(Zawgyi/unicode)
အင္ဒိုနီးရွားႏိုင္ငံ၊ ဆူမားထရားကၽြန္းမွာ မိုးႀကီးရြာၿပီး ေျမၿပိဳတာေတြေၾကာင့္ လူ ၉ ေယာက္ထက္မနည္း ေသဆံုးၿပီး ေထာင္ေပါင္း မ်ားစြာ အေရးေပၚ ကယ္ဆယ္ေရးစခန္းေတြမွာ ခုိလံႈေနၾကရတယ္လို႔ သဘာဝေဘးအႏၲရာယ္ဆိုင္ရာ အင္ဒိုနီးရွားေအဂ်င္စီက ၾကာသပေတးေန႔မွာ ေျပာပါတယ္။
ဆူမာထရားေျမာက္ပိုင္းမွာ ဒီသီတင္းပတ္ မိုးႀကီးရြာတာကေန ေဘးအႏၲရာယ္ စတင္ခဲ့ၿပီး ေသဆံုးသူအမ်ားစုဟာ ေရနစ္တာ ဒါမွ မဟုတ္ ေရစီးနဲ႔ေမ်ာပါလာတဲ့ သစ္လံုးေတြ ထိမွန္တာေၾကာင့္ျဖစ္တယ္လုိ႔ ေအဂ်င္စီက ေျပာပါတယ္။
အင္ဒိုနီးရွား ေရေဘး လူ ၅၀ ေက်ာ္ ေသဆံုးတဲ့သတင္းကို ဖတ္ရႈႏိုင္ပါၿပီ။
အဲဒီေဒသမွာ တရားမဝင္ သစ္ခုတ္တာေၾကာင့္ ေျမဆီလႊာကို မထိန္းႏုိင္ဘဲ ေျမၿပိဳတာေတြ ျဖစ္ရတာလို႔ အလယ္ပိုင္း Tapanuli ေဒသ၊ သဘာဝေဘးအႏၲရာယ္ ေလ်ာ့က်ေရးေအဂ်င္စီ အႀကီးအကဲ Safaruddin Ananda Nasution ကေျပာပါတယ္။
ဒီလအတြင္းမွာကိုပဲ ဂ်ကာတာၿမိဳ႕တြင္းနဲ႔ ပတ္ဝန္းက်င္ေဒသေတြမွာ စံခ်ိန္တင္ မိုးရြာတာေၾကာင့္ လူ ၇၀ နီးပါး ေသဆံုးခဲ့ပါေသး တယ္။ လူဦးေရ သန္း ၃၀ ပတ္ဝန္းက်င္ရွိတဲ့ ဂ်ကာတာၿမိဳ႕ေတာ္တခုလံုးက ရပ္ကြက္ေတြ ေရျမဳပ္ခဲ့ၿပီး လူေထာင္ေပါင္းမ်ားစြာ ကယ္ဆယ္ေရးစခန္းေတြမွာ ခုိလံႈခဲ့ၾကရပါတယ္။
အင္ဒိုနီးရွားႏုိင္ငံမွာ ႏိုဝင္ဘာလေႏွာင္းပိုင္းကေနစတင္တဲ့ မိုးရြာသီကာလအတြင္း ေရႀကီးတာ ပံုမွန္ျဖစ္ေလ့ရွိပါတယ္။
.................................
အင်ဒိုနီးရှား မိုးကြီးမြေပြို ၉ ဦးမက သေဆုံး
(Unicode)
အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားထရားကျွန်းမှာ မိုးကြီးရွာပြီး မြေပြိုတာတွေကြောင့် လူ ၉ ယောက်ထက်မနည်း သေဆုံးပြီး ထောင်ပေါင်း များစွာ အရေးပေါ် ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံနေကြရတယ်လို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အင်ဒိုနီးရှားအေဂျင်စီက ကြာသပတေးနေ့မှာ ပြောပါတယ်။
ဆူမာထရားမြောက်ပိုင်းမှာ ဒီသီတင်းပတ် မိုးကြီးရွာတာကနေ ဘေးအန္တရာယ် စတင်ခဲ့ပြီး သေဆုံးသူအများစုဟာ ရေနစ်တာ ဒါမှ မဟုတ် ရေစီးနဲ့မျောပါလာတဲ့ သစ်လုံးတွေ ထိမှန်တာကြောင့်ဖြစ်တယ်လို့ အေဂျင်စီက ပြောပါတယ်။
အဲဒီဒေသမှာ တရားမဝင် သစ်ခုတ်တာကြောင့် မြေဆီလွှာကို မထိန်းနိုင်ဘဲ မြေပြိုတာတွေ ဖြစ်ရတာလို့ အလယ်ပိုင်း Tapanuli ဒေသ၊ သဘာဝဘေးအန္တရာယ် လျော့ကျရေးအေဂျင်စီ အကြီးအကဲ Safaruddin Ananda Nasution ကပြောပါတယ်။
ဒီလအတွင်းမှာကိုပဲ ဂျကာတာမြို့တွင်းနဲ့ ပတ်ဝန်းကျင်ဒေသတွေမှာ စံချိန်တင် မိုးရွာတာကြောင့် လူ ၇၀ နီးပါး သေဆုံးခဲ့ပါသေး တယ်။ လူဦးရေ သန်း ၃၀ ပတ်ဝန်းကျင်ရှိတဲ့ ဂျကာတာမြို့တော်တခုလုံးက ရပ်ကွက်တွေ ရေမြုပ်ခဲ့ပြီး လူထောင်ပေါင်းများစွာ ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံခဲ့ကြရပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ နိုဝင်ဘာလနှောင်းပိုင်းကနေစတင်တဲ့ မိုးရွာသီကာလအတွင်း ရေကြီးတာ ပုံမှန်ဖြစ်လေ့ရှိပါတယ်။