သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မုတ္သုံမုိးေၾကာင့္ အိႏၵိယနဲ႔ တ႐ုတ္မွာ ေရေဘးဒုကၡႀကံဳ


အိႏၵိယ အာသံျပည္နယ္မွာ ေရႀကီးမႈေၾကာင့္ ေနအိမ္ေတြ နစ္ျမဳပ္ေနတဲ့ျမင္ကြင္း။ (ဇူလုိင္ ၁၄၊ ၂၀၂၀)

(Zawgyi / Unicode)

အိႏၵိယ အေရွ႕ေျမာက္ပိုင္း အာသံျပည္နယ္နဲ႔ အိမ္နီးခ်င္း နီေပါႏုိင္ငံမွာ မုတ္သုံမုိးေၾကာင့္ ဆိုးဆိုးရြားရြား ေရႀကီး ေရလွ်ံတဲ့အတြက္ လူ ၄ သန္းနီးပါးကို ေဘးလြတ္ရာ ေျပာင္းေရႊ႕ေပးထားရပါတယ္။

ေသဆုံးသူ အနည္းဆုံး ၁၈၉ ေယာက္ရွိၿပီး ဒါဇင္နဲ႔ခ်ီၿပီးလည္း ေပ်ာက္ဆုံးေနတယ္လို႔ အစိုးရ တာဝန္ရွိသူေတြက ဒီကေန႔ ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံ တိဘက္ေဒသ၊ အိႏၵိယနဲ႔ ဘဂၤလားေဒ့ရွ္ ႏိုင္ငံေတြကို ျဖတ္စီးတဲ့ Brahmaputra ျမစ္ေရလွ်ံတာေၾကာင့္ ေကာက္ပဲသီးႏွံေတြ ပ်က္စီးရၿပီး ေျမၿပိဳတာေတြလည္း ရွိေၾကာင္းနဲ႔ လူသန္းနဲ႔ခ်ီကို ေရႊ႕ေျပာင္းေပးထားရတယ္လို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။

အာသံျပည္နယ္အတြင္း ၂ ပတ္ဆက္တိုက္ ေရႀကီးေရလွ်ံမႈေတြ ရွိေနတာနဲ႔အတူ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈနဲ႔လည္း ႀကဳံေနရတာပါ။

နီေပါႏိုင္ငံမွာေတာ့ ဟိမဝႏၲာ ေဒသတဝိုက္ မုတ္သုံမုိးႀကီးႏိုင္ေၾကာင္း ခန္႔မွန္းထားၿပီး ႏိုင္ငံေတာင္ပိုင္း ေျမျပန္႔ေဒသတြင္း ေနထိုင္သူေတြကို သတိရွိၾကဖို႔ တိုက္တြန္းထားပါတယ္။ ဒီေဒသတဝိုက္ ေရႀကီး ေျမၿပိဳတာေတြေၾကာင့္ ဇြန္လကတည္းက အခုထိ ေသဆုံးသူ ၁၀၀ ေက်ာ္ရွိပါတယ္။

တ႐ုတ္ႏိုင္ငံအေရွ႕ပိုင္း Huai ျမစ္ေဒသဝန္းက်င္မွာလည္း မိုးဆက္တိုက္ ရြာသြန္းေနတာေၾကာင့္ ေရႀကီး ေရလွ်ံမယ့္ သတိေပးခ်က္ကို ဒီကေန႔ အဆင့္ ၃ အထိ တိုးျမႇင့္လိုက္ပါတယ္။

Huai ျမစ္တဝိုက္ ေရေလွာင္ကန္ ၁၀ ခုမွာ စိုးရိမ္ေရမွတ္အထက္ ၆.၈၅ မီတာေလာက္ ေက်ာ္လြန္ႏိုင္ေၾကာင္းလည္း တ႐ုတ္ ေရအရင္းအျမစ္ ဝန္ႀကီးဌာန၊ Huai ျမစ္ဆိုင္ရာ ေကာ္မရွင္အဖြဲ႔က သတိေပးထားပါတယ္။

မိုင္ေပါင္း ၆၂၀ ေလာက္ရွည္လ်ားတဲ့ Huai ျမစ္က တ႐ုတ္ႏုိင္ငံ အဓိက စိုက္ပ်ိဳးေရးနဲ႔ ထုတ္လုပ္ေရး ေဒသေတြျဖစ္တဲ့ Henan၊ Anhui နဲ႔ Jiangsu ျပည္နယ္ေတြကို ျဖတ္ၿပီး စီးဆင္းေနတာလည္း ျဖစ္ပါတယ္။

တ႐ုတ္ႏုိင္ငံ အေနာက္ေတာင္ပိုင္း Chongqing ေဒသကေန အေရွ႕ဘက္ကမ္း႐ိုးတန္း Shanghai အထိ မိုးသည္းသည္းထန္ထန္ ရြာေနတာ သီတင္း ၂ ပတ္ေလာက္ရွိေနၿပီလည္း ျဖစ္ပါတယ္။

Yangtze ျမစ္ေၾကာင္းတေလွ်ာက္ Hubei ျပည္နယ္ Wuhan ၿမိဳ႕ အပါအဝင္ ျပည္နယ္အေတာ္မ်ားမ်ားမွာလည္း ေရႀကီး ေရလွ်ံႏိုင္တဲ့ သတိေပးခ်က္ကို အျမင့္ဆုံး ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

----------------------------

(Unicode)

မုတ်သုံမိုးကြောင့် အိန္ဒိယနဲ့ တရုတ်မှာ ရေဘေးဒုက္ခကြုံ

အိန္ဒိယ အရှေ့မြောက်ပိုင်း အာသံပြည်နယ်နဲ့ အိမ်နီးချင်း နီပေါနိုင်ငံမှာ မုတ်သုံမိုးကြောင့် ဆိုးဆိုးရွားရွား ရေကြီး ရေလျှံတဲ့အတွက် လူ ၄ သန်းနီးပါးကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးထားရပါတယ်။

သေဆုံးသူ အနည်းဆုံး ၁၈၉ ယောက်ရှိပြီး ဒါဇင်နဲ့ချီပြီးလည်း ပျောက်ဆုံးနေတယ်လို့ အစိုးရ တာဝန်ရှိသူတွေက ဒီကနေ့ ပြောပါတယ်။

တရုတ်နိုင်ငံ တိဘက်ဒေသ၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို ဖြတ်စီးတဲ့Brahmaputra မြစ်ရေလျှံတာကြောင့် ကောက်ပဲသီးနှံတွေ ပျက်စီးရပြီး မြေပြိုတာတွေလည်း ရှိကြောင်းနဲ့ လူသန်းနဲ့ချီကို ရွှေ့ပြောင်းပေးထားရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အာသံပြည်နယ်အတွင်း ၂ ပတ်ဆက်တိုက် ရေကြီးရေလျှံမှုတွေ ရှိနေတာနဲ့အတူ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနဲ့လည်း ကြုံနေရတာပါ။

နီပေါနိုင်ငံမှာတော့ ဟိမဝန္တာ ဒေသတဝိုက် မုတ်သုံမိုးကြီးနိုင်ကြောင်း ခန့်မှန်းထားပြီး နိုင်ငံတောင်ပိုင်း မြေပြန့်ဒေသတွင်း နေထိုင်သူတွေကို သတိရှိကြဖို့ တိုက်တွန်းထားပါတယ်။ ဒီဒေသတဝိုက် ရေကြီး မြေပြိုတာတွေကြောင့် ဇွန်လကတည်းက အခုထိ သေဆုံးသူ ၁၀၀ ကျော်ရှိပါတယ်။

တရုတ်နိုင်ငံအရှေ့ပိုင်း Huai မြစ်ဒေသဝန်းကျင်မှာလည်း မိုးဆက်တိုက် ရွာသွန်းနေတာကြောင့် ရေကြီး ရေလျှံမယ့် သတိပေးချက်ကို ဒီကနေ့ အဆင့် ၃ အထိ တိုးမြှင့်လိုက်ပါတယ်။

Huai မြစ်တဝိုက် ရေလှောင်ကန် ၁၀ ခုမှာ စိုးရိမ်ရေမှတ်အထက် ၆.၈၅ မီတာလောက် ကျော်လွန်နိုင်ကြောင်းလည်း တရုတ် ရေအရင်းအမြစ် ဝန်ကြီးဌာန၊ Huai မြစ်ဆိုင်ရာ ကော်မရှင်အဖွဲ့က သတိပေးထားပါတယ်။

မိုင်ပေါင်း ၆၂၀ လောက်ရှည်လျားတဲ့ Huai မြစ်က တရုတ်နိုင်ငံ အဓိက စိုက်ပျိုးရေးနဲ့ ထုတ်လုပ်ရေး ဒေသတွေဖြစ်တဲ့ Henan၊ Anhui နဲ့ Jiangsu ပြည်နယ်တွေကို ဖြတ်ပြီး စီးဆင်းနေတာလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း Chongqing ဒေသကနေ အရှေ့ဘက်ကမ်းရိုးတန်း Shanghai အထိ မိုးသည်းသည်းထန်ထန် ရွာနေတာ သီတင်း ၂ ပတ်လောက်ရှိနေပြီလည်း ဖြစ်ပါတယ်။

Yangtze မြစ်ကြောင်းတလျှောက် Hubei ပြည်နယ် Wuhan မြို့ အပါအဝင် ပြည်နယ်အတော်များများမှာလည်း ရေကြီး ရေလျှံနိုင်တဲ့ သတိပေးချက်ကို အမြင့်ဆုံး ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG