သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေရေဘးသင့္ျပည္သူေတြကုိ စားနပ္ရိကၡာေထာက္ပံ့ေနေပမယ့္ အကူအညီမရေသးသူေတြ ရွိေနဆဲ


၄.၈.၂၀၂၀ ရက္ေန႔၊ ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕၊ အမွတ္(၅) ရပ္ကြက္တြင္ မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ေရဝင္ေရာက္ (Myanmar Fire Services Department)

(Zawgyi/Unicode)

ျမန္မာႏိုင္ငံမွာ မၾကာေသးခင္က လူထိခုိက္ေသဆုံးခဲ့တဲ့အထိ မိုးႀကီးေရလွ်ံမႈေတြနဲ႔ ေလျပင္းတိုက္ခိုက္မႈဒဏ္ ခံခဲ့ရတဲ့ အိမ္ေထာင္စုေတြကို စားနပ္ရိကၡာ ေထာက္ပံ့ေနေပမဲ့ အကူအညီမရေသးသူေတြလည္း ရွိေနတဲ့အေၾကာင္း ေျပာျပပါမယ္။ ဒီသတင္းကို ဗီြအုိေအျမန္မာပုိင္း သတင္းေထာက္ အဂၢႏြန္ တင္ဆက္ထားပါတယ္။

ျမန္မာႏုိင္ငံ ေနရာေတာ္ေတာ္မ်ားမ်ားမွာ ဒီရက္ပိုင္းအတြင္း မိုးႀကီးေရလွ်ံတာ ကမ္းပါးၿပိဳက်တာေတြေလျပင္း တုိက္ခတ္မႈေတြ အပါအ၀င္ ရာသီဥတုဒဏ္ကုိ အိမ္ေထာင္စု ၁ ေသာင္း၊ လူဦးေရ ၄ ေသာင္းနီးပါးရွိခဲ့ၿပီး ေရေဘးအႏၱရာယ္နဲ႔ ဆက္ႏြယ္ၿပီး လူ ၂ ဦး ေသဆုံးခဲ့ေၾကာင္း ေဘးအႏၱရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈဦးစီးဌာနက ေျပာပါတယ္။

ထိခုိက္ေသဆုံးသူေတြ အပါအ၀င္ ေရေဘးသင့္သူေတြကုိ အခုအခါ စားနပ္ရိကၡာ ေထာက္ပံ့ေပးေနတယ္လို႔လည္း ေဘးအႏၱရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈဦးစီးဌာန ညႊန္ၾကားေရးမွဴး ေဒၚျဖဴလဲ့လဲ့ထြန္းက ေျပာပါတယ္။
“အစ္မတို႔ဌာနက ေရေဘးေရွာင္ၾကတဲ့ ျပည္သူေတြကို စားနပ္ရိကၡာကိုေထာက္ပ့ံတယ္၊ ပ်က္စီးသြားတဲ့အိ္မ္ကို အိမ္ေဆာက္ပစၥည္းေတြ ေထာက္ပံ့ေပးတာရွိတယ္။ ေခါက္ဆြဲေျခာက္တို႔ ေရသန္႔တို႔ ေထာက္ပံ့ေပးတယ္။ ေသဆံုးတဲ့လူ ၂ ေယာက္ရွိခဲ့တယ္ ေသဆံုးတဲ့သူက မေကြးတိုင္းေဒသႀကီးမွာ ႏွစ္ေယာက္ေပါ့ေနာ္။ ေျမြကိုက္လို႔ ဒဏ္ရာရသြားတယ္ ေသဆံုးတာေတာ့ မဟုတ္ဘူး ေျမြကိုက္လို႔ ဒဏ္ရာရတာ စစ္ကိုင္းတိုင္းေဒသႀကီးမွာ တစ္ေယာက္ရွိခဲ့တယ္ ေသဆံုးတဲ့သူ ဒဏ္ရာတဲ့ဆိုရင္လည္း ေထာက္ပံ့ေပးတယ္။”

ဇူလိုင္ ၁၁ ရက္ကေန ၾသဂုတ္ ၉ ရက္ေန႔ထိ ေလျပင္းတိုက္ခတ္မႈေၾကာင့္ တစ္ႏိုင္ငံလံုးအတုိင္းအတာအရ ေရထဲ ေမ်ာပါပ်က္စီးသြားတဲ့ အိမ္က ၉၀ ရွိၿပီး တစ္စိတ္တစ္ပိုင္း ပ်က္စီးသြားတဲ့အိမ္က ၃၆ အိမ္ရွိတယ္လုိ႔လည္း ေဘးအႏၱရာယ္ဆိုင္ရာ စီမံခန္႔ခြဲမႈဦးစီးဌာနကေျပာပါတယ္။ မိုးမ်ားၿပီး ေျမၿပိဳက်ရာက ေသဆုံးသူေတြ ရွိခဲ့ေၾကာင္းလည္း ေဒၚျဖဴလဲ့လဲ့ထြန္းက အခုလို ေျပာပါတယ္။

“ေဘးသင့္တဲ့ ျပည္သူကို တစ္ဦးကို ဆန္ရိကၡာပို တစ္ပတ္ျဖင့္ ႏွစ္ေထာင္တစ္ရာႏႈန္းနဲဲ႔ေပါ့ ေရေဘေရွာင္ရတဲ့ျပည္သူေတြကို အဲ့လို ႏွစ္ေထာင္တစ္ရာေထာက္ပံ့တာ ေနာက္တစ္ခါက်ေတာ့ ေသဆံုးတဲ့သူဆိုလို႔ရွိရင္ သံုးသိန္းႏႈန္းနဲ႔ေထာက္ပံ့တာ ဒဏ္ရာရတဲ့သူတို႔ ငါးေသာင္ႏႈန္းေပါ့ေနာ္ ပ်က္သြားအိမ္ဆိုရင္ အိမ္ေဆာက္ပစၥည္းေပါ့ တစ္အိမ္လံုးေမ်ာပါသြားရင္ တစ္သိန္းႏႈန္းေပါ့ ”

ကိုဗစ္ကပ္ေရာဂါ ကာကြယ္ေရးအတြက္ လုိအပ္တဲ့ က်န္းမာေရးေထာက္ပံ့ပစၥည္းေတြကုိလည္း ေပးအပ္ေနတယ္လုိ႔ ေျပာပါတယ္။ရာသီဥတုဒဏ္ ခံခဲ့ရတဲ့ မြန္ျပည္နယ္ ေရးၿမိဳ႕နယ္ ကလားကုတ္မွာေတာ့ ေလျပင္းတိုက္ခတ္မႈေၾကာင့္ အိမ္ေျခ ၂ ဒါဇင္ထက္မနည္း ပ်က္စီးခဲ့ေပမဲ့ အကူအညီအေထာက္အပံ့ေတြ အျပည့္အ၀မရဘူးလုိ႔ ေဒသဖြံ႔ၿဖိဳးေရးလႈပ္ရွားသူ ဦးေအာင္ႏိုင္ဝင္းက ေျပာပါတယ္။

“ ပထမဦးဆံုးရက္ပို႔တဲ့ စာရင္း ေထြအုပ္မွာေရာက္တာက ၁၃ အိမ္ေထာင္စုဘဲေရာက္တယ္ တကယ္ ကၽြန္ေတာ္တို႔ ေျမျပင္မွာ သြားေလ့လာအခါ အိမ္ေထာင္စု ၂၄ စုေတြ႕ရတယ္ အဲ့ဒါတာက အိမ္သက္သက္ပဲျဖစ္တာ ေနာက္တစ္ခုက အိမ္နဲ႔ ငါးလွမ္းစင္နဲ႔တြဲေဆာက္ထားတဲ့ အေဆာက္အဦးက ငါးလွမ္းစင္နဲ႔ေဆာက္ထားတဲ့ အိမ္က ၂၂ စင္နဲ႔ အိမ္၂၂လံုးတြဲလ်က္ေပါ့ ။ အဲ့ဒါလည္း လံုးဝၿပိဳပ်က္သြားတယ္၊ ျပန္ၿပီးေတာ့ စိစစ္ၿပီး လုပ္ေပးမယ္လို႔ေတာ့ အၾကမ္းဖ်င္းသိထားရတယ္ ဒါေပမယ့္ ဒီေန႔ထိေတာ့ အဲ့ဟာနဲ႔ တုံ႔ျပန္မႈ မလာေသးဘူးေပါ့။”

ေရေဘးသင့္ အိမ္ေထာင္စုေတြ ေထာက္ပံ့ဖို႔ က်န္ရွိေနတဲ့ ကိစၥနဲ႔ ပတ္သက္ၿပီး မြန္ျပည္နယ္ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ျပည္နယ္မွဴး ဦးကိုကိုႏိုင္ကို ဆယ္သြယ္ခဲ့ေပမဲ့ မရခဲ့ပါဘူး။

မိုးေလဝသနဲ႔ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနရဲ႕ ဒီေန႔ ညေနပုိင္း ခန္႔မွန္းခ်က္အရ ကပၸလီပင္လယ္ျပင္နဲ႔ ဘဂၤလားပင္လယ္ေအာ္ေတြမွာ မုတ္သုံေလ အားအသင့္အတင့့္ကေန အားေကာင္းေနၿပီး၊ စစ္ကိုင္းတိုင္းအထက္ပိုင္း၊ တနသၤာရီတိုင္းနဲ႔ ကခ်င္ျပည္နယ္ေတြက ေနရာတခ်ဳိ႕မွာ မုိးႀကီးႏုိင္တယ္လုိ႔လည္း သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


...............

ရေဘေးသင့်ပြည်သူတွေကို စားနပ်ရိက္ခာထောက်ပံ့နေပေမယ့် အကူအညီမရသေးသူတွေ ရှိနေဆဲ
(Unicode)

မြန်မာနိုင်ငံမှာ မကြာသေးခင်က လူထိခိုက်သေဆုံးခဲ့တဲ့အထိ မိုးကြီးရေလျှံမှုတွေနဲ့ လေပြင်းတိုက်ခိုက်မှုဒဏ် ခံခဲ့ရတဲ့ အိမ်ထောင်စုတွေကို စားနပ်ရိက္ခာ ထောက်ပံ့နေပေမဲ့ အကူအညီမရသေးသူတွေလည်း ရှိနေတဲ့အကြောင်း ပြောပြပါမယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် အဂ္ဂနွန် တင်ဆက်ထားပါတယ်။

မြန်မာနိုင်ငံ နေရာတော်တော်များများမှာ ဒီရက်ပိုင်းအတွင်း မိုးကြီးရေလျှံတာ ကမ်းပါးပြိုကျတာတွေလေပြင်း တိုက်ခတ်မှုတွေ အပါအဝင် ရာသီဥတုဒဏ်ကို အိမ်ထောင်စု ၁ သောင်း၊ လူဦးရေ ၄ သောင်းနီးပါးရှိခဲ့ပြီး ရေဘေးအန္တရာယ်နဲ့ ဆက်နွယ်ပြီး လူ ၂ ဦး သေဆုံးခဲ့ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ပြောပါတယ်။

ထိခိုက်သေဆုံးသူတွေ အပါအဝင် ရေဘေးသင့်သူတွေကို အခုအခါ စားနပ်ရိက္ခာ ထောက်ပံ့ပေးနေတယ်လို့လည်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက ပြောပါတယ်။
“အစ်မတို့ဌာနက ရေဘေးရှောင်ကြတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာကိုထောက်ပံ့တယ်၊ ပျက်စီးသွားတဲ့အိမ်ကို အိမ်ဆောက်ပစ္စည်းတွေ ထောက်ပံ့ပေးတာရှိတယ်။ ခေါက်ဆွဲခြောက်တို့ ရေသန့်တို့ ထောက်ပံ့ပေးတယ်။ သေဆုံးတဲ့လူ ၂ ယောက်ရှိခဲ့တယ် သေဆုံးတဲ့သူက မကွေးတိုင်းဒေသကြီးမှာ နှစ်ယောက်ပေါ့နော်။ မြွေကိုက်လို့ ဒဏ်ရာရသွားတယ် သေဆုံးတာတော့ မဟုတ်ဘူး မြွေကိုက်လို့ ဒဏ်ရာရတာ စစ်ကိုင်းတိုင်းဒေသကြီးမှာ တစ်ယောက်ရှိခဲ့တယ် သေဆုံးတဲ့သူ ဒဏ်ရာတဲ့ဆိုရင်လည်း ထောက်ပံ့ပေးတယ်။”

ဇူလိုင် ၁၁ ရက်ကနေ သြဂုတ် ၉ ရက်နေ့ထိ လေပြင်းတိုက်ခတ်မှုကြောင့် တစ်နိုင်ငံလုံးအတိုင်းအတာအရ ရေထဲ မျောပါပျက်စီးသွားတဲ့ အိမ်က ၉၀ ရှိပြီး တစ်စိတ်တစ်ပိုင်း ပျက်စီးသွားတဲ့အိမ်က ၃၆ အိမ်ရှိတယ်လို့လည်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနကပြောပါတယ်။ မိုးများပြီး မြေပြိုကျရာက သေဆုံးသူတွေ ရှိခဲ့ကြောင်းလည်း ဒေါ်ဖြူလဲ့လဲ့ထွန်းက အခုလို ပြောပါတယ်။

“ဘေးသင့်တဲ့ ပြည်သူကို တစ်ဦးကို ဆန်ရိက္ခာပို တစ်ပတ်ဖြင့် နှစ်ထောင်တစ်ရာနှုန်းနဲ့ပေါ့ ရေဘေရှောင်ရတဲ့ပြည်သူတွေကို အဲ့လို နှစ်ထောင်တစ်ရာထောက်ပံ့တာ နောက်တစ်ခါကျတော့ သေဆုံးတဲ့သူဆိုလို့ရှိရင် သုံးသိန်းနှုန်းနဲ့ထောက်ပံ့တာ ဒဏ်ရာရတဲ့သူတို့ ငါးသောင်နှုန်းပေါ့နော် ပျက်သွားအိမ်ဆိုရင် အိမ်ဆောက်ပစ္စည်းပေါ့ တစ်အိမ်လုံးမျောပါသွားရင် တစ်သိန်းနှုန်းပေါ့ ”

ကိုဗစ်ကပ်ရောဂါ ကာကွယ်ရေးအတွက် လိုအပ်တဲ့ ကျန်းမာရေးထောက်ပံ့ပစ္စည်းတွေကိုလည်း ပေးအပ်နေတယ်လို့ ပြောပါတယ်။ရာသီဥတုဒဏ် ခံခဲ့ရတဲ့ မွန်ပြည်နယ် ရေးမြို့နယ် ကလားကုတ်မှာတော့ လေပြင်းတိုက်ခတ်မှုကြောင့် အိမ်ခြေ ၂ ဒါဇင်ထက်မနည်း ပျက်စီးခဲ့ပေမဲ့ အကူအညီအထောက်အပံ့တွေ အပြည့်အဝမရဘူးလို့ ဒေသဖွံ့ဖြိုးရေးလှုပ်ရှားသူ ဦးအောင်နိုင်ဝင်းက ပြောပါတယ်။

“ ပထမဦးဆုံးရက်ပို့တဲ့ စာရင်း ထွေအုပ်မှာရောက်တာက ၁၃ အိမ်ထောင်စုဘဲရောက်တယ် တကယ် ကျွန်တော်တို့ မြေပြင်မှာ သွားလေ့လာအခါ အိမ်ထောင်စု ၂၄ စုတွေ့ရတယ် အဲ့ဒါတာက အိမ်သက်သက်ပဲဖြစ်တာ နောက်တစ်ခုက အိမ်နဲ့ ငါးလှမ်းစင်နဲ့တွဲဆောက်ထားတဲ့ အဆောက်အဦးက ငါးလှမ်းစင်နဲ့ဆောက်ထားတဲ့ အိမ်က ၂၂ စင်နဲ့ အိမ်၂၂လုံးတွဲလျက်ပေါ့ ။ အဲ့ဒါလည်း လုံးဝပြိုပျက်သွားတယ်၊ ပြန်ပြီးတော့ စိစစ်ပြီး လုပ်ပေးမယ်လို့တော့ အကြမ်းဖျင်းသိထားရတယ် ဒါပေမယ့် ဒီနေ့ထိတော့ အဲ့ဟာနဲ့ တုံ့ပြန်မှု မလာသေးဘူးပေါ့။”

ရေဘေးသင့် အိမ်ထောင်စုတွေ ထောက်ပံ့ဖို့ ကျန်ရှိနေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မွန်ပြည်နယ် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ပြည်နယ်မှူး ဦးကိုကိုနိုင်ကို ဆယ်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။

မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီနေ့ ညနေပိုင်း ခန့်မှန်းချက်အရ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တွေမှာ မုတ်သုံလေ အားအသင့်အတင့်ကနေ အားကောင်းနေပြီး၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီတိုင်းနဲ့ ကချင်ပြည်နယ်တွေက နေရာတချို့မှာ မိုးကြီးနိုင်တယ်လို့လည်း သတိပေးထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG