိမွာေပါ့ အိမ္ေထာင္စု ၅၀၊ ၆၀ ေလာက္ရွိမွာေပါ့။”
ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္မွာတုန္းလည္း ျမစ္ေရႀကီးမႈေၾကာင့္ ဘားအံၿမိဳ႕မွာ ေရေဘးသင့္ခဲ့ဖူးပါတယ္။ ဒီတႀကိမ္မွာေတာ့ ျမစ္အထက္ပုိင္း ေဒသေတြမွာ မုိးမ်ားရာက ေရႀကီးမႈေတြ ႀကံဳေနရတာလုိ႔လည္း မုိးေလ၀သနဲ႔ ဇလေဗဒညႊန္ၾကားမႈ ဦးစီးဌာနညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာေက်ာ္မိုးဦးက ေျပာပါတယ္။
“ဒီမြန္၊ ကရင္၊ တနသၤာရီကမ္း႐ိုးတန္းတေလွ်ာက္မွာ မုတ္သုံးေလ အားနည္းေနတယ္။ မုတ္သုံေလ အားနည္းေနတာေၾကာင့္ ေနာက္တစ္ခုကေတာ့ ျမစ္ေဘးမွာ ၁၈,၀၀၀၊ ၂၀,၀၀၀ ေလာက္ Anti-cyclone တစ္ခုေထာင္ေနတယ္။ ဒီေနာက္ရက္ေတြမွာေတာ့ မိုးအားေလ်ာ့က်အေနအထားမ်ိဳး ရွိပါလိမ့္မယ္။ တနသၤာရီ ကမ္း႐ိုးတန္းတစ္ေလွ်ာက္မွာေပါ့ေနာ္ မိုးက ေလ်ာ့က်သြားမယ့္ အေနအထားမ်ိဳးမွာရွိတယ္။ အဲ့ဒီမွာေတာ့ ကရင္ျပည္နယ္မွာေတာ့ ေရေတာ့ ႀကီးေနတဲ့အေနအထားမ်ိဳး သူ႔ဆီမွာ ႐ြာတဲ့ မိုးေၾကာင့္မဟုတ္ဘူး။ သံလြင္ျမစ္က အေပၚကေနၿပီးဆင္းလာတဲ့ အေနအထားေၾကာင့္ရယ္ ေနာက္တစ္ခုက သံလြင္ျမစ္ထဲကို စီးဝင္တဲ့ ျမစ္ေတြက သံလြင္ျမစ္က ေရတက္ေနခ်ိန္ အဲေရေထာက္ေနတြက္ေၾကာင့္ ေရျပည့္ေရလွ်ံမႈေလးေတြ အဲ့ဟာမ်ိဳးေတာ့ ရွိတဲ့အေနအထားရွိပါတယ္။”
ျမန္မာႏုိင္ငံအႏွံ႔ ေရႀကီးေရႀကီးနစ္ျမဳပ္မႈေတြေၾကာင့္ ဇူလိုင္ ၁၁ ရက္ေန႔ ကေန ၾသဂုတ္ ၂၃ ရက္ေန႔ထိ တိုင္းနဲ႔ ျပည္နယ္ ၉ ခုမွာ အိမ္ေထာင္စု ၂၀,၀၀၀ ေက်ာ္၊ လူဦးေရ ၈၃,၀၀၀ ေက်ာ္ ေရေဘးသင့္ခဲ့ေၾကာင္းလည္း ေဘးအႏၱရာယ္ဆုိင္ရာ စီမံခန္႔ခဲြမႈဦးစီးဌာန ညႊန္ၾကားေရးမွဴး ေဒၚျဖဴလဲ့လဲ့ထြန္းက ေျပာပါတယ္ရွင္။
[Unicode Version]
ဘားအံရေကြီးမှု နေအိမ်တချို့ ရေမြုပ်
ကရင်ပြည်နယ် ဘားအံမြို့မှာ သံလွင်မြစ် ရေမြင့်တက်လာနေတာကြောင့် အနိမ့်ပိုင်းမှာ နေထိုင်သူတွေကို ဒီနေ့ပဲ ဘေးလွတ်ရာ ပြောင်းရွှေ့ ပေးထားရသလို မြန်မာနိုင်ငံ နေရာအနှံ့မှာ ရေဘေးဒုက္ခသည် ၁၅,၀၀၀ လောက် ရှိနေတဲ့ အခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဂ္ဂနွန်က ပြောပြပေးပါမယ်။
ကရင်ပြည်နယ်မှာ ဘားအံမြို့မှာ ဒီရက်ပိုင်းအတွင်း မိုးသည်းထန်ရွာသွန်းခဲ့ပြီး သံလွင်မြစ်ရေမြင့်တက်လာတာကြောင့် နေအိမ်တချို့ ရေနစ်မြုပ်တဲ့အထိ ကြုံနေရပါတယ်။ ရေဘေးသင့်သူတွေထဲက အိမ်ထောင်စု ၆၀ လောက်ကိုတော့ ဒီနေ့ပဲ ယာယီစခန်းတွေကို ပြောင်းရွှေ့ပေးထားရတဲ့အကြောင်း ကရင်ပြည်နယ် စီမံကိန်းနဲ့ ဘဏ္ဍာရေး ဝန်ကြီးလည်းဖြစ် စည်ပင်သာယာရေးဝန်ကြီးလည်းဖြစ်တဲ့ ဦးသန်းနိုင်က ပြောပါတယ်။
“အခုက မြို့ အိမ်ကို မြုပ်နေတဲ့ အိမ်တွေကို ခေါင်းမိုးတို့ဘာတို့ နေလို့မရတဲ့ အခြေအနေကိုပဲ ကျနော်တို့က ရွှေ့နိုင်တဲ့အခြေအနေပါ။ အရင် ၂၀၁၈ လို ပုံစံမျိုးရေကြီးတာ မဟုတ်ပါဘူးခင်ဗျ။ အဲ့ရွှေ့တဲ့အခြေအနေမှာလည်း ကျနော်တို့ဘက်ကနေပြီးတော့ တတ်နိုင်သလောက် ကိုဗစ်ကာလဖြစ်နေတဲ့အတွက်ကြောင့် ကျနော်တို့က စခန်းဖွင့်ပြီးတော့ စုစုရုံရုံထားပြီးမယ်ဆိုရင် ကျနော်တို့အတွက် အန္တရာယ်ကြီးပါတယ်။ ကျနော်အတွက် မဟုတ်ပါဘူး။ လူထုအတွက် အန္တရာယ်ကြီးပါတယ်၊ အဲ့ဒီဟာကို စနစ်တကျဖြစ်အောင်တော့ ရွှေ့နေပါတယ်နော်။ နေလို့မရတဲ့ဟာတွေကိုတော့ စခန်းသုံးခုလောက် ဖွင့်ထားတယ်လို့ သိရတယ်။ စခန်းသုံးခုမှာလည်း အများကြီးမဟုတ်ပါဘူး။ တတ်နိုင်သလောက်တော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနအညီ နေလို့ထိုင်ရအောင် တော်တော်ကြိုးစားပြီး လုပ်နေပါတယ်၊ ရှိမှာပေါ့ အိမ်ထောင်စု ၅၀၊ ၆၀ လောက်ရှိမှာပေါ့။”
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာတုန်းလည်း မြစ်ရေကြီးမှုကြောင့် ဘားအံမြို့မှာ ရေဘေးသင့်ခဲ့ဖူးပါတယ်။ ဒီတကြိမ်မှာတော့ မြစ်အထက်ပိုင်း ဒေသတွေမှာ မိုးများရာက ရေကြီးမှုတွေ ကြုံနေရတာလို့လည်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။
“ဒီမွန်၊ ကရင်၊ တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်မှာ မုတ်သုံးလေ အားနည်းနေတယ်။ မုတ်သုံလေ အားနည်းနေတာကြောင့် နောက်တစ်ခုကတော့ မြစ်ဘေးမှာ ၁၈,၀၀၀၊ ၂၀,၀၀၀ လောက် Anti-cyclone တစ်ခုထောင်နေတယ် ဒီနောက်ရက်တွေမှာတော့ မိုးအားလျော့ကျအနေအထားမျိုး ရှိပါလိမ့်မယ်။ တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်မှာပေါ့နော် မိုးက လျော့ကျသွားမယ့် အနေအထားမျိုးမှာရှိတယ်။ အဲ့ဒီမှာတော့ ကရင်ပြည်နယ်မှာတော့ ရေတော့ ကြီးနေတဲ့အနေအထားမျိုး သူ့ဆီမှာ ရွာတဲ့ မိုးကြောင့်မဟုတ်ဘူး။ သံလွင်မြစ်က အပေါ်ကနေပြီးဆင်းလာတဲ့ အနေအထားကြောင့်ရယ် နောက်တစ်ခုက သံလွင်မြစ်ထဲကို စီးဝင်တဲ့ မြစ်တွေက သံလွင်မြစ်က ရေတက်နေချိန် အဲရေထောက်နေတွက်ကြောင့် ရေပြည့်ရေလျှံမှုလေးတွေ အဲ့ဟာမျိုးတော့ ရှိတဲ့အနေအထားရှိပါတယ်။”
မြန်မာနိုင်ငံအနှံ့ ရေကြီးရေကြီးနစ်မြုပ်မှုတွေကြောင့် ဇူလိုင် ၁၁ ရက်နေ့ ကနေ သြဂုတ် ၂၃ ရက်နေ့ထိ တိုင်းနဲ့ ပြည်နယ် ၉ ခုမှာ အိမ်ထောင်စု ၂၀,၀၀၀ ကျော်၊ လူဦးရေ ၈၃,၀၀၀ ကျော် ရေဘေးသင့်ခဲ့ကြောင်းလည်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်ရှင်။