သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မႏၲေလးေရေဘး ေဒသခံတေသာင္းေက်ာ္ ေဘးလြတ္ရာေရႊ႕ေျပာင္းထား


မႏၱေလးတိုင္း အမရပူရၿမိဳ႕ ေရႊဂဲ ေရထိန္းတံခါး က်ိဳးေပါက္ၿပီး ဧရာဝတီျမစ္ေရ စီးဆင္းဝင္တဲ့ ျမင္ကြင္း။ (ဓာတ္ပံု - Myanmar Fire Services Department - ဇူလိုင္ ၂၀၊ ၂၀၂၀)

[Zawgyi/Unicode]

မႏၱေလးတုိင္းအတြင္း ေရလႊမ္းမုိးမႈ ႀကံဳေနရတာကုိ ထိန္းသိမ္းႏုိင္ၿပီ ျဖစ္ေပမဲ့ ေဒသခံ ၁၀,၀၀၀ ေက်ာ္ကုိေတာ့ ေဘးလြတ္ရာ ေျပာင္းေရႊ႕ေပးထားရတဲ့အေၾကာင္း ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္စုစုက ေျပာျပေပးပါမယ္။

မႏၱေလးတိုင္း၊ အမရပူရၿမိဳ႕နယ္၊ ေရႊဂဲေရဆုိးထုတ္စက္႐ုံအနီး တာ႐ုိးက်ဳိးေပါက္မႈေၾကာင့္ ဧရာ၀တီျမစ္ေရ လွ်ံတက္လာတာကုိ ထိန္းသိမ္းႏုိင္ခဲ့ေပမဲ့ အနီးအနားက ေဒသခံ ၁၂,၀၀၀ ေလာက္ကုိေတာ့ အေရးေပၚ ကယ္ဆယ္ေရးစခန္းေတြဆီ ေျပာင္းေရႊ႕ေပးထားရတယ္လုိ႔ တာ၀န္ရွိသူေတြက ေျပာပါတယ္။ တာ႐ုိးက်ဳိးေပါက္သြားတဲ့ ေနရာကုိေတာ့ ယာယီျပင္ဆင္ထားၿပီး ပုိခိုင္မာေအာင္ စီစဥ္ေနတယ္လုိ႔လည္း မႏၱေလးတုိင္း ဒုတိယၿမိဳ႕ေတာ္ဝန္ ဦးရဲမြန္က VOA ကိုေျပာပါတယ္။

“ယာယီေတာ့ ယာယီပါပဲ။ ယာယီကိုမွ ပုိမုိၿပီးေတာ့ လံုျခံဳစိတ္ခ်ေအာင္ ခိုင္ခံ့ေအာင္ က်ေနာ္တို႔ေဆာင္ရြက္တာ ျဖစ္ပါတယ္။ ေဆာက္လုပ္ေရး ဝန္ႀကီးဌာနဘက္ကလည္း Sheet Pile ေတြရိုက္ဖို႔ လုပ္ေနပါတယ္။ ၿမိဳ႕ေတာ္စည္ပင္နဲ႔ ေရအရင္းျမစ္ကေတာ့ ဒီအေပၚမွာ ေက်ာက္ေတြနဲ႔ထပ္ျဖည့္တာေတြ၊ ေက်ာက္ေတြေပၚမွာ သဲအိတ္ေတြနဲ႔ ျပန္မြမ္းမံတယ္။ အဲဒီသဲအိတ္ေတြေပၚကေန Geo Textile ခင္းလိုက္တယ္။ ခင္းၿပီးတဲ့အေပၚမွာ သဲအိတ္ေတြနဲ႔ ျပန္ၿပီးေတာ့ပိတ္တယ္။ အဲေတာ့ ေရဝင္ေရာက္မႈနည္းသြားေအာင္ လုပ္လိုက္တယ္။ တဘက္ကလည္း ေရဝင္ထားတဲ့ နံကပ္အင္းထဲက ေရေတြကို စည္ပင္သာယာရဲ႕ ေရစုပ္စက္ ႀကီးေတြနဲ႔ ဆြဲထုတ္ေနပါတယ္။”

တာ႐ုိးက်ဳိးေပါက္ရာက အနီးအနားက ရြာေတြဆီ ဧရာဝတီျမစ္ေရ ဝင္ေရာက္လာလို႔ ရပ္ကြက္ ၃ခုနဲ႔ ရြာ တစ္ရြာက ေဒသခံ ၁၂,၀၀၀ ေလာက္ကုိ ကယ္ဆယ္ေရးစခန္း ၁၉ ခုမွာ အေရးေပၚ ေျပာင္းေရႊ႕ေပးထားတာပါ။ လတ္တေလာမွာေတာ့ ဘုရားဝင္းနဲ႔ ဘုန္းႀကီးေက်ာင္းဝင္းေတြထဲ ယာယီခုိလႈံေနတဲ့ ေရေဘးသင့္သူေတြအတြက္ ထမင္း၊ ဟင္း အလွဴရွင္ရွိေနေပမယ့္လည္း ေသာက္သံုးေရအခက္အခဲရွိေနတယ္လို႔ ရြာဘံုလူမႈကူညီေရးအသင္းက ကိုေက်ာ္ဇင္ထြန္းက ေျပာပါတယ္။

“အခုေလာေလာဆယ္ေတာ့ ျမစ္ေရဝင္ေရာက္မႈက နည္းနည္းတန္႔သြားၿပီေပါ့။ ဒါေပမယ့္ ဒီေရေတြျပန္ထြက္ဖို႔က အခ်ိန္အတိုင္းအတာ တခုေတာ့ ေစာင့္ရဦးမယ္။ အခုေလာေလာဆယ္ေတာ့ အလွဴရွင္ေတြလည္း လွဴေနၾကပါတယ္။ အဓိကေတာ့ ေရအခက္အခဲေပါ့ေနာ္။ သူတုိ႔ေရသန္႔ေတာ့ နည္းနည္းေတာ့လုိတယ္ဗ်။”

မႏၱေလးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ကေတာ့ သဘာဝေဘးအႏၱရာယ္ တံု႔ျပန္ဖုိ႔ အေရးေပၚ ရန္ပုံေငြထဲက လုိအပ္သလုိ သုံးစဲြသြားမွာျဖစ္ေၾကာင္း မေန႔ကပဲ ေျပာဆုိထားပါတယ္။

အမ်ိဳးသားသဘာဝေဘးအႏၲရာယ္ဆိုင္ရာ စီမံခန႔္ခြဲမႈေကာ္မတီဥကၠ႒ ဒုတိယသမၼတ ဦးဟင္နရီဗန္ထီးယူနဲ႔ အစုိးရအဖဲြ႔၀င္ ၀န္ႀကီးတခ်ဳိ႕ကေတာ့ ဒီေန႔မနက္မွာပဲ ေရေဘးသင့္ေဒသကုိ သြားေရာက္ၿပီး ျမစ္ေရ၀င္ေရာက္မႈ တားဆီးထားတဲ့ အေျခအေနနဲ႔ ျပင္ဆင္မႈေတြကုိ ၾကည့္႐ႈခဲ့ၾကေၾကာင္းလည္း ျပန္ၾကားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မန္တလေးရေဘေး ဒေသခံတသောင်းကျော် ဘေးလွတ်ရာရွှေ့ပြောင်းထား

မန္တလေးတိုင်းအတွင်း ရေလွှမ်းမိုးမှု ကြုံနေရတာကို ထိန်းသိမ်းနိုင်ပြီ ဖြစ်ပေမဲ့ ဒေသခံ ၁၀,၀၀၀ ကျော်ကိုတော့ ဘေးလွတ်ရာ ပြောင်းရွှေ့ပေးထားရတဲ့အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက ပြောပြပေးပါမယ်။

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ရွှေဂဲရေဆိုးထုတ်စက်ရုံအနီး တာရိုးကျိုးပေါက်မှုကြောင့် ဧရာဝတီမြစ်ရေ လျှံတက်လာတာကို ထိန်းသိမ်းနိုင်ခဲ့ပေမဲ့ အနီးအနားက ဒေသခံ ၁၂,၀၀၀ လောက်ကိုတော့ အရေးပေါ် ကယ်ဆယ်ရေးစခန်းတွေဆီ ပြောင်းရွှေ့ပေးထားရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ တာရိုးကျိုးပေါက်သွားတဲ့ နေရာကိုတော့ ယာယီပြင်ဆင်ထားပြီး ပိုခိုင်မာအောင် စီစဉ်နေတယ်လို့လည်း မန္တလေးတိုင်း ဒုတိယမြို့တော်ဝန် ဦးရဲမွန်က VOA ကိုပြောပါတယ်။

“ယာယီတော့ ယာယီပါပဲ။ ယာယီကိုမှ ပိုမိုပြီးတော့ လုံခြုံစိတ်ချအောင် ခိုင်ခံ့အောင် ကျနော်တို့ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဆောက်လုပ်ရေး ဝန်ကြီးဌာနဘက်ကလည်း Sheet Pile တွေရိုက်ဖို့ လုပ်နေပါတယ်။ မြို့တော်စည်ပင်နဲ့ ရေအရင်းမြစ်ကတော့ ဒီအပေါ်မှာ ကျောက်တွေနဲ့ထပ်ဖြည့်တာတွေ၊ ကျောက်တွေပေါ်မှာ သဲအိတ်တွေနဲ့ ပြန်မွမ်းမံတယ်။ အဲဒီသဲအိတ်တွေပေါ်ကနေ Geo Textile ခင်းလိုက်တယ်။ ခင်းပြီးတဲ့အပေါ်မှာ သဲအိတ်တွေနဲ့ ပြန်ပြီးတော့ပိတ်တယ်။ အဲတော့ ရေဝင်ရောက်မှုနည်းသွားအောင် လုပ်လိုက်တယ်။ တဘက်ကလည်း ရေဝင်ထားတဲ့ နံကပ်အင်းထဲက ရေတွေကို စည်ပင်သာယာရဲ့ ရေစုပ်စက် ကြီးတွေနဲ့ ဆွဲထုတ်နေပါတယ်။”

တာရိုးကျိုးပေါက်ရာက အနီးအနားက ရွာတွေဆီ ဧရာဝတီမြစ်ရေ ဝင်ရောက်လာလို့ ရပ်ကွက် ၃ခုနဲ့ ရွာ တစ်ရွာက ဒေသခံ ၁၂,၀၀၀ လောက်ကို ကယ်ဆယ်ရေးစခန်း ၁၉ ခုမှာ အရေးပေါ် ပြောင်းရွှေ့ပေးထားတာပါ။ လတ်တလောမှာတော့ ဘုရားဝင်းနဲ့ ဘုန်းကြီးကျောင်းဝင်းတွေထဲ ယာယီခိုလှုံနေတဲ့ ရေဘေးသင့်သူတွေအတွက် ထမင်း၊ ဟင်း အလှူရှင်ရှိနေပေမယ့်လည်း သောက်သုံးရေအခက်အခဲရှိနေတယ်လို့ ရွာဘုံလူမှုကူညီရေးအသင်းက ကိုကျော်ဇင်ထွန်းက ပြောပါတယ်။

မႏၱေလးတိုင္း အမရပူရၿမိဳ႕ ေရႊဂဲ ေရထိန္းတံခါး က်ိဳးေပါက္ခဲ့တာေၾကာင့္ ေဒသခံေတြကို ေဘးလြတ္ရာေရႊ႕ေျပာင္းေပးေနတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - Myanmar Fire Services Department - ဇူလိုင္ ၂၁၊ ၂၀၂၀)
မႏၱေလးတိုင္း အမရပူရၿမိဳ႕ ေရႊဂဲ ေရထိန္းတံခါး က်ိဳးေပါက္ခဲ့တာေၾကာင့္ ေဒသခံေတြကို ေဘးလြတ္ရာေရႊ႕ေျပာင္းေပးေနတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - Myanmar Fire Services Department - ဇူလိုင္ ၂၁၊ ၂၀၂၀)

“အခုလောလောဆယ်တော့ မြစ်ရေဝင်ရောက်မှုက နည်းနည်းတန့်သွားပြီပေါ့။ ဒါပေမယ့် ဒီရေတွေပြန်ထွက်ဖို့က အချိန်အတိုင်းအတာ တခုတော့ စောင့်ရဦးမယ်။ အခုလောလောဆယ်တော့ အလှူရှင်တွေလည်း လှူနေကြပါတယ်။ အဓိကတော့ ရေအခက်အခဲပေါ့နော်။ သူတို့ရေသန့်တော့ နည်းနည်းတော့လိုတယ်ဗျ။”

မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကတော့ သဘာဝဘေးအန္တရာယ် တုံ့ပြန်ဖို့ အရေးပေါ် ရန်ပုံငွေထဲက လိုအပ်သလို သုံးစွဲသွားမှာဖြစ်ကြောင်း မနေ့ကပဲ ပြောဆိုထားပါတယ်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတချို့ကတော့ ဒီနေ့မနက်မှာပဲ ရေဘေးသင့်ဒေသကို သွားရောက်ပြီး မြစ်ရေဝင်ရောက်မှု တားဆီးထားတဲ့ အခြေအနေနဲ့ ပြင်ဆင်မှုတွေကို ကြည့်ရှုခဲ့ကြကြောင်းလည်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG