သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမစ္ေရႀကီးလို႔ ေဒသခံ ၄၀,၀၀၀ ေက်ာ္ ေဘးလြတ္ရာေရႊ႕ေျပာင္း


ပဲခူးတိုင္းေဒသႀကီး၊ ပန္းေတာင္းၿမိဳ႕နယ္၊ ထုံးဘိုေက်း႐ြာအုပ္စု၊ ခတၳိယရပ္ကြက္တြင္ ဧရာဝတီျမစ္ေရျမင့္တက္လာမႈေၾကာင့္ ေဒသခံေတြကို ေဘးလြတ္ရာ ေရႊ႕ေျပာင္းေပးေနတဲ့ ျမင္ကြင္း။ (ဓာတ္ပံု Myanmar Fire Services Department - ဇူလိုင္ ၂၈၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံေနရာတခ်ဳိ႕မွာ မုိးသည္းထန္ ျမစ္ေရႀကီးမႈေတြေၾကာင့္ ေဒသခံ ၄၀,၀၀၀ ေက်ာ္ ေဘးလြတ္ရာ ေရႊ႕ေျပာင္းေနရတဲ့အေၾကာင္း ဗီြအိုေအျမန္မာပုိင္း သတင္းေထာက္စုစုက ေျပာျပသြားပါမယ္။

စစ္ကုိင္း၊ ေညာင္ဦး၊ ဆိပ္သာနဲ႔ ေဖာင္းျပင္စခန္းတုိ႔မွာ ဧရာဝတီနဲ႔ ခ်င္းတြင္းျမစ္ေရဟာ စုိးရိမ္ေရမွတ္ကို ေက်ာ္လြန္ေရာက္ရွိေနေၾကာင္း မုိးေလဝသနဲ႔ ဇလေဗဒက သတင္းထုတ္ျပန္ထားၿပီး ေရႀကီးႏုိင္တဲ့ အႏၱရာယ္ရွိေနတာေၾကာင့္ ေဒသခံေတြကုိ ေဘးလြတ္ရာ ေျပာင္းေရႊ႕ေပးေနရပါတယ္။ တုိင္းနဲ႔ျပည္နယ္ ေလး ခုမွာ ျမစ္ေရႀကီးတာေၾကာင့္ မေန႔ညေနကစ ေဘးလြတ္ရာ ေျပာင္းေရႊ႕ေပးခဲ့ရသူ ၄၀,၀၀၀ ေလာက္ ရွိသြားၿပီလုိ႔လည္း လူမႈ၀န္ထမ္း၊ ကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာန ညႊန္ၾကားေရးမွဴး ေဒၚျဖဴလဲ့လဲ့ထြန္းက VOA ကိုေျပာပါတယ္။

ပဲခူးတိုင္းေဒသႀကီး၊ ပန္းေတာင္းၿမိဳ႕နယ္၊ ထုံးဘိုေက်း႐ြာအုပ္စု၊ ခတၳိယရပ္ကြက္တြင္ ဧရာဝတီျမစ္ေရျမင့္တက္လာမႈေၾကာင့္ ေဒသခံေတြကို ေဘးလြတ္ရာ ေရႊ႕ေျပာင္းေပးေနတဲ့ ျမင္ကြင္း။ (ဓာတ္ပံု Myanmar Fire Services Department - ဇူလိုင္ ၂၈၊ ၂၀၂၀)
ပဲခူးတိုင္းေဒသႀကီး၊ ပန္းေတာင္းၿမိဳ႕နယ္၊ ထုံးဘိုေက်း႐ြာအုပ္စု၊ ခတၳိယရပ္ကြက္တြင္ ဧရာဝတီျမစ္ေရျမင့္တက္လာမႈေၾကာင့္ ေဒသခံေတြကို ေဘးလြတ္ရာ ေရႊ႕ေျပာင္းေပးေနတဲ့ ျမင္ကြင္း။ (ဓာတ္ပံု Myanmar Fire Services Department - ဇူလိုင္ ၂၈၊ ၂၀၂၀)

“စစ္ကုိင္းမွာဆုိ အိမ္ေထာင္စု ၁,၁၀၀ ေက်ာ္ေလာက္ေျပာင္းတယ္။ မေန႔ကညေနနဲ႔ ဒီေန႔မနက္ေပါ့။ မေန႔ကညေနထိဆိုရင္ ကခ်င္၊ စစ္ကုိင္း၊ မေကြး၊ မႏၱေလး၊ ျပည္နယ္နဲ႔တိုင္း ေလးခုမွာဆုိရင္ စုစုေပါင္း ေျပာင္းေရႊ႕ေနတာေတြက လူဦးေရ ၃၅,၀၀၀ ေက်ာ္ေလာက္ေတာ့ရွိတယ္။ ဒီလူေတြပါ ပါမယ္ဆုိရင္ ၄၀,၀၀၀ ေလာက္ေတာ့ရွိသြားမယ္။”

ေနာက္ထပ္လည္း ျမစ္ေရႀကီးမႈေတြ ႀကံဳရႏုိင္တဲ့အႏၱရာယ္ ရွိေနေသးေၾကာင္း တာ၀န္ရွိသူေတြက သတိေပးထားပါတယ္။ ျမစ္ေရမွတ္ ၁,၂၅၃ စင္တီမီတာကို ေရာက္ရွိေနၿပီျဖစ္တဲ့ မႏၱေလးစခန္းအေျခအေနဟာ ေနာက္တရက္အတြင္းမွာ စုိးရိမ္ေရမွတ္ကုိ ေရာက္ရွိလာႏုိင္တယ္လို႔လည္း မႏၱေလးတုိင္း မုိးဇလဌာန ညႊန္ၾကားေရးမွဴး ဦးေက်ာ္လြင္ဦးက ေျပာပါတယ္။

“မႏၱေလးတုိင္း ေဒသႀကီးမွာဆိုရင္ စုိးရိမ္ေရမွတ္ေရာက္ဖုိ႔ ၇ စင္တီမီတာ အလုိခန္႔မွာ ျမစ္ေရအမွတ္ေရာက္ရွိေနတဲ့ အေနအထားမ်ိဳးျဖစ္ပါတယ္။ က်ေနာ္တို႔ဌာနအေနနဲ႔ကေတာ့ ဇူလုိင္လ ၂၉ ရက္ေန႔ေလာက္မွာ စိုးရိမ္ေရမွတ္ကုိ ေရာက္ရွိႏုိင္တယ္ဆုိၿပီးေတာ့ ျမစ္ေရႀကီးျခင္းသတိေပးခ်က္ကို မႏၱေလးၿမိဳ႕အတြက္ ၿပီးခဲ့တဲ့ ၂ရက္ - ၃ရက္ေလာက္ကတည္းက ထုတ္ျပန္ထားရွိၿပီး ျဖစ္ပါတယ္။”

ျမင္းမူနဲ႔ ျမစ္ငယ္စခန္းတို႔မွာလည္း ဧရာဝတီနဲ႔ ဒုဌဝတီျမစ္ေရဟာ ေနာက္တရက္အတြင္း စုိးရိမ္ေရမွတ္ ေရာက္လာႏုိင္တယ္လို႔ ခန္႔မွန္းထားပါတယ္။ စုိးရိမ္ေရမွတ္ေရာက္ဖုိ႔ ၁ ေပသာလုိေတာ့တဲ့ ဟသၤာတၿမိဳ႕ရဲ႕ ဧရာဝတီျမစ္ေရအေျခအေနဟာလည္း လာမယ့္ ၃ ရက္အတြင္းမွာ စုိးရိမ္ေရမွတ္ကိုေရာက္လာႏုိင္တာေၾကာင့္ ျမစ္ကမ္းအနီးနဲ႔ ေျမနိမ့္ပိုင္းေနသူေတြကို ျမစ္ေရသတိျပဳဖုိ႔ အသိေပးထားပါတယ္။

အခုႏွစ္ေရႀကီးမယ့္အေျခအေနဟာ ၿပီးခဲ့တဲ့ႏွစ္ေတြလို စံခ်ိန္တင္ေလာက္တဲ့အထိ ျဖစ္သြားမွာမဟုတ္ေပမယ့္ ေျမနိမ့္ပုိင္းေနထုိင္သူေတြ သတိရွိဖို႔ကိုေတာ့ သဘာဝေဘးအႏၱရာယ္ဆုိင္ရာ အႀကံေပးအဖြဲ႕အတြင္းေရးမွဴး ဦးခ်စ္ေက်ာ္က အၾကံေပးထားပါတယ္။

“ဘာလို႔မျဖစ္လည္းဆုိေတာ့ မုိးရြာလာတဲ့အခ်ိန္မွာ အဲဒီကေရက ေအာက္ကုိဆင္းသြားၿပီ။ ေရႀကီးတယ္ဆုိရံုျဖစ္မယ္။ အလြန္အမင္းႀကီးတာမ်ိဳး မျဖစ္ဘူး။ သုိ႔ေသာ္ အနိမ့္ပုိင္းကလူေတြကေတာ့ ေရဝင္တာေပါ့ဗ်ာ။ အဲေတာ့ ေနာက္ဆံုးဘယ္မွာသြားၿပီးေတာ့ ေရကသြားေထာက္မွာလည္းဆုိရင္ ဟသၤာတမွာသြားေထာက္မယ္။ ဒီအေပၚကေရေတြက ဆင္းတယ္။ ေအာက္ကသူတုိ႔မွာ ဒီေရရွိေနတယ္။ ပင္လယ္ဘက္ကေန ျပန္အတက္အက်လုပ္တဲ့ဒီေရက တေန႔ကုိ ၂ ႀကိမ္ အတက္အက်လုပ္တယ္။ ဆုိေတာ့ အဲလုိေထာက္ထားေတာ့ ဟသၤာတ၊ ဇလြန္၊ သာေပါင္း၊ အဲဒီေနရာေတြက ဒီေရ Tide Effect ရွိတဲ့အတြက္ ဟုိက Tide ၾကြလာတဲ့အခ်ိန္ သူတို႔ေရျပန္တက္မယ္။ ၿပီးရင္ Tide ျပန္က်တဲ့အခ်ိန္ ဒီေရကလုိက္က်တယ္။ အဲဒီ ေရလိုက္က်တဲ့အခ်ိန္မွာ မုိးမရြာဘူးဆိုရင္ေကာင္းတယ္။ မုိးရြာရင္ ေရကသိပ္မက်ျပန္ဘူး။"

စစ္ကိုင္းတုိင္းအထက္ပုိင္းနဲ႔ ကခ်င္ျပည္နယ္မွာလည္း ေနာက္ ၂ ရက္အတြင္း မုိးမ်ားလာႏုိင္ၿပီး၊ ျမစ္ငယ္စခန္းမွာ ဒုဌဝတီျမစ္ေရ စုိးရိမ္ေရမွတ္ ေနာက္ ၂ ရက္အတြင္းေရာက္ရွိလာႏုိင္တယ္လို႔လည္း မုိးေလ၀သ ကၽြမ္းက်င္သူေတြက ခန္႔မွန္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြစ်ရေကြီးလို့ ဒေသခံ ၄၀,၀၀၀ ကျော် ဘေးလွတ်ရာရွှေ့ပြောင်း

မြန်မာနိုင်ငံနေရာတချို့မှာ မိုးသည်းထန် မြစ်ရေကြီးမှုတွေကြောင့် ဒေသခံ ၄၀,၀၀၀ ကျော် ဘေးလွတ်ရာ ရွှေ့ပြောင်းနေရတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက ပြောပြသွားပါမယ်။

စစ်ကိုင်း၊ ညောင်ဦး၊ ဆိပ်သာနဲ့ ဖောင်းပြင်စခန်းတို့မှာ ဧရာဝတီနဲ့ ချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေမှတ်ကို ကျော်လွန်ရောက်ရှိနေကြောင်း မိုးလေဝသနဲ့ ဇလဗေဒက သတင်းထုတ်ပြန်ထားပြီး ရေကြီးနိုင်တဲ့ အန္တရာယ်ရှိနေတာကြောင့် ဒေသခံတွေကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးနေရပါတယ်။ တိုင်းနဲ့ပြည်နယ် လေး ခုမှာ မြစ်ရေကြီးတာကြောင့် မနေ့ညနေကစ ဘေးလွတ်ရာ ပြောင်းရွှေ့ပေးခဲ့ရသူ ၄၀,၀၀၀ လောက် ရှိသွားပြီလို့လည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက VOA ကိုပြောပါတယ်။

“စစ်ကိုင်းမှာဆို အိမ်ထောင်စု ၁,၁၀၀ ကျော်လောက်ပြောင်းတယ်။ မနေ့ကညနေနဲ့ ဒီနေ့မနက်ပေါ့။ မနေ့ကညနေထိဆိုရင် ကချင်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပြည်နယ်နဲ့တိုင်း လေးခုမှာဆိုရင် စုစုပေါင်း ပြောင်းရွှေ့နေတာတွေက လူဦးရေ ၃၅,၀၀၀ ကျော်လောက်တော့ရှိတယ်။ ဒီလူတွေပါ ပါမယ်ဆိုရင် ၄၀,၀၀၀ လောက်တော့ရှိသွားမယ်။”

နောက်ထပ်လည်း မြစ်ရေကြီးမှုတွေ ကြုံရနိုင်တဲ့အန္တရာယ် ရှိနေသေးကြောင်း တာဝန်ရှိသူတွေက သတိပေးထားပါတယ်။ မြစ်ရေမှတ် ၁,၂၅၃ စင်တီမီတာကို ရောက်ရှိနေပြီဖြစ်တဲ့ မန္တလေးစခန်းအခြေအနေဟာ နောက်တရက်အတွင်းမှာ စိုးရိမ်ရေမှတ်ကို ရောက်ရှိလာနိုင်တယ်လို့လည်း မန္တလေးတိုင်း မိုးဇလဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောပါတယ်။

“မန္တလေးတိုင်း ဒေသကြီးမှာဆိုရင် စိုးရိမ်ရေမှတ်ရောက်ဖို့ ၇ စင်တီမီတာ အလိုခန့်မှာ မြစ်ရေအမှတ်ရောက်ရှိနေတဲ့ အနေအထားမျိုးဖြစ်ပါတယ်။ ကျနော်တို့ဌာနအနေနဲ့ကတော့ ဇူလိုင်လ ၂၉ ရက်နေ့လောက်မှာ စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်တယ်ဆိုပြီးတော့ မြစ်ရေကြီးခြင်းသတိပေးချက်ကို မန္တလေးမြို့အတွက် ပြီးခဲ့တဲ့ ၂ရက် - ၃ရက်လောက်ကတည်းက ထုတ်ပြန်ထားရှိပြီး ဖြစ်ပါတယ်။”

မြင်းမူနဲ့ မြစ်ငယ်စခန်းတို့မှာလည်း ဧရာဝတီနဲ့ ဒုဌဝတီမြစ်ရေဟာ နောက်တရက်အတွင်း စိုးရိမ်ရေမှတ် ရောက်လာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ စိုးရိမ်ရေမှတ်ရောက်ဖို့ ၁ ပေသာလိုတော့တဲ့ ဟင်္သာတမြို့ရဲ့ ဧရာဝတီမြစ်ရေအခြေအနေဟာလည်း လာမယ့် ၃ ရက်အတွင်းမှာ စိုးရိမ်ရေမှတ်ကိုရောက်လာနိုင်တာကြောင့် မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်းနေသူတွေကို မြစ်ရေသတိပြုဖို့ အသိပေးထားပါတယ်။

အခုနှစ်ရေကြီးမယ့်အခြေအနေဟာ ပြီးခဲ့တဲ့နှစ်တွေလို စံချိန်တင်လောက်တဲ့အထိ ဖြစ်သွားမှာမဟုတ်ပေမယ့် မြေနိမ့်ပိုင်းနေထိုင်သူတွေ သတိရှိဖို့ကိုတော့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကြံပေးအဖွဲ့အတွင်းရေးမှူး ဦးချစ်ကျော်က အကြံပေးထားပါတယ်။

ပဲခူးတိုင္းေဒသႀကီး၊ ပန္းေတာင္းၿမိဳ႕နယ္၊ ထုံးဘိုေက်း႐ြာအုပ္စု၊ ခတၳိယရပ္ကြက္တြင္ ဧရာဝတီျမစ္ေရျမင့္တက္လာမႈေၾကာင့္ ေဒသခံေတြကို ေဘးလြတ္ရာ ေရႊ႕ေျပာင္းေပးေနတဲ့ ျမင္ကြင္း။ (ဓာတ္ပံု Myanmar Fire Services Department - ဇူလိုင္ ၂၈၊ ၂၀၂၀)
ပဲခူးတိုင္းေဒသႀကီး၊ ပန္းေတာင္းၿမိဳ႕နယ္၊ ထုံးဘိုေက်း႐ြာအုပ္စု၊ ခတၳိယရပ္ကြက္တြင္ ဧရာဝတီျမစ္ေရျမင့္တက္လာမႈေၾကာင့္ ေဒသခံေတြကို ေဘးလြတ္ရာ ေရႊ႕ေျပာင္းေပးေနတဲ့ ျမင္ကြင္း။ (ဓာတ္ပံု Myanmar Fire Services Department - ဇူလိုင္ ၂၈၊ ၂၀၂၀)

“ဘာလို့မဖြစ်လည်းဆိုတော့ မိုးရွာလာတဲ့အချိန်မှာ အဲဒီကရေက အောက်ကိုဆင်းသွားပြီ။ ရေကြီးတယ်ဆိုရုံဖြစ်မယ်။ အလွန်အမင်းကြီးတာမျိုး မဖြစ်ဘူး။ သို့သော် အနိမ့်ပိုင်းကလူတွေကတော့ ရေဝင်တာပေါ့ဗျာ။ အဲတော့ နောက်ဆုံးဘယ်မှာသွားပြီးတော့ ရေကသွားထောက်မှာလည်းဆိုရင် ဟင်္သာတမှာသွားထောက်မယ်။ ဒီအပေါ်ကရေတွေက ဆင်းတယ်။ အောက်ကသူတို့မှာ ဒီရေရှိနေတယ်။ ပင်လယ်ဘက်ကနေ ပြန်အတက်အကျလုပ်တဲ့ဒီရေက တနေ့ကို ၂ ကြိမ် အတက်အကျလုပ်တယ်။ ဆိုတော့ အဲလိုထောက်ထားတော့ ဟင်္သာတ၊ ဇလွန်၊ သာပေါင်း၊ အဲဒီနေရာတွေက ဒီရေ Tide Effect ရှိတဲ့အတွက် ဟိုက Tide ကြွလာတဲ့အချိန် သူတို့ရေပြန်တက်မယ်။ ပြီးရင် Tide ပြန်ကျတဲ့အချိန် ဒီရေကလိုက်ကျတယ်။ အဲဒီ ရေလိုက်ကျတဲ့အချိန်မှာ မိုးမရွာဘူးဆိုရင်ကောင်းတယ်။ မိုးရွာရင် ရေကသိပ်မကျပြန်ဘူး။"

စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်နယ်မှာလည်း နောက် ၂ ရက်အတွင်း မိုးများလာနိုင်ပြီး၊ မြစ်ငယ်စခန်းမှာ ဒုဌဝတီမြစ်ရေ စိုးရိမ်ရေမှတ် နောက် ၂ ရက်အတွင်းရောက်ရှိလာနိုင်တယ်လို့လည်း မိုးလေဝသ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။

XS
SM
MD
LG