သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မႏၲေလးေရေဘး ေဒသခံ ၃,၀၀၀ ေက်ာ္ ယာယီစခန္းမွာရွိေနဆဲ


မႏၱေလးတိုင္း အမရပူရၿမိဳ႕ ေရႊဂဲ ေရထိန္းတံခါး က်ိဳးေပါက္ၿပီး ဧရာဝတီျမစ္ေရ စီးဆင္းဝင္တဲ့ ျမင္ကြင္း။ (ဓာတ္ပံု - Myanmar Fire Services Department (MDY) - ဇူလိုင္ ၂၀၊ ၂၀၂၀)

[Zawgyi/Unicode]

မႏၲေလးတိုင္းအတြင္း တာ႐ိုးက်ိဳးေပါက္ရာက ေရေဘးသင့္ခဲ့တာ သီတင္းတစ္ပတ္ေက်ာ္လာခ်ိန္အထိ ေရေဘးသင့္သူ ၃,၀၀၀ ေလာက္ ယာယီစခန္းေတြမွာ ေနထိုင္ေနရဆဲျဖစ္တဲ့အေၾကာင္း ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္စုစုက ေျပာျပပါမယ္။

မႏၲေလးတိုင္း၊ အမရပူရၿမိဳ႕နယ္၊ ေ႐ႊဂဲေရဆိုးထုတ္စက္႐ုံအနီးက ဒီလ ၁၉ ရက္ေန႔တုန္းက တာ႐ိုးက်ိဳးေပါက္မႈေၾကာင့္ အနီးအနား ႐ြာေတြထဲ ဧရာဝတီျမစ္ေရ ဝင္လာရာက ေဒသခံ ၁၄,၀၀၀ ေလာက္ ေဘးလြတ္ရာ တိမ္းေရွာင္ခဲ့ၾကရတာပါ။ ဒီအထဲက အမ်ားစုကေတာ့ အခုအခါ ေရျပန္က်လာတဲ့အတြက္ ေနရပ္ျပန္ခဲ့ၾကၿပီး ၃,၀၀၀ ေလာက္ကေတာ့ ယာယီေရေဘးကယ္ဆယ္ေရးစခန္းမွာ က်န္ေနေသးတဲ့အေၾကာင္း ႐ြာဘုံလူမႈကူညီေရးအသင္းက ကိုေက်ာ္ဇင္က ေျပာပါတယ္။

“ေဒသခံေတြကေတာ့ ေလာေလာဆယ္ေတာ့ ကယ္ဆယ္ေရးစခန္းေတြမွာပဲ ေနပါတယ္ဗ်။ တခ်ိဳ႕တဝက္ကေတာ့ ရပ္ကြက္ေတြထဲ ျပန္ေနၾကပါၿပီဗ်။ ေရကေတာ့ စက္ႀကီးေတြနဲ႔ စုတ္ထုတ္ေနေတာ့ ေရကေတာ့ ေတာ္ေတာ္ေလ်ာ့သြားပါၿပီဗ်။ ေနရာအကုန္မွာလို႔ေတာ့ ေျပာလို႔မရဘူးဗ်။ က်သင့္တဲ့ေနရာေလးေတြမွာ က်သြားၿပီ။ တခ်ိဳ႕ေနရာေလးေတြမွာေတာ့ ေရကက်န္ေနတုန္းပဲ။ ပုံမွန္ထက္ ၂ ေပေလာက္က်သြားေလာက္ပဲ ရွိမယ္ဗ်။”


မႏၲေလးတိုင္း ဒုတိယ ၿမိဳ႕ေတာ္ဝန္ ဦးရဲမြန္ကေတာ့ တာ႐ိုးက်ိဳးေပါက္မႈကို အခုအခါ ျပန္လည္ျပင္ဆင္ၿပီး ျဖစ္ေၾကာင္းနဲ႔ ေရႀကီးမႈ အေျခအေနကို ထိန္းခ်ဳပ္ႏိုင္ၿပီျဖစ္ေၾကာင္း VOA ကိုေျပာပါတယ္။

မႏၱေလးတိုင္း အမရပူရၿမိဳ႕ ေရႊဂဲ ေရထိန္းတံခါး က်ိဳးေပါက္ၿပီး ဧရာဝတီျမစ္ေရ စီးဆင္းဝင္တဲ့ ျမင္ကြင္း။ (ဓာတ္ပံု - Myanmar Fire Services Department (MDY) - ဇူလိုင္ ၂၀၊ ၂၀၂၀)
မႏၱေလးတိုင္း အမရပူရၿမိဳ႕ ေရႊဂဲ ေရထိန္းတံခါး က်ိဳးေပါက္ၿပီး ဧရာဝတီျမစ္ေရ စီးဆင္းဝင္တဲ့ ျမင္ကြင္း။ (ဓာတ္ပံု - Myanmar Fire Services Department (MDY) - ဇူလိုင္ ၂၀၊ ၂၀၂၀)

“တာ႐ိုးကေတာ့ လုံးဝပိတ္ၿပီးသြားၿပီ ျဖစ္ပါတယ္။ ပိတ္တာကေတာ့ စိတ္ခ်ရတဲ့အေနအထားကို ေရာက္သြားပါၿပီ။ မၾကာခင္မွာ လမ္းဖြင့္ေပးဖို႔ ရွိပါတယ္။”

တာ႐ိုးက်ိဳးေပါက္ရာက တင္က်န္ခဲ့တဲ့ ေရေတြကို ဧရာဝတီျမစ္ဘက္ဆီ ျပန္စုပ္ထုတ္ေနတာေၾကာင့္ ေရျပန္က်လာတဲ့အတြက္ ေရေဘးသင့္ ေဒသခံ ေတာ္ေတာ္မ်ားမ်ား ေနရပ္ျပန္ကုန္ၾကၿပီလို႔လည္း ဦးရဲမြန္ကေျပာပါတယ္။

မႏၲေလးတိုင္း အပါအဝင္ ျမန္မာႏိုင္ငံ အလယ္ပိုင္းနဲ႔ အထက္ပိုင္းေဒသေတြမွာ မၾကာေသးခင္ရက္ေတြအတြင္း မိုးမ်ားၿပီး ေရႀကီးမႈေတြ ႀကဳံခဲ့ရတဲ့အတြက္ လမ္းပန္းဆက္သြယ္ေရး ျပတ္ေတာက္ခဲ့တာေတြ၊ ေရေဘးသင့္တာေတြနဲ႔ ႀကဳံခဲ့ရတာပါ။ ျမန္မာႏိုင္ငံ မိုးေလဝသနဲ႔ ဇလေဗဒ ၫႊန္ၾကားမႈ ဦးစီးဌာနရဲ႕ ဒီကေန႔ တိုင္းတာခ်က္အရ ဧရာဝတီျမစ္ေရဟာ စိုးရိမ္ေရမွတ္ကိုေရာက္ဖို႔ ၁၀ စင္တီမီတာသာ လိုေတာ့ေပမဲ့ ေနာက္ရက္မွာ ျပန္က်ႏိုင္တယ္လို႔လည္း ခန႔္မွန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မန္တလေးရေဘေး ဒေသခံ ၃,၀၀၀ ကျော် ယာယီစခန်းမှာရှိနေဆဲ

မန္တလေးတိုင်းအတွင်း တာရိုးကျိုးပေါက်ရာက ရေဘေးသင့်ခဲ့တာ သီတင်းတစ်ပတ်ကျော်လာချိန်အထိ ရေဘေးသင့်သူ ၃,၀၀၀ လောက် ယာယီစခန်းတွေမှာ နေထိုင်နေရဆဲဖြစ်တဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက ပြောပြပါမယ်။

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ရွှေဂဲရေဆိုးထုတ်စက်ရုံအနီးက ဒီလ ၁၉ ရက်နေ့တုန်းက တာရိုးကျိုးပေါက်မှုကြောင့် အနီးအနား ရွာတွေထဲ ဧရာဝတီမြစ်ရေ ဝင်လာရာက ဒေသခံ ၁၄,၀၀၀ လောက် ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ကြရတာပါ။ ဒီအထဲက အများစုကတော့ အခုအခါ ရေပြန်ကျလာတဲ့အတွက် နေရပ်ပြန်ခဲ့ကြပြီး ၃,၀၀၀ လောက်ကတော့ ယာယီရေဘေးကယ်ဆယ်ရေးစခန်းမှာ ကျန်နေသေးတဲ့အကြောင်း ရွာဘုံလူမှုကူညီရေးအသင်းက ကိုကျော်ဇင်က ပြောပါတယ်။

“ဒေသခံတွေကတော့ လောလောဆယ်တော့ ကယ်ဆယ်ရေးစခန်းတွေမှာပဲ နေပါတယ်ဗျ။ တချို့တဝက်ကတော့ ရပ်ကွက်တွေထဲ ပြန်နေကြပါပြီဗျ။ ရေကတော့ စက်ကြီးတွေနဲ့ စုတ်ထုတ်နေတော့ ရေကတော့ တော်တော်လျော့သွားပါပြီဗျ။ နေရာအကုန်မှာလို့တော့ ပြောလို့မရဘူးဗျ။ ကျသင့်တဲ့နေရာလေးတွေမှာ ကျသွားပြီ။ တချို့နေရာလေးတွေမှာတော့ ရေကကျန်နေတုန်းပဲ။ ပုံမှန်ထက် ၂ ပေလောက်ကျသွားလောက်ပဲ ရှိမယ်ဗျ။”

မန္တလေးတိုင်း ဒုတိယ မြို့တော်ဝန် ဦးရဲမွန်ကတော့ တာရိုးကျိုးပေါက်မှုကို အခုအခါ ပြန်လည်ပြင်ဆင်ပြီး ဖြစ်ကြောင်းနဲ့ ရေကြီးမှု အခြေအနေကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း VOA ကိုပြောပါတယ်။

“တာရိုးကတော့ လုံးဝပိတ်ပြီးသွားပြီ ဖြစ်ပါတယ်။ ပိတ်တာကတော့ စိတ်ချရတဲ့အနေအထားကို ရောက်သွားပါပြီ။ မကြာခင်မှာ လမ်းဖွင့်ပေးဖို့ ရှိပါတယ်။”

တာရိုးကျိုးပေါက်ရာက တင်ကျန်ခဲ့တဲ့ ရေတွေကို ဧရာဝတီမြစ်ဘက်ဆီ ပြန်စုပ်ထုတ်နေတာကြောင့် ရေပြန်ကျလာတဲ့အတွက် ရေဘေးသင့် ဒေသခံ တော်တော်များများ နေရပ်ပြန်ကုန်ကြပြီလို့လည်း ဦးရဲမွန်ကပြောပါတယ်။

မန္တလေးတိုင်း အပါအဝင် မြန်မာနိုင်ငံ အလယ်ပိုင်းနဲ့ အထက်ပိုင်းဒေသတွေမှာ မကြာသေးခင်ရက်တွေအတွင်း မိုးများပြီး ရေကြီးမှုတွေ ကြုံခဲ့ရတဲ့အတွက် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့တာတွေ၊ ရေဘေးသင့်တာတွေနဲ့ ကြုံခဲ့ရတာပါ။ မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနရဲ့ ဒီကနေ့ တိုင်းတာချက်အရ ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေမှတ်ကိုရောက်ဖို့ ၁၀ စင်တီမီတာသာ လိုတော့ပေမဲ့ နောက်ရက်မှာ ပြန်ကျနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။

XS
SM
MD
LG