သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေတာင္အာရွေရႀကီးမႈ လူ ၁၀၀ ေက်ာ္ေသဆုံး


အိႏၵိယႏိုင္ငံကေရႀကီးမႈျမင္ကြင္း

Zawgyi/Unicode

ေတာင္အာရွေဒသတစ္ဝွမ္း မုတ္သုံမိုး သည္းထန္စြာ ရြာသြြန္းေနၿပီး ေရႀကီးေရလၽွံျဖစ္ေနတာေၾကာင့္ အခုအခ်ိန္အထိ လူေပါင္း တရာေက်ာ္ ေသဆုံးခဲ့ရခ်ိန္မွာပဲ ၾကာသပေတးေန႔ကေတာ့ အိႏၵိယနိုင္ငံ ေျမာက္ပိုင္းက သဘာဝ ေတာရိုင္း ဥယ်ာဥ္ႀကီး တစ္ခုလုံး ေရနစ္ ျမဳပ္သြားခဲ့ရပါတယ္။

ဇူလိုင္က စက္တင္ဘာလအထိၾကာျမင့္တဲ့ မုတ္သုံ ရာသီမွာ ေရႀကီးတာနဲ႔ ေျမၿပိဳတာေတြေၾကာင့္ ႏွစ္စဥ္ လူ ရာခ်ီ ေသဆုံးရတာ ျဖစ္ ေပမဲ့ ဒီႏွစ္မိုးရာသီမွာေတာ့ ဘဂၤလားေဒ့ရွ္၊ အိႏၵိယနဲ႔နီေပါနိုင္ငံေတြမွာ ေရႀကီးေရလၽွံမႈ အမ်ားဆုံး ၾကဳံေတြ႕ ရနိုင္တယ္လို႔ တာဝန္ရွိသူေတြ က ေျပာပါတယ္။

မုတ္သုံရာသီ ေရေဘးဒဏ္ကို လူေတြလိုပဲတိရစၧာန္ေတြလည္း ရင္ဆိုင္ေနရတာျဖစ္ပါတယ္။ အိႏၵိယအေနာက္ေျမာက္ပိုင္း အာသံ ျပည္နယ္က စတုရန္းကီလိုမီတာ ၄၃၀က်ယ္ဝန္းတဲ့ နာမည္ႀကီး Kaziranga အမ်ိဳးသားေတာရိုင္းဥယ်ာဥ္ရဲ့ ၉၀ရာခိုင္ႏႈန္းေရလႊမ္းမိုး ေနၿပီး ႀကံ့နဲ႔ ေတာဝက္လို ေတာရိုင္းတိရစၧာန္ေတြ ေရေဘးလြတ္ရာေျပးေနရတယ္လို႔ အာသံျပည္နယ္ သစ္ေတာေရးရာဝန္ႀကီး Parimal Suklabaidya က AFP သတင္းကို ေျပာပါတယ္။ ႀကံ့ေတြ ေရလြတ္ရာ ကုန္းေျမပိုင္းကို ေျပာင္းေနၾကတာ ျမင္ရသလို အမ်ိဳးသား ဥယ်ာဥ္ရဲ့ အျပင္ဘက္ကို ေရကူးသြားတဲ့ က်ား သုံးေကာင္ကို ဥယ်ာဥ္ထဲ ျပန္ၿပီးေမာင္းထုတ္ခဲ့ရတယ္လို႔လည္း အာသံျပည္နယ္ သစ္ေတာေရးရာ ဝန္ႀကီး ေျပာပါတယ္။ လူဦးေရေလးသန္း နီးပါးရွိတဲ့ အာသံျပည္နယ္မွာ မိုးမ်ားၿပီး ေရႀကီးတာေၾကာင့္၁၀ ရက္အတြင္း လူ ၃၃ ေယာက္ ေသဆုံးခဲ့ရတာပါ။

ဘဂၤလားေဒ့ရွ္နိုင္ငံမွာေတာ့ နိုင္ငံရဲ့ ၃ ပုံ ၁ ပုံ ေရျမဳပ္ေနဆဲျဖစ္ပါတယ္။ ဗုဒၶဟူးေန႔ကေတာ့ Brahmaputra ျမစ္ေရလၽွံလို႔ အိႏၵိယ နယ္စပ္အနားက ၿမိဳ႕ တစ္ၿမိဳ႕နဲ႔ ရြာေတာ္ေတာ္မ်ားမ်ား ေရေဘးဒဏ္ ခံၾကရပါတယ္။

နီေပါနိုင္ငံမွာလည္း တနဂၤေႏြေန႔ကတည္းက ရြာတဲ့မိုးေၾကာင့္ ေရႀကီး ေျမၿပိဳမႈေတြျဖစ္ခဲ့လို႔ လူ ၆၇ ဦး ေသဆုံးခဲ့ရပါတယ္။ ေနာက္ထပ္ လူ ၄၅ ဦး ေပ်ာက္ဆုံး ေနတာေၾကာင့္ ရဲတပ္ဖြဲ႕နဲ႔ ကယ္ဆယ္ေရးအဖြဲ႕ေတြက အသက္ရွင္က်န္ရစ္သူေတြကို ရွာေဖြေနရဆဲ ျဖစ္ပါတယ္။

ေတာင္အာရွေရႀကီးမႈ လူ ၁၀၀ ေက်ာ္ေသဆုံး
please wait

No media source currently available

0:00 0:01:37 0:00
တိုက္႐ိုက္ လင့္ခ္


[Unicode]

တောင်အာရှဒေသတစ်ဝှမ်း မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းနေပြီး ရေကြီးရေလျှံဖြစ်နေတာကြောင့် အခုအချိန်အထိ လူပေါင်း တရာကျော် သေဆုံးခဲ့ရချိန်မှာပဲ ကြာသပတေးနေ့ကတော့ အိန္ဒိယနိုင်ငံ မြောက်ပိုင်းက သဘာဝ တောရိုင်း ဥယျာဉ်ကြီး တစ်ခုလုံး ရေနစ် မြုပ်သွားခဲ့ရပါတယ်။

ဇူလိုင်က စက်တင်ဘာလအထိကြာမြင့်တဲ့ မုတ်သုံ ရာသီမှာ ရေကြီးတာနဲ့ မြေပြိုတာတွေကြောင့် နှစ်စဉ် လူ ရာချီ သေဆုံးရတာ ဖြစ် ပေမဲ့ ဒီနှစ်မိုးရာသီမှာတော့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့နီပေါနိုင်ငံတွေမှာ ရေကြီးရေလျှံမှု အများဆုံး ကြုံတွေ့ ရနိုင်တယ်လို့ တာဝန်ရှိသူတွေ က ပြောပါတယ်။

မုတ်သုံရာသီ ရေဘေးဒဏ်ကို လူတွေလိုပဲတိရစ္ဆာန်တွေလည်း ရင်ဆိုင်နေရတာဖြစ်ပါတယ်။ အိန္ဒိယအနောက်မြောက်ပိုင်း အာသံ ပြည်နယ်က စတုရန်းကီလိုမီတာ ၄၃၀ကျယ်ဝန်းတဲ့ နာမည်ကြီး Kaziranga အမျိုးသားတောရိုင်းဥယျာဉ်ရဲ့ ၉၀ရာခိုင်နှုန်းရေလွှမ်းမိုး နေပြီး ကြံ့နဲ့ တောဝက်လို တောရိုင်းတိရစ္ဆာန်တွေ ရေဘေးလွတ်ရာပြေးနေရတယ်လို့ အာသံပြည်နယ် သစ်တောရေးရာဝန်ကြီး Parimal Suklabaidya ကAFP သတင်းကို ပြောပါတယ်။ ကြံ့တွေ ရေလွတ်ရာ ကုန်းမြေပိုင်းကို ပြောင်းနေကြတာ မြင်ရသလို အမျိုးသား ဥယျာဉ်ရဲ့ အပြင်ဘက်ကို ရေကူးသွားတဲ့ ကျား သုံးကောင်ကို ဥယျာဉ်ထဲ ပြန်ပြီးမောင်းထုတ်ခဲ့ရတယ်လို့လည်း အာသံပြည်နယ် သစ်တောရေးရာ ဝန်ကြီး ပြောပါတယ်။ လူဦးရေလေးသန်း နီးပါးရှိတဲ့ အာသံပြည်နယ်မှာ မိုးများပြီး ရေကြီးတာကြောင့်၁၀ ရက်အတွင်း လူ ၃၃ ယောက် သေဆုံးခဲ့ရတာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ နိုင်ငံရဲ့ ၃ ပုံ ၁ ပုံ ရေမြုပ်နေဆဲဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့ကတော့ Brahmaputra မြစ်ရေလျှံလို့ အိန္ဒိယ နယ်စပ်အနားက မြို့ တစ်မြို့နဲ့ ရွာတော်တော်များများ ရေဘေးဒဏ် ခံကြရပါတယ်။

နီပေါနိုင်ငံမှာလည်း တနင်္ဂနွေနေ့ကတည်းက ရွာတဲ့မိုးကြောင့် ရေကြီး မြေပြိုမှုတွေဖြစ်ခဲ့လို့ လူ ၆၇ ဦး သေဆုံးခဲ့ရပါတယ်။ နောက်ထပ် လူ ၄၅ ဦး ပျောက်ဆုံး နေတာကြောင့် ရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေနေရဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG