သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထောက်လှမ်းရေးသတင်းဖလှယ်ဖို့ ထိုင်းနဲ့ အင်ဒိုနီးရှား သဘောတူ


ထိုင်း စစ်ဘက်ဦးစီးချုပ် Apirat Kongsompong နဲ့ အင်ဒိုနီးရှား စစ်ဘက်ဦးစီးချုုပ် ဗိုလ်ချုပ်ကြီး Andika Perkasa
ထိုင်း စစ်ဘက်ဦးစီးချုပ် Apirat Kongsompong နဲ့ အင်ဒိုနီးရှား စစ်ဘက်ဦးစီးချုုပ် ဗိုလ်ချုပ်ကြီး Andika Perkasa

(Zawgyi / Unicode)

ထိုင်းနဲ့ အင်ဒိုနီးရှား နှစ်နိုင်ငံအကြား ထောက်လှမ်းရေး သတင်းအချက်အလက် အပြန်အလှန်ဖလှယ်ရေးဆိုင်ရာ သဘောတူညီ ချက်ကို နှစ်နိုင်ငံ စစ်ဘက်အကြီးအကဲတွေ အင်္ဂါနေ့က လက်မှတ်ရေးထိုးလိုက်ကြပါတယ်။

ဒီသဘောတူညီချက်အရ ထိုင်းနိုင်ငံတောင်ပိုင်း၊ မွတ်ဆလင်အများစုနေထိုင်တဲ့ဒေသက လက်နက်ကိုင်တွေရဲ့ လှုပ်ရှားမှုကို အကန့်အသတ်ဖြစ်စေမယ်လို့ ထိုင်းစစ်တပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Apirat Kongsompong ကပြောပါတယ်။

ထိုင်း စစ်ဘက်ဦးစီးချုပ်နဲ့ အင်ဒိုနီးရှား စစ်ဘက်ဦးစီးချုုပ် ဗိုလ်ချုပ်ကြီး Andika Perkasa တို့ လက်မှတ်ရေးထိုးတဲ့ သဘောတူညီ ချက်ဟာ နှစ်နိုင်ငံလုံးကို ခြိမ်းခြောက်နေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အုပ်စုတွေရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ရေး အဓိက ဦးတည်တာပါ။

ထိုင်းဦးစီးချုပ် ဗိုလ်ချုပ်ကြီး Apirat အင်ဒိုနီးရှားနိုင်ငံ၊ Aceh ပြည်နယ်ကို တရားဝင်သွားရောက်တဲ့ ခရီးစဉ်တခုအတွင်း ဒီ သဘော တူညီချက်ကို လက်မှတ်ရေးထိုးတာဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်အများစုရှိတဲ့ ထိုင်းနိုင်ငံတောင်ပိုင်းက Yala ၊ Pattani နဲ့ Narathiwat ပြည်နယ်တွေမှာ လက်နက်ကိုင် ပုန်ကန် ထကြွတာကြောင့် ၂၀၀၄ ခုနှစ်ကတည်းကဆိုရင် လူပေါင်း ၇,၀၀၀ နီးပါး သေဆုံးရပြီးပြီလို့ Deep South Watch စောင့်ကြည့် လေ့လာရေးအဖွဲ့က ပြောပါတယ်။

ဘယ်လို လုံခြုံရေးကိစ္စကိုမဆို ဆောင်ရွက်တဲ့နေရာမှာ ကျနော်တို့ အတူတကွ လုပ်ဆောင်သင့်ပါတယ်လို့ အင်ဒိုနီးရှားဦးစီးချုပ် ဗိုလ်ချုပ်ကြီး Perkasa ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်


...................


(Unicode)







XS
SM
MD
LG